ကမ္ဘာ့ရွှေဈေးမြင့်တက် ပြီး ပြည်ပသို့ ငွေလွှဲပေးပို့ရန် အ ဝယ်လျော့နည်ြး ခင်းကြောင့် ပြင်ပ ငွေကြေး ဈေးကွက်တွင် ကန်ဒေါ် လာတန်ဖိုး ကျဆင်း လာကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် လဆန်းက တစ်အောင်စလျှင် ၁,၂၂၅ ဒေါ် လာဈေးရှိသော်လည်း လကုန်တွင် တစ်အောင်စလျှင် ၁,၂၆၃ ဒေါ်လာ သို့ မြင့်တက်လာ ပြီး တစ်လအတွင်း ၂ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်ချိန် တွင် ပြည်တွင်းစီးပွားရေး အခြေ အနေကြောင့် သွင်းကုန်အတွက် ပြည်ပသို့ လွှဲပေးပို့မှု နည်းသဖြင့် ပြင်ပဈေးကွက်၌ ကန်ေ ဒ်ါလာ တန်ဖိုး ကျဆင်းပြီး အရောင်းအ ဝယ်လည်း ယခုရက်ပိုင်းကျ ဆင်း နေကြောင်း ငွေလွှဲလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောသည်။
ဇူလိုင် ၃၁ ရက်ပြင်ပငွေ ကြေးဈေးကွက်တွင် ကန်ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၅၄ ကျပ်ခန့် ဈေးရှိသည်။ ဇူလိုင်လဆန်းက တစ်ဒေါ် လာလျှင် ၁,၃၆၁ ကျပ်အထိ မြင့်တက်ခဲ့သည်။ပြင်ပဈေးကွက် တွင် ဒေါ်လာ တန်ဖိုး ကျဆင်းလာသော်လည်း ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းက တစ်ဒေါ် လာလျှင် ၁,၃၆၃ ကျပ် သတ်မှတ်သည်။ ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းသည် ဇူလိုင်လဆန်းနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာသုံးကျပ်ခန့် ကျဆင်းခဲ့သည်။
ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းက ပြင်ပပေါက်ဈေးထက် မြင့် တက်နေခြင်း သည် ပုဂ္ဂလိက ဘဏ်များက ဗဟိုဘဏ်၏ လေ လံဈေးကွက်တွင် ဈေးဆွဲ တင်မှု ကြောင့် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များအချို့က ဝေဖန်မှု များရှိနေသည်။
Credit: 7DayDaily