ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်လက်ထက်ရှိ မြေနဲ့အဆောက်အုံ၊ တိုက် ခန်းနဲ့ မြေကွက်တွေ ရောင်းချသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံပိုင်မြေနဲ့ အဆောက်အအုံတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ကြေညာထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြေနဲ့ အဆောက်အအုံနှစ်ခု၊ မန္တလေးတိုင်းဒေသကြီး ရှိ မြေနဲ့အဆောက်အအုံ သုံးခု၊ ရန် ကုန်တိုင်းဒေသကြီးရှိ မြေနဲ့အဆောက် အအုံ ခြောက်ခု၊ တိုက်ခန်း ငါးခန်း၊ မြေကွက်နှစ်ကွက်တို့ကို ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တင်ဒါပုံစံတွေကို ဇူလိုင် ၂၈ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ နေပြည်ေ တ်ာရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ရုံးမှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲသည် တင်ဒါသတ်မှတ်ထားတဲ့ မြေနဲ့အဆောက်အအုံအလိုက် စက်တင် ဘာလအတွင်းမှာ တင်ပြရမှာ ဖြစ် တယ်လို့ သိရပါတယ်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို စီးပွားရေးပြောင်းလဲတိုးတတ်ရေး အတွက် ဈေးကွက်စီးပွားရေးစနစ်နဲ့ အညီ နိုင်ငံပိုင်အချိုးအစားတွေ ကို လျှော့ပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်တွေကို စနစ်တကျ အေ ကာင်အ ထည်ဖော် ဆောင်ရွက်ရေးတဲ့အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra