အန်ကာ-ပုဂံခရီးစဉ်ဒေသတစ်ခု ပေါ်ပေါက်ရေး စီမံကိန်းအတွက် လာမယ့်နိုဝင်ဘာမှာ နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုမယ်

အန်ကာ-ပုဂံခရီးစဉ်ဒေသတစ်ခု ပေါ်ပေါက်ရေး စီမံကိန်းအတွက် လာမယ့်နိုဝင်ဘာမှာ နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုမယ် - Property News in Myanmar from iMyanmarHouse.com
1 Aug 2017 10:10 am တွင် တင်ခဲ့သည်
840 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် ခရီးသွားနေရာတွေဖြစ်တဲ့ မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းဒေသ နဲ့ ကမ္ဘောဒီယားမှ အန်ကာ ရှေးဟောင်းဒေသ
တို့ကို ချိတ်ဆက်ကာ ခရီးစဉ်ဒေသတစ်ခု အဖြစ်ပေါ်ပေါက်ရေးအတွက် အကောင်အထည်ဖော်
ဆောင်ရွက်သွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊
ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြောပါတယ်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တစ်ခုအဖြစ်Angkor – Bagan : Two Ancient Capitals One Destination နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။အဆိုပါဒေသနှစ်ခုကို ခရီးစဉ်ဒေသတစ်ခုအဖြစ် အကောင်
အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Implementation Action Plan စာချုပ်ကို လာမယ့် နိုဝင်လာမှာ နှစ်နိုင်ငံ၊ ဟိုတယ်/ခရီးဝန်ကြီးများ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကဆိုပါတယ်။

“ ဒီလိုလုပ်ခြင်းအားဖြင့် ကမ္ဘာဒီယားဘက်ကလည်း အန်ကောခရီးစဉ်ကို ရောင်းချတဲ့အခါမှာပုဂံပါမယ်။ ထို့အတူပဲ ကျွန်တော်
တို့ဘက်ကလည်း ပုဂံခရီးစဉ်ကို ရောင်းတဲ့အခါမှာ အန်ကာပါ,ပါမယ်။ ခရီးစဉ်နှစ်ခုကို ချိတ်ဆက်ရောင်းချတဲ့အခါမှာ သူ့ဆီက
ဧည့်သည်တွေအများကြီးကို ကျွန်တော်တို့ဆီကို ရောက်လာမယ်။ပုဂံကို ပုံမှန်ဝင်ရောက်တဲ့ ခရီးသွားထက် များစွာ
ဝင်ရောက်လာနိုင်ပါတယ်လို့ " ဟိုတယ်နှင့် ခရီးသွား
လာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကာရှေးဟောင်းမြို့မှာ ကမ္ဘာလှည့်ခရီးသွား နှစ်စဉ် သုံးသန်းဝန်းကျင်လာရောက် လည်ပတ်နေပြီး
ပုဂံရှေးဟောင်းဒေသသို့ ကမ္ဘာလှည့်ခရီးသွား နှစ်စဉ် သုံးသိန်းခန့်လာရောက်လည်ပတ်လျက် ရှိပါတယ်။

“ ရန်ကုန်-စီရန်ယိ (ကမ္ဘောဒီးယား) ခရီးစဉ် ဆိုပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်က ရှိခဲ့တယ်။ အမှန်အတိုင်းဝန်ခံရရင် အဲဒီတုန်းက
မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်တဲ့အကြောင်းက စခါနီးမှကြေငြာကြတယ်။ ခရီးသွားလောကမှာ အနည်းဆုံး ၆ -၈ လ
ကြိုတင်ကြေညာရပါတယ်။ အဲဒီလိုလုပ်မှ ခရီးသွားလုပ်ငန်းတွေကသူတို့ရဲ့ ခရီးစဉ်တွေမှ ကြိုတင်ထည့်သွင်းလို့ရပြီးရောင်းချလို့ရပါတယ်။ “ လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချူပ်မှ တာဝန်ရှိသူ ဦးအောင်လင်းထင်က ပြောပါတယ်။

လက်ရှိမှာနှစ်နိုင်ငံVisaကိစ္စ၊ ပို့ဆောင်ရေးကိစ္စ၊ဈေးကွက်မြင့်တင်ရေး
ကိစ္စတွေကို ပူးပေါင်းဆွေးနွေးလျက်ရှိပြီး
အမြန်ဆုံးအကောင်အထည်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောကြားပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service