ဆော်ဒီအာရေးဘီးယားနိုင်ငံသည် ပြည်သူရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ အထောက်အပံ့ဖြင့် ပင်လယ်နီကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းပေါင်း ၅၀ ခန့်တွင် အပန်းဖြေစခန်းများကို ဆောက်လုပ်ရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SPA က ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်ထဲတွင် ဖော်ပြထားသည်။
အမ်လာ့ နှင့် အယ်ဂျူဝါမြို့အကြားတွင် ဆောက်လုပ်မည့် ပင်လယ်နီ စီမံကိန်းတွင် သဘာဝအလှအပများကို အသားပေးမည်ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်နေရာနှင့် သန္တာကျောက်တန်းများရှိရာနေရာတွင် ရေငုပ်ခြင်း တို့ကို ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် တတိယ ၃ လပတ်ကာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စတုတ္ထလေးလ ပတ်ကာလတွင် ပထမအဆင့် ပြီးဆုံးနိုင်ရန် မျှော်မှန်းထားသည်။
ပြည်သူ့ရင်းနှီးမြုပ်နှံမှုရန်ပုံငွေ အဖွဲ့သည် ယင်းစီမံကိန်းတွင် ကနဦး ရင်းနှီးမြုပ်နှံမှုများကို ချထားပေးမည်ဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံ သူများနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသော်လည်း
ယင်းစီမံကိန်းအတွက် ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်မန်က ဥက္ကဌအဖြစ် ဆောင်ရွက်သည့် ယင်း ရန်ပုံငွေအဖွဲ့သည် ဒေါ်လာ ၁၈၃ ဘီလီယံ ရရှိပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းထားရပြီး ရေနံကုမ္ပဏီကြီး Saudi Aramco မှ ရှယ်ယာများကို ရောင်းချခြင်းဖြင့် လာမည့်နှစ်တွင် ငွေသားဖြည့် သွင်းခြင်းကို လက်ခံမည်ဟု သိရသည်။
Credit: Democracytoday