အစိုးရမြေတွေပျောက်မှာ စိုးကြောက်မိပါသည်

အစိုးရမြေတွေပျောက်မှာ စိုးကြောက်မိပါသည် - Property News in Myanmar from iMyanmarHouse.com
3 Aug 2017 10:35 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး
ဤဆောင်းပါးကို ‘ရန်ကုန်မြို့သစ်ဆိုလျှင် ဗိုလ်အောင်ဒင်လို ပြောပြချင်’ဆိုတဲ့ ယခင်အပတ် ဆောင်းပါးနဲ့ ဆက်စပ်ပြီး ဖတ်ရှုကြစေချင်ပါတယ်။ ယခင်ဆောင်းပါးမှာ ပါဝင်တဲ့ ဒဂုံ(အရှေ့)နဲ့ ဒဂုံ(တောင်)မှာ လွတ်နေတဲ့ မြေဧကပေါင်း ၅,၀၀၀ ခန့်ရဲ့ အကြောင်းကို ဆက်လက်ရေးသား ဖော်ပြမှာဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။ အမှန်အားဖြင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်မှာရှိတဲ့ မြေဧကနဲ့ပေါင်းရင် စုစုပေါင်းဧက ၉,၇၀၀ ကျော်အထိ ရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ လွတ်နေတဲ့ ဧကလို့ ပြောရတာက အဲဒီမြေတွေဟာ ယခင်တပ်မတော် အစိုးရလက်ထက်ကာလမှာ လန (၃၉)ရရှိပြီးသား အစိုးရမြေလွတ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဖြစ် ပါတယ်။

ယနေ့ အဲဒီမြေတွေဟာ ဘယ်လိုပုံစံတွေ ပြောင်းသွားကြပြီး ဘယ်သူတွေလက်ထဲကို အဘယ်ကဲ့သို့ ရောက်ရှိကုန်ကြပြီလဲဆိုတဲ့အကြောင်း စနစ်တကျစုံစမ်းသင့်တယ်လို့ ယူဆပါတယ်။ မြို့ပြရဲ့ အစိုးရမြေတွေဖြစ်ပြီး ‘မြုံထားရင် ကုန်သွားမှာ’ စိုးရိမ်ရပါတယ်။ ကုန်သွားမယ်ဆိုတာကတော့ ပြည်သူတို့ အကျိုးစီးပွားအတွက် အသုံးမပြုနိုင်ဘဲ ပုဂ္ဂလိကမြေတွေဖြစ် သွားမှာကို စိုးရိမ်ခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ၃၀၆ ဒသမ ၇ စတု ရန်းမိုင် အကျယ်အဝန်းမှာ အစိုးရ မြေအများစုဟာ Urban Fringe လို့ခေါ်တဲ့ မြို့စွန်ဒေသတွေမှာ ဝန်းရံကျန်ရှိနေဆဲဖြစ်ပါတယ်။ အဲဒါတွေကုန်သွားရင် အနာဂတ်မြို့မြေအတွက် လယ်ယာမြေတွေ ရှာဖွေရဦးမယ်၊ လျော်ကြေးပေးပြီး သိမ်း ရမယ်၊ မြေစီမံခန့်ခွဲမှု အားနည်းမှု ကြောင့် သိမ်းပြီးရင်း သိမ်းနေရတဲ့ သံသရာမှာ လည်ပတ်နေတဲ့ဘဝက လွတ်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဲဒီမြေတွေရဲ့အကြောင်း ဗျုပ္ပတ်နဲ့ လုပ်ဇာတ်တွေကို ဗိုလ်အောင်ဒင်လိုမပြောတော့ ဘဲ ခိုင်ဖုံးရုံးမှ ပေါင်ချိန်လေသံနဲ့ ‘လာကြစမ်း အစိုးရမြေတွေ ဘယ်ရောက်ကုန်ပြီလဲ’လို့ မေးရမည့်အချိန် ရောက်လာပါပြီ။ ထိုအခါ ‘ဝယ်’ဆိုတဲ့ အသံတွေပါ ထွက်ပေါ်လာဦးမယ် ထင်ပါတယ်။

တပ်မတော် အစိုးရလက်ထက်မှာ လှိုင်သာယာမြို့သစ် ၂၆ ဒသမ ၀၁ စတုရန်းမိုင်၊ ရွှေပြည်သာမြို့သစ် ၁၅ ဒသမ ၂၁ စတုရန်းမိုင်၊ ဒဂုံမြို့သစ်ကို ၁၀၇ ဒသမ ၄၆ စတုရန်းမိုင်၊ ရွှေပေါက်ကံမြို့ သစ် ၅ ဒသမ ၅၅ စတုရန်းမိုင်၊ ဝေ ဘာဂီမြို့သစ် ၀ ဒသမ ၅၉ စတုရန်းမိုင်အစရှိတဲ့ မြို့သစ်များ တည်ဆောက်ခဲ့ပါတယ်။ ဒဂုံမြို့သစ်ကို ဒဂုံ (မြောက်)၊ ဒဂုံ (တောင်)၊ ဒဂုံ (အရှေ့)နှင့် ဒဂုံ (ဆိပ်ကမ်း)ဟူ၍ မြို့နယ်လေးမြို့နယ် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြန်ပါတယ်။ အဲဒီမြို့သစ် များမှာ ကျူးကျော်များသာမက အိမ်ရာမဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနဲ့ ပန်းပညာရှင်စတဲ့ အဖွဲ့အစည်းများမှ အိမ်ရာမဲ့ပုဂ္ဂိုလ်များကိုပါ နေရာချထားပေးခဲ့တာကိုလည်း အားလုံးသိပြီး ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ နေပြည်တော် တည်ဆောက်ပြီးစီးလို့ ရန်ကုန်မြို့မှ ဝန်ထမ်းများ ပြောင်းရွှေ့သွားပြီးတဲ့နောက်မှာ ဝန်ထမ်းများကို လုပ်သက် ၁၅ နှစ် ပြည့်တိုင်း ရန်ကုန်မှာ မြေနေရာချပေးတဲ့ အစီအစဉ်မရှိတော့တဲ့အ ပြင် ၎င်းနှစ်အတိုင်မီ ကျူးတွေကို မူလနေရာမှာပဲ တဲပေါ်မှတိုက်ပေါ် တင်ဆိုပြီးချထားပေးတဲ့အတွက် ဖော်ထုတ်ပြီးသား အိမ်ရာမြေကွက်တွေ များစွာပိုလျှံမှုရှိလာပါတယ်။ အဲဒီပိုလျှံမြေကွက်တွေမှာ လောလောဆယ် ခေတ်မီလယ် ယာစိုက်ပျိုးရေးအကောင်အထည်ဖော်ပြီး အသုံးပြုနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းပေးခဲ့တာ တွေ့ရပါတယ်။ ကုမ္ပဏီပေါင်း ၁၀ ခုကျော်အား မြေကွက်များ ခွဲဝေပြီး တာဝန်ပေးအပ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်တဲ့မြေကို အထက်ပါ စီမံကိန်းအတွက်သာ အသုံးပြုပြီး အခြားနည်းဖြင့် အသုံးမပြုရန်၊ စီမံကိန်းအတွက် အသုံးပြုရန်မလိုသောအချိန်၌ ပြန်လည်အပ်နှံရန်နှင့် အစိုးရမှ ပြန်လည်သိမ်းယူရန်၊ အသုံးပြုမှုနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုရှိပါက အစိုးရသို့တင်ပြပြီး အဆုံးအဖြတ်ရယူရန်ဆိုတဲ့ စည်းကမ်းချက်တွေပါရှိကြောင်း သိရှိရပါတယ်။ ဒါဟာလည်း အစိုးရမြေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက အခြားဌာနကို ပြန်တမ်းနဲ့ လွှဲ ပြောင်းပေးရာမှာ လုပ်ထုံးလုပ် နည်းအရ ခေတ်အဆက်ဆက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါတယ်။

ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနဟာ အစိုးရမြေစီမံ ခန့်ခွဲပိုင်ခွင့်ကို ဥပဒေနဲ့အညီ ရရှိ ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အစိုးရမြေဆိုတာလည်း မည်သည့် ပုဂ္ဂိုလ်၊ ဌာန အဖွဲ့အစည်းကိုမျှ တရားဝင် အငှားချထားခြင်း မရှိ သေးသော အစိုးရပိုင်ဆိုင်မှုရှိတဲ့ မြေပဲ ဖြစ်ပါတယ်။ မြို့ပြတည် ထောင်ရန်အလို့ငှာ အိမ်ရာမြေ (Residential Land) အဖြစ် လန (၃၉) ခွင့်ပြုချက်ရယူထားပြီးတဲ့ အစိုးရမြေကို အထက်ပါသတ်မှတ် ချက်များနဲ့အညီ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို လွှဲပြောင်းပေးထားတာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကလည်း သတ်မှတ်ချက်ပျက်ကွက်ရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်လည် လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

စီမံကိန်းတစ်ခု ဖြစ်တဲ့အတွက် ဆောင်ရွက်ခွင့်ရတဲ့မြေတွေမှာ သက်ဆိုင်ရာကုမ္ပဏီတွေဟာ အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှု ရှိ၊ မရှိ၊ နှစ်စဉ်စိုက်ပျိုးဧက မည်မျှ၊ တစ်ဧက သီးနှံအထွက်နှုန်း မည်မျှ၊ စုစုပေါင်း အထွက်နှုန်း မည်မျှရှိကြောင်း၊ အတိအကျစစ် ဆေးချက်တွေ ရှိနေရမှာ ဖြစ်ပါတယ်။ နောက်ပြီး စီမံကိန်းဟာ မူလရည်ရွယ်တဲ့အတိုင်း အောင် မြင်မှု ရှိ၊ မရှိ သုံးသပ်ချက် (Pro-ject Evaluation) များကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။ အဲဒါတွေနှင့်ပတ် သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံကိန်းလို့ဆိုရမှာ ဖြစ်ပါတယ်။ လက်တွေ့ေ့မြပြင်ပေါ်မှာကြည့်ရင် အချို့နေရာမှာ ငါးကန်တွေ တွေ့မြင်ရပါတယ်။ အချို့ကမူ လယ်သမားတွေကို သီးစားပြန်ပေးထားတယ်လို့လည်း ကြားသိရပါတယ်။ အချို့က လယ်ယာစိုက်ပျိုး ရေး အပြည့်အဝမလုပ်ကြောင်းနဲ့ အုတ်တံတိုင်း ခြံစည်းရိုးတွေကို ကားလမ်းနဲ့အပြိုင် ကာရံထားကြောင်း သိရမြင်ရပါတယ်။

ထူးခြားတဲ့အချက်က ယခင်အစိုးရလက်ထက်မှာ အဲဒီမြေတွေကို ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုံစံ (၇)တွေ ထုတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ပုံစံ (၇)ဆိုတာ လယ်ယာမြေကိုသာ ထုတ်ပေးရ တာဖြစ်ပါတယ်။ ယခုမြေများဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း လယ်ယာစိုက်ပျိုးရန် ခွင့်ပြုထား ခြင်းသာဖြစ်ပြီး လယ်ယာမြေလုံးဝ မဟုတ်တော့ပါဘူး။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ အခြား နည်းသုံးစွဲခွင့်ရရှိပြီးသား အစိုးရ မြေတွေလည်း ဖြစ်ပါတယ်။ လန (၃၉) ရပြီးသား အစိုးရမြေကို လယ်မြေအဖြစ် နောက်ကြောင်းပြန်ပြီး ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ရအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှုလည်း မရှိပါ ဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ လန(၃၉)ကို လုံးဝစွန့် လွှတ်လိုက်မှသာ လယ်ယာမြေ ပြန်ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အရ ပုံစံ(၇) ထုတ်ပေးရေးကို ဆောင်ရွက်နိုင်ခွင့်ရှိမှာ ဖြစ်ပါ တယ်။ ပုံစံ(၇) ပေးမရတဲ့ မြေကို အဘယ်ကြောင့် ပုံစံ (၇)ပေးကြပါ သနည်း။ ‘အတင့်ရဲလိုက်တာ၊ လာ ကြစမ်း’ဟု ခိုင်ဖုံးရုံးလေသံဖြင့် မေးလျှင် ‘ဝယ်.... ’ဟူသော အသံ က လိုက်လာဦးမှာ သေချာပါ တယ်။

စီမံကိန်းအကောင်အထည် ဖော်ခြင်းထက် မြေကိုရရှိရန်သာ စိတ်ဝင်စားသူအချို့က ပုံစံ (၇) ရပြီးတဲ့အခါမှ နောက်တစ်ဆင့် ရှေ့တိုးပြီး ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေပုဒ်မ ၂၉ အရ အခြား နည်းဖြင့် အသုံးပြုရန် လျှောက် ထားကြပြန်ကြောင်းနဲ့ ပုဒ်မ ၃၀ (က)အရ ခွင့်ပြုတဲ့အဆင့်တွေအထိ အစိုးရအကူးအပြောင်းကာလ အတွင်း ရရှိခဲ့ကြကြောင်းလည်း ကြားသိရပြန်ပါတယ်။ အချို့က မြေငှားစာချုပ် (ဂရန်)များပင် ရရှိ ခဲ့ကြောင်း၊ လူကြီးနှင့်ပတ်သက် သော ကုမ္ပဏီတစ်ခုဟာ ရှေ့တန်းမှ ဧကပေါင်းရာနှင့်ချီပြီး အများ ဆုံးရရှိခဲ့ကြောင်းသတင်းများ ထွက်ပေါ်လာပြန်ပါတယ်။ မမှန်ပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်။ စာရေးသူရဲ့ မိတ်ဆွေတစ်ဦးပိုင် ကုမ္ပဏီက အမှတ်(၇)လမ်းမကြီး၊ စိတ်ရောဂါကုဆေးရုံကြီးရှေ့ မျက်နှာစာမှ မြေဧကများကိုဝယ်ရန် လာရောက်တိုင်ပင်တဲ့အခါမှာ အဲဒီသတင်းကို ကြားသိခဲ့ရခြင်းဖြစ်ပါတယ်။ ဝယ်မယ့်သူဆိုတော့ အသေအချာ စုံစမ်းခဲ့ပုံရပါတယ်။ အဲ ဒီလုပ်ရပ်အတွက် ယခင်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ လုံးဝတာဝန်ရှိမှာ ဖြစ်ပါတယ်။ လန(၃၉) ရပြီးသား အစိုးရမြေကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အသုံးချပြီး မှားယွင်းစွာဂရန်ထုတ် ပေးခဲ့ခြင်းဖြစ်ကြောင်း အလွန့်အလွန် ထင်ရှားနေပါတယ်။

သို့သော် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကသာ မြေငှားဂရန်ထုတ် ပေးခွင့်ရှိပြီး ၎င်းနှစ်ဖွဲ့အနက် မည် သည့်အဖွဲ့က ထုတ်ပေးခဲ့သနည်း ဆိုသည်ကို လေ့လာစုံစမ်းရန် လိုအပ်မှာဖြစ်ပါတယ်။ ထွေအုပ်အနေနဲ့ ဂရန်ထုတ်ပေးခွင့်မရှိဘဲ စည်ပင်နယ်နိမိတ်ပြင်ပမှ မြို့များမှာ သာ လုပ်ကိုင်ခွင့်ရှိတာ ဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စမှန် ကန်သေချာအောင် ပြည်ထောင်စုအစိုးရအဖွဲ့က အလေးထားပြီး အမြန်ဆုံးစစ်ဆေးပေးရန် အထူးလို အပ်ပါတယ်။ တဖြည်းဖြည်းနဲ့ ရှိစုမဲ့စု မြို့ပြမြေဧက ၉,၇၀၀ ပျောက်ဆုံးသွားနိုင်ပြီး ‘မြွေပါလည်းဆုံးသားလည်းဆုံး၊ စပါးမရ မြေတွေရှုံး’တဲ့ ဘဝရောက်မှာ အလွန်စိုးရိမ်မိပါတယ်။ ရှားရှားပါးပါးကုမ္ပဏီ ၁၀ ခုကျော်အနက် မြဝတီစိုက်ပျိုးရေးကုမ္ပဏီလီမိတက်တစ်ခုတည်းကသာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန် မရှိတော့ကြောင်း ဖော်ပြပြီး ၂၂၈ ဧကအား ပြန်တမ်းနဲ့အညီ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရပါတယ်။

အားလုံးစစ်ဆေးပြီးတဲ့ နောက်ဂရန်ပေးခဲ့ခြင်း မှန်ကန်လျှင် ဂရန်ဖျက်သိမ်းခြင်း၊ အခြားနည်းသုံးစွဲခွင့်နှင့် ပုံစံ(၇)များပါ ဖျက်သိမ်းခြင်းကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးအောင်မြင်မှု မရှိတဲ့အပြင် အခြားနည်းသုံးပြီး စည်းကမ်းဖောက်တဲ့အတွက် ဘာနစ်နာကြေးမှလည်း ပေးဖို့မလိုပါဘူး။

မလုပ်သင့်တာတွေ လုပ်ဆောင်ပေးတဲ့ တာဝန်ရှိသူများကိုပါ အရေးယူဖို့ လိုအပ်ပါတယ်။ အကယ်၍ မှန်ကန်မှုမရှိဘူးဆိုရင်လည်း အထက်မှာပြောခဲ့ သလို စီမံကိန်းတစ်ခုချင်းအား လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှုများ ကို စစ်ဆေးမှတ်တမ်းတင်ပြီး မြ ဝတီစိုက်ပျိုးရေးကုမ္ပဏီလို ပြန်လည် အပ်နှံေ စခြင်း၊ အစိုးရက ပြန်လည် သိမ်းယူခြင်းလုပ်ငန်းများ ဆောင်ရွက်ဖို့ လိုအပ်ပြီ ဖစ်ပါတယ်။ နစ်နာကြေးပေးစရာရှိလည်း ပေးအပ်မယ့်နည်းလမ်းများ ရှာေ ဖွ ဆောင်ရွက်သင့်ပါတယ်။ အိမ်ရာမြေ ပြန်လည်ဖော်ထုတ်ရေးလုပ်ငန်းမှာ မူလကုမ္ပဏီ (စည်းကမ်းဖောက်ဖျက်သော ကုမ္ပဏီမှ အပ)များကို ဦးစားေ ပးပြီး လုပ်ငန်းအပ်နှံခြင်း၊ အကျိုးတူဆောင်ရွက်ခြင်း စသည်များ ပြုလုပ်သင့် ပါတယ်။ ဇာတ်မျောကြီးအဖြစ် ဆက်မထားသင့်တော့ပါဘူး။

ရန်ကုန်မြို့မှာ ‘မြေဟာ ရွှေထက်ရှားနေပါပြီ’။ ဒီနေရာမှာ မြို့ မြေစီမံခန့်ခွဲမှု တာကျိုးပြီး ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်ရမယ့် မြေတွေ တိုက်စား ခံခဲ့ရတဲ့အထဲ နောက်ထပ်မြေတွေ ရှာရဦးမယ်၊ မြို့သစ်တည်ဦးမယ်ဆိုရင် ဇာတ် ဆရာ ကကြိုးနဲ့ တီးလုံးအဟောင်းတွေကို မပြင်ဘဲ ဖြစ်နိုင်ပါ့မ လားဆို တာလည်း အလွန်စဉ်းစားသင့်ပါတယ်။ မြို့ပြမြေစီမံခန့်ခွဲမှု (Urban Land Management) ဆိုတာ မြို့ပြနေပြည်သူများအနေနဲ့ မြေယာ စည်းကမ်းချိုးေ ဖာက်မှု မရှိအောင် ထိန်းကျောင်းရာမှာ အစွမ်းထက်ရပါမယ်။ ထိရောက်တဲ့ စီမံခန့်ခွဲမှု (Effective Management)နဲ့ ထိရောက်မှုမရှိတဲ့ မြေယာစီမံခန့်ခွဲမှု (Ineffective Management)ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ပြည်သူတစ်ဦးချင်း အကျိုး စီးပွားနဲ့ အများပြည်သူအကျိုးစီးပွားကို သဟဇာတဖြစ်အောင် ထိန်းေ ကျာင်းပေးနိုင်တာဟာ ထိရောက်မှုရှိတဲ့ မြေယာစီမံခန့်ခွဲမှုစနစ်ဖြစ် ပါတယ်။ လာဘ်ပေးလာဘ်ယူ၊ အခွင့်ထူးခံ အလေ့အကျင့်၊ ကြိုးနီစနစ် လုပ်ထုံး လပ် နည်းနဲ့ မင်းမဲ့စရိုက် လွှမ်းမိုးမှုတွေဟာ ထိရောက်မှုမရှိတဲ့ မြေစီမံခန့်ခွဲမှုစန စ်ကြောင့် ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ မြို့ပြမြေယာဟာ ထိရောက်မှုမရှိတဲ့ စီမံခန့်ခွဲမှုတွေကြောင့် မရှားသင့်ဘဲ ရှားနေတာတွေရှိကြောင်း ပြောလိုပါတယ်။ အကယ်၍ ဧကပေါင်း ၉,၅၀၀ ရှုံးရင် မြို့ပြပြည်သူ ငါးသိန်းကျော်ရဲ့ နေရေးကိစ္စ အနာဂတ်ပျောက်ပြီး စုံးစုံးမြုပ်မှာ ဖြစ်ပါတယ်။ ။

(ဖော်ပြပါဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်ပါသည်။)

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service