မြန်မာမှာက ခရစ်ဒစ်ကဒ်လို့ ခေါ်တဲ့ ကြိုတင်ငွေသုံးကဒ်၊ အကြွေးဝယ်ကဒ် စနစ်တွေက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ပြည်တွင်းဘဏ်တစ်ချို့ ထုတ်လုပ်ခဲ့ပေမယ့် အဲဒိခေတ်အခါက နိုင်ငံစီးပွားရေးအခြေအနေနဲ့ ခိုင်မာတဲ့ စည်းမျဉ်းဥပဒေတွေ မရှိခဲ့တာကြောင့် အောင်မြင်မှုမရခဲ့သလို လူသိလည်း နည်းခဲ့ပါတယ်။
အခုနှစ် ဇန်န၀ါရီလကနေစပြီး နိုင်ငံတကာငွေကြေး ၀န်ဆောင်မှုကဒ်တြွေ ဖစ်တဲ့ Visa နဲ့ China Pay Union စတဲ့ ကဒ်တွေကို ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်းပြီး ခရစ်ဒစ်ကဒ်လို့ ခေါ်တဲ့ ကြိုတင်သုံးငွေနဲ့ အကြွေးဝယ်ကဒ်အဖြစ် လုပ်ကိုင်နိုင်အောင် ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအေ နဟာ ဘဏ်တွေအနေနဲ့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်နေရတာဖြစ်ပြီး ပိုပြီး တွင် ကျယ်ဖို့ စည်းမျဉ်းဥပဒေတွေလည်း လိုအပ်နေပါတယ်။ မထက်ထက်ေ အာင် ပြောပြထားတဲ့ သတင်းထဲမှာ ဆက်ပြီး ရှုစားရမှာဖြစ်ပါတယ်။
Credit: Mizzima