ကမ္ဘာကျော် Forbes မဂ္ဂဇင်းနှင့် Business Insider ၀က်ဘ်ဆိုက်ဒ်တို့၏
အချက်အလက်များအရ ကမ္ဘာတစ်ဝန်း ထိပ်တန်းဈေးအကြီးဆုံးဖြစ်သည့် အိမ်
(၇) အိမ်နှင့် မိတ်ဆက်ပေးချင်ပါသည်။
၁။ အန်တယ်လီယာ
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် တည်ရှိသည်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၃ဒသမ ၉ ဘီလျံ ရှိသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းရှင်သူဌေးကြီး မူကက်ရှ်
အမ်ဘာနီ ပိုင်ဆိုင်သည်။ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိသည်။
ကျန်းမာရေးညီညွတ်မှု "အေ" အဆင့်ရှိသည့် ၎င်းအထပ်မြင့်အိမ်ကြီးရခိုင်တွင်
အထပ်ပေါင်း ၂၇ ထပ်၊ မြေအောက်ယာဉ်ရပ်နားစခန်းအလွှာ ၆ လွှာနှင့်
ရဟတ်ယာဉ်ရပ်နားကွင်း ၄ ကွင်း ရှိသည်။
၂။ ဗီလာလီယိုပိုးလ်ဒါ
ပြင်သစ်နိုင်ငံ ဗီလီဖရန့်ခ်ျဆာမာဒေသတွင် တည်ရှိသည်။ ပိုင်ဆိုင်မှုအမေရိကန်
ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရှိသည့် ဘရာဇီးသူဌေးမ လီလီဆာဖရာ ပိုင်ဆိုင်
သည်။ အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန်ဖိုးရှိသည်။ ခြံဝန်းအကျယ် ၂၀ ဧကရှိသည်။ ရေပြင်နံဘေးတည်ရှိသည်။ ဘယ်လ်ဂျီယံဘုရင် ဒုတိယမြောက်
လီယိုပိုးလ်က သူ၏ မောင်းမမိဿံများအတွက် ဆောက်လုပ်ခဲ့သည်များအနက်
တစ်ခုဖြစ်သည်။
၃။ ဖဲဖီးလ်ဒ်
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဆာဂါပိုနက်မြို့တွင် တည်ရှိသည်။
ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၆ ဘီလျံ ရှိသည့် စက်မှုလုပ်ငန်းရှင်ဘီလျံနာ
အီရာရင်းနာ့တ် ပိုင်ဆိုင်သည်။ အမေရိကန်ဒေါ်လာ သန်း ၂၄၈ ဒသမ ၅ သန်း
တန်ဖိုးရှိသည်။ အိပ်ခန်း ၂၉ ခန်း၊ ရေချိုးခန်း ၃၉ ခန်း၊ ရေကူးကန် ၃ ခုနှင့်
ကိုယ်ပိုင်ဓာတ်အားပေးစက်ရုံလည်း ရှိသည်။
၎။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ၀မ်းဟိုက်ပါ့ခ်အိမ်ရာမှ penthouse တိုက်ခန်းများ
penthouse ဆိုသည်မှာ မြေစိုက်အိမ်တွင် နေထိုင်ရသကဲ့သို့ ခံစားရစေသော
ဈေးကြီးသည့်တိုက်ခန်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂၃၇ သန်းနှင့်အထက်
တန်ဖိုးရှိကြသည်။ နံရံများအဖြစ် ဆောက်လုပ်ထားသည့် မှန်များမှာ
ကျည်ကာမှန်များဖြစ်သည်။
၅။ ကင်ဆင်တန်နန်းတော်ဥယျာဉ်အိမ်
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် တည်ရှိသည်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၆
ဒသမ ၆ ဘီလျံ ရှိသည့် သံမဏိလုပ်ငန်းရှင်ဘီလျံနာ လက်ခ်ရှိမီမစ်တယ်
ပိုင်ဆိုင်သည်။ အမေရိကန်ဒေါ်လာ ၂၂၂ သန်း တန်ဖိုးရှိသည်။
၆။ အယ်လစ်ဆင်အိမ်ရာ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ၀ုဒ်ဆိုက်ဒ်မြို့တွင် တည်ရှိသည်။
အိုရာကယ်နည်းပညာကော်ပိုရေးရှင်း၏ တည်ထောင်သူ၊ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၄ ဘီလျံ ရှိသည့် လယ်ရီအယ်လစ်ဆင် ပိုင်ဆိုင်သည်။၂၃ ဧကကျယ်သော ဂျပန်စတိုင်လ်အိမ်ရာအတွင်း အဆောက်အအုံ ၁၀ ခု
ရှိပြီး လူလုပ်ရေကန်၊ လက်ဖက်ရည်သောက်ဆောင်၊ ရေချိုးဆောင်၊ အလှမွေးငါးများဖြင့် ပြည့်နှက်နေသည့် ရေကန်ငယ်တို့ ပါဝင်သည်။ အမေရိကန်ဒေါ်လာ သန်း
၂၀၀ တန်ဖိုးရှိသည်။
၇။ ပလာဇိုဒီအေမိုး
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်တောင်တန်းတွင်
တည်ရှိသည်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံ ရှိသည့် ကိုယ်ထူးကိုယ်ချွန်
အိမ်ခြံမြေလုပ်ငန်းရှင်ဘီလျံနာ ဂျက်ဖ်ဂရင်း ပိုင်ဆိုင်သည်။ အမေရိကန်ဒေါ်လာ
၁၉၅ သန်း တန်ဖိုးရှိသည်။ မြေထဲပင်လယ်ဟန်ပန်အငွေ့အသက်များဖြင့်
ပုံဖော်ဆောက်လုပ်ထားသည့် ဗီလာခြံဝန်းသည် ၂၅ ဧကကျယ်ဝန်းပြီး
အဆောက်အအုံဧရိယာအကျယ်အ၀န်း စတုရန်းမီတာ ၅ ထောင်နီးပါး ရှိသည်။
အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၂၃ ခန်း၊ ရုံးခန်း ၂ ခန်း၊ ၀ိုင်ပုလင်း ၃
သောင်းဆံ့သည့် ၀ိုင်သိုလှောင်ခန်း၊ ရုပ်ရှင်ရုံအခန်းငယ်၊ ဘိုးလင်းပစ်ရုံ၊
တူရကီဟန်ပန် စပါး၊ ရေကူးကန်၊ တင်းနစ်ကွင်း၊ ဧည့်သည် ၁ ထောင်ဆံ့
ဧည့်ဆောင်နှင့် ကားအစီး ၁၅၀ ဆံ့ ယာဉ်ရပ်နားရန်နေရာရှိသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com