မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက်၍ စံနှုန်းသတ် မှတ် ချက် အသစ် များ ထုတ်ပြန်နိုင်ရန် တိုင်းအစိုးရ အဖွဲ့ထံ တင်ပြထားပြီး စက် တင် ဘာတွင် ထုတ်ပြန်နိုင်ရန် ခန့်မှန်း ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန (မန္တလေး)မှ သတင်းရရှိသည်။
‘‘အိမ်ခြံမြေစံနှုန်းကို တိုင်း အစိုးရအဖွဲ့ကို တင်ပြထားပါ တယ်။ တိုင်းဒေသ ကြီးလွှတ်တော် မှာ တင်ပြအတည်ပြုဆုံးဖြတ်ပြီး မှ ထုတ်ပြန်ရမှာဖြစ်ပါတယ်။ တစ်လ၊ နှစ်လလောက်နေရင် တော့ ထွက်မယ်လို့ ယူဆရပါ တယ်။ ဝန်ကြီး ချုပ်နဲ့ အစိုးရအဖွဲ့ က ဝန်ကြီးတွေ တွေ့ဆုံပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်’’ ဟု ပြည်တွင်းအခွန်များဦးစီးဌာန (မန္တလေး)မှ အကြီးတန်းအရာရှိ တစ်ဦး က ပြောသည်။
မန္တလေးတိုင်းဒေသကြီး၌ အိမ်ခြံမြေစံနှုန်းများကို တစ်နှစ် လျှင် တစ်ကြိမ် ထုတ်ပြန်လေ့ရှိ သည်။ ယခင်နှစ်က အိမ်ခြံမြေစံ နှုန်းကို ၂၀၁၆ အောက် တိုဘာ အတွင်း ထုတ်ပြန်ခဲ့ပြီး ကျပ် သိန်းတစ်ထောင်အောက် အိမ်ခြံမြေ အရောင်းအဝယ်များကို ၁၀ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ခဲ့ သည်။
‘‘အိမ်ခြံမြေစံနှုန်းအသစ် ထွက်လာဖို့ အမြန်ဆုံးတော့ ဆောင်ရွက်နေပါတယ်။ စံနှုန်း သစ်မထွက်သေးခင် ကာလ အတွင်းတော့ လာပြီး တန်ဖိုးဖြတ် တဲ့ အခွန်ထမ်းက အရင်နှစ် စံနှုန်း အတိုင်းပဲ တန်ဖိုးဖြတ်တာကို လက်ခံတယ် ဆိုရင်လည်း တန်ဖိုး ဖြတ်ပေးပါတယ်’’ဟု ပြည်တွင်း အခွန်များဦးစီးဌာန (မန္တလေး)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အိမ်ခြံမြေစံနှုန်းများ သတ်မှတ်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ၏ အကူ အညီကို ရယူပြီး ရပ်ကွက် ကျေးရွာအလိုက် အခြေခံဈေးနှုန်း များ ကောက်ယူကာ အစည်း အဝေးသုံးကြိမ်ပြုလုပ်၍ တိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။
Credit: 7DayDaily