မန္တလေးမြို့ အနောက်ဘက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းနားလမ်းကြီးကို (၆)လမ်း သွား အဖြစ် အဆင့်မြှင့်တင်ရန် လမ်းဘေးကျူးကျော် အဆောက်အဦး(၃၆၅) ခုကို ဖျက်သိမ်းနေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီမှ သိရှိရသည်။ အဆိုပါလမ်းသည် လက်ရှိတွင် (၂)လမ်းသွားဖြစ်သောေ ကြာင့် ထပ်မံတိုးချဲ့ရန်အတွက် ကျူးကျော်အဆောက် အဦးများကို ဇူလိုင်(၃၀) ရက်မှ စတင်ဖျက်သိမ်းလျက်ရှိရာ သြဂုတ် ၂ ရက်တွင် အိမ်အလုံး (၄၀)ခန့်ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
"မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ကတော့ မန္တေ လးမြို့တော် သန့်ရှင်းသာယာလှပဖို့ အတွက် ဒီကမ်းနားလမ်းမကြီးကို (၆) လမ်း သွားလမ်းမကြီးဖောက်တာပါ။ အဲဒီလိုလမ်း စီမံကိန်းတွေ ဆောင် ရွက် နေစဉ် ကာလမှာပဲ လမ်းနဲ့ မလွတ်တဲ့ ကျူးကျော်တဲအိမ်တွေကို ဖျက် တာပါ။ အခုကျွန်တော်တို့ ဖျက်တယ်ဆိုတာ က တောင်သူတွေရဲ့မြေနေ ရာတွေနဲ့ လုံးဝမဆိုင်သလို မြို့သစ်တည်ဆောက်မယ့် စီမံကိန်းနဲ့လည်း မဆိုင်ပါဘူး။ သူတို့လည်းမပါပါဘူး။"ဟု မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီမှ အခွန်ဌာနမှူး ဦးဝင်းမောင်က ပြောသည်။
လမ်းဘေးဝဲယာ ကျူးကျော်နေထိုင်သူအများစုသည် အခြားဒေသမျာမှ လာေ ရာက်တဲထိုးနေထိုင်ကြသည့် ဆိပ်ကမ်းတွင် အလုပ်လုပ်သောအလုပ် သမား များဖြစ်ကြောင်းသိရသည်။
"ဒီ(၆)လမ်းသွားလမ်းမကြီးဖောက်မယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုဒီလမ်းဘေးဝဲယာမှာရှိတဲ့သစ်ပင်အကြီးတွေကိုလည်းလှဲခုတ်ရမယ်။ ပြီးေ တာ့ လမ်းအရှေ့ဘက်ကိုထပ်ချဲ့မယ်ဆိုအဆင်ပြေနိုင်ပါ့မ လား။ တိုက် ခန်းတွေနဲ့ အရမ်းနီးသွားရင် ဒီတိုက်ခန်းမှာနေထိုင်တဲ့သူတွေအတွက် အ သွားအလာနဲ့ ကားသွားလာမှုအတွက် အဆင်မပြေနိုင်ဘူး။ ဒီအတွက် လမ်း ကိုအနောက်ဘက်သာတိုးချဲ့စေချင်တယ်။"ဟုအဆိုပါ လမ်းမဘေးရှိ ဧရာ ထွန်း တိုက်ခန်းတွင် နေထိုင်သည့် ကိုစိုးကပြောသည်။ အဆိုပါ(၆)လမ်းသွား လမ်းမကြီးတိုးချဲ့ခြင်းကို မန္တလေးမြို့ရှိရွှေလှံ ဗိုလ်ဘုရားရှေ့မှ စစ်ကိုင်းမြို့ အဝင်ရှိဧရာဝတီ မြစ်ကူးတံတားထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Credit: Yangon Time