အမေရိကန်နိုင်ငံ အခြေစိုက်ဘဏ်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှု ပ်နှံပြီး ဘဏ်ခွဲဖွင့်လှစ်နိုင်ပါက အခြား ရင်းနှီးမြှုပ်နှံမှုများပါ ပူးတွဲပါလာ နိုင် သဖြင့် အလုပ်အကိုင်အခွင့် အလမ်းကောင်းများစွာ ဖန်တီးနိုင်မည်ဟု စီးပွားေ ရးလုပ်ငန်းရှင် အချို့က ပြောသည်။
အမေရိကန်၊ ဥရောပ၊ ဂျပန် စသောနိုင်ငံများသည် ၎င်းတို့ နိုင်ငံမှ သက်ဆိုင် ရာ ဘဏ်ခွဲများ ဖွင့်လှစ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်လုပ်ကိုင်လေ့ ရှိ ကြောင်း ၎င်းတို့ကဆိုသည်။
ပြည်တွင်း၌ ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်ခွဲသုံးခု ဖွင့်လှစ်နိုင်ခြင်းကြောင့် ဂျပန် စီး ပွားရေးလုပ်ငန်းရှင်များ လုပ် ငန်းတိုးချဲ့ လုပ်ကိုင်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဆက်လက်ပြောသည်။
‘‘သူ့ နိုင်ငံကဘဏ်တွေ ရှိမှ ရင်းနှီးမြှုပ်နှံမှုက လာမှာလေ။ အမေရိကန်ဘဏ် မရှိဘဲ ဆိုရင် ငွေကြေး အလွှဲအပြောင်းခက်တာ ကြောင့် ရင်းနှီးမြှုပ်နှံမှု အဝင် နှောင့်နှေးနိုင်တယ်’’ဟု ကမ္ဘောဇ ဘဏ် အကြီး တန်းအကြံပေးဦးသန်း လွင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံး ပတ်က အမေရိကန်ဘဏ်လုပ်ငန်း ရှင်များနှင့် အမေရိကန် ကုန်သည် အသင်းမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်း များ၊ အာမခံလုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ် ငန်းများ လုပ်ကိုင်ရန် ရန်ကုန် မြို့သို့ လာရောက်လေ့လာခဲ့သည်။
ထို့နောက် ဘဏ်လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ် နှံမှု များ မြန်မာနို င်ငံတွင် လာ ရောက်လုပ်ကိုင်နိုင်ရန် ဘဏ္ဍာ ရေးဆိုင်ရာ ပိတ်ဆို့မှုများ ဖယ် ရှားပေးရန် အမေရိကန်အစိုးရကို တောင်းဆိုထားသော ကြေညာ ချက်ကို အမေရိကန်ကုန်သည်ကြီး များအသင်းက ထုတ်ပြန်ခဲ့သည်။
အမေရိကန် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ထားမှု များသည် ကုန် သွယ်ရေးလုပ်ငန်း များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စသော စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်ရန် အခက်အခဲဖြစ် စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
‘‘သူတို့ဘဏ်တွေလာဖို့က လိုပါသေးတယ်။ လောလော ဆယ် ဒီမှာရှိတဲ့ ဘဏ်ခွဲလိုင်စင် ရထားပြီးသား နိုင်ငံခြားဘဏ်တွေ ကိုပဲ ဝန်ဆောင်မှုတိုး လုပ်ပေးနိုင် ဖို့ လိုတယ်’’ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း က ပြောသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့် လှစ်ခွင့်ရရှိထားသည့် နိုင်ငံခြား ဘဏ် ၁၃ ခုရှိပြီး လက်ရှိ အချိန်အထိ မြန်မာနိုင်ငံ ဗဟို ဘဏ်က ဝန်ဆောင်မှုများစွာကို ကန့်သတ်ထားသည်။ ဘဏ်ခွဲဖွင့် လှစ်ထားသည့် နိုင်ငံခြားဘဏ် များ သည် နိုင်ငံခြားသားလုပ်ငန်း ရှင်များကိုသာ ငွေချေးခွင့်ပြုပြီး ပြည်တွင်း လုပ် ငန်းရှင်များ ငွေ ချေးခွင့်မရရှိသေးကြောင်း ပုဂ္ဂလိ ကဘဏ်တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ပြည်တွင်းလုပ်ငန်းရှင်များ သည် ဘဏ္ဍာငွေကြေး အ ထောက်အပံ့ လိုအပ် ချက်ရှိသဖြင့် နိုင်ငံခြားဘဏ်များမှ ချေးငွေရယူ နိုင်မည့် အခွင့်အရေးကို ယေ န့ အထိ မရရှိသောကြောင့် လုပ် ငန်းတိုးချဲ့ရန် အခက်အခဲများစွာ ကြုံတွေ့ နေရသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
Credit: 7DayDaily