မြို့နယ်အလိုက် အက်စ်အမ်အီးစာရင်း များ ကောက်ယူကာ အလားအလာ ရှိသည့် လုပ်ငန်းများကို ဘဏ်ချေးငွေရရှိရေးအတွက် ပြည်တွင်းဘဏ်များနှင့် တိုက်ရိုက်ထိတွေ့ပေး မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ဇူလိုင်၂၈ ရက်တွင် ပြောဆိုသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ဇူလိုင် ၂၈ ရက်၌ပြုလုပ်သည့် အက်စ်အမ်အီးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲ ချမှတ်နိုင်ရေးဖိုရမ်တွင် ၄င်းက အထက်ပါအတိုင်း ပြော ဆိုခဲ့ခြင်းဖြစ်သည်။
''ပထမ စာရင်းပြုစုမယ်။ ဒီလုပ်ငန်းတွေမှာ ဘယ်ကဏ္ဍက ဖြစ်နိုင်ခြေရှိတဲ့လုပ်ငန်းဆိုတာ လေ့လာဆန်းစစ်မှု သေသေချာချာပြုစုပြီးရင်သူ့ရဲ့အခြေအနေ အားလုံးနဲ့ ငွေဘယ်လောက်ထုတ်ချေးရင် အဆင်ပြေနိုင်မလဲဆိုတာ မြို့နယ်အတွင်းမှာရှိတဲ့လုပ်ငန်းတွေကို အက်စ်အမ်အီး စိတ်ဝင်စားတဲ့ဘဏ်တွေနဲ့ ထိတွေ့ပေါင်းစပ်ပေးမှာပါ''ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
မြန်မာနိုင်ငံ၏ဘဏ်စနစ်သည် ရုံးထိုင်ငွေထုတ်ချေးသည့်အဆင့်သာရှိပြီး အပေါင်ပစ္စည်းပါမှသာ ချေးငွေပေးသည့်အခြေအနေ တွင်ရှိကြောင်း၊ လုပ်ငန်းရှင်များနှင့်ပတ်သက်သည့်စာရင်းမှာလည်း တိတိကျကျမရှိတတ်ဘဲ လုပ် ငန်းရှင်တစ်ယောက်ကို ငွေထုတ်ချေးမည့် ပမာဏပင် ဘဏ်များ၌ အဖြေအ ဆင်သင့်မရှိ တတ်ခြင်းကြောင့် ချေးငွေရယူရန် လုပ်ငန်းများ အနေဖြင့်အချိန်ယူရမည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်က ဆက်လက်ပြောဆိုသည်။
ဂျာမနီနိုင်ငံ၏ဘဏ်စနစ်တွင် ဘဏ်များ အားလုံးက အက်စ်အမ်အီးလုပ်ငန်းများရှိရာ သို့ တိုက်ရိုက်သွားရောက်ထိတွေ့ကာ ချေးငွေပေးနိုင်ရန် ကြိုး ပမ်းလျက်ရှိကြောင်း ၄င်းက ထောက်ပြ ပြောဆိုခဲ့သည်။
'' အက်စ်အမ်အီးဥပဒေအရ လုပ်ငန်းရှင် က သူရဲ့စိတ်ကြိုက်ဖြစ်မှ မှတ်ပုံတင်နိုင်တယ်။ မှတ်ပုံတင်ကိုတင်ရမယ်လို့ သတ်မှတ်မထား ဘူး။ ဒါက လည်း ပြီးခဲ့တဲ့အစိုးရလက်ထက်က လွှတ်တော်မှာ အများဆန္ဒနဲ့ သတ်မှတ် ထား တယ်။ တခြားနိုင်ငံတွေမှာကျတော့ တင်ကို တင်ရမယ်ဆိုပြီးရှိတယ်။ ကျွန်မတို့နိုင်ငံဥပဒေ မှာတော့ စက်မှုလုပ်ငန်းဆိုရင်ပဲ မဖြစ်မနေမှတ်ပုံတင်ရပါတယ်''ဟု အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေး ဝင်းက နိုင်ငံအ တွင်းမှ အက်စ်အမ်အီးလုပ်ငန်း ရှင်များစာရင်း တိတိကျကျဖော်ပြနိုင်ခြင်း မရှိ သည့်အပေါ် ရှင်းလင်းပြောဆိုခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ နယ်အသီးသီးနှင့် စက်မှုဇုန် နယ် ပယ်အသီးသီး ရှိ အက်စ်အမ်အီးလုပ်ငန်းများစာရင်းကို စနစ် တကျကောက်ယူကာ အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်များကို ဘဏ်ချေးငွေရရှိရန်ေ ဆာင်ရွက်ပေးခြင်းဖြင့် ဆွဲတင်ပေးနိုင်ရန် မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အသင်းနှင့် ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင် အသေးစားနှင့်အလတ်စား လုပ်ငန်း စုစုပေါင်းမှာ ၈,ဝဝဝ ကျော်ရှိကြောင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Credit: Myanmar Time