တောင်ကိုရီးယား အစိုးရနဲ့ အာဏရဒီမိုကရက်တစ်ပါတီ ဟာ အလွန်အမင်း လှုပ်ရှားနေတဲ့ အိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်စေဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ပါတယ်။
အစိုးရာ အိမ်အများအပြားပိုင်သူတွေကို အခွန်တိုးကောက်ဖို့၊ အိမ်သစ်တွေဝယ်ပြီး ပြန်ရောင်းချခွင့်ကို ကန့်သတ်ဖို့ အပါအ၀င်စည်းမျဉ်းသစ်တွေကို ကြေညာမှာဖြစ်ပြီး ဒါတွေဟာ သာမာန် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြသာနာတွေကို ပိုမိုကြီးကျယ်စေတဲ့ အလေ့အထတွေ ဖြစ်ပါတယ်။
အစိုးရဟာ ဆိုးလ်တောင်ပိုင်းနဲက ဆီဂျုံမြို့မှာရှိတဲ့ ချမ်းသာတဲ့ ခရိုင်လေးခုကို ဈေးကစားဇုန်တွေအဖြစ် သတ်မှတ်ပြီး အခွန်ပိုမိုကောက်ဖို့ ၊ ငွေကြေးစည်းကမ်းတွေ ပိုတင်ကျပ်းဖို့နဲ့ အစိုးရက အသေအချာစောင့်ကြည့်ဖို့ ရည်ရွယ်ပါတယ်။
‘ အစိုးရဟာ ရေတိုဈေးကစားဖို့ ဝယ်လိုအားများနေတာကို ဖြတ်တောက်ပြီး ဈေးကွက်အလွန်ဖောင်းပွနေတာကို ဖြေရှင်းမယ်၊ ပြီးရင် အိမ်အမှန်တကယ်လိုအပ်နေသူတွေ အကျိုးခံစားရအောင် ဈေးကွက်ကိုစီမံမယ်၊ ဒီအတွက်ဘက်ပေါင်းစုံပါဝင်တဲ့ မူဝါဒတစ်ခုရေးဆွဲထားတယ် ‘ လို့ အိမ်ခြံမြေ ဝန်ကြီး ကင်ဟွန်တီးက ပါတီအစိုးရဆွေးနွေးပွဲမှာ ပြောပါတယ်။
သက်ဆိုင်ရာကုန်ကျငွေကို လွှတ်တော်ကတစ်ဆင့် အကုန်ကျခံဆောင်ရွက်ပေးဖို့ သူကတိုက်တွန်းခဲ့ပါတယ်။
အိမ်ခြံမြေဈေးကွက် မတည်မငြိမ်ဖြစ်ရတာက အလွန်အမင်းလျော့ပါးသက်ညှာတဲ့ စည်းကမ်းတွေ ၊ အတိုးနှုန်းနည်းတာနဲ့ စီးပွားရေး ကောင်းမွန်လာတာကြောင့် ဈေးကစားတဲ့ လုပ်ငန်းတွေ ဖြစ်ထွန်းလာတဲ့အတွက်လို့ ဝန်ကြီးကပြောပါတယ်။
Credit: The Modern