ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်နေသည့် ဝန်ကြီးဌာနများအတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် ဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နြေ ပည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် International Finance Corporation (IFC) ၊ Australian Aid ၊ UK Aid တို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်ေ အာင်က အမှာစကားပြောကြား ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ ခေါင်း စဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်က ဝန် ကြီး ဌာနများ သိသင့်သိထိုက်သော အချက်အလက်များ ခေါင်းစဉ်ဖြင့် လည်းေ ကာင်း၊ ညွှန်ကြား ရေးမှူး ဒေါ်တင်အေးဟန်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း တင်ပြကြ သည်။
ထို့နောက် ရှင်းလင်းတင်ပြခဲ့သည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် ဥပဒေဆိုင် ရာ ခေါင်းစဉ်များနှင့် စပ်လျဉ်း၍ တက်ရောက် လာကြသူများက သိရှိလို သည်များ ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယ အမြဲတမ်းအတွင်း ဝန်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ ရပ် များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများမှ Focal Contact Person များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများ တက်ေ ရာက် ကြသည်။
Credit: MOI Webportal Myanmar