Hacksaw Ridge ဇာတ်ကားအတွက် အော်စကာဆုတစ်ပေးခြင်းခံထားရသည့် အော်စကာဆုရှင်၊ ဟောလိဝုဒ်သရုပ်ဆောင် ၊ ရုပ်ရှင်ထုတ်လုပ်သူ မဲလ်ဂစ်ဘ်ဆင်၏ မာလီဘူးနေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၏ ကြယ်ပွင့်များစုဝေးရာ မာလီဘူးအရပ်တွင် တည်ရှိပြီး အလယ်ခေတ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်သော မဲလ်ဂစ်ဘ်ဆင်သည် မာလီဘူးနေအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဈေးခေါ်ထားသည်။
ခြံဝန်းမှာ ၂ ဒသမ ၂ ဟက်တာ ကျယ်ဝန်းပြီး ပစိဖိတ်သမုဒ္ဒရာရေပြင်ကြီးကို မျက်စိတဆုံးရှုမြင်နိုင်သည့်နေရာတွင် တည်ရှိသည်။
မဲလ်ဂစ်ဘ်ဆင်သည် အဆိုပါခြံဝန်းကို ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သူ၏ ကုမ္ပဏီဖြစ်သည့် Icon Productions မှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ကာဗွန်မီဆာလမ်းမကြီးပေါ်တွင်တည်ရှိပြီး သစ်ပင်ကြီးများ အုပ်ဆိုင်းစွာတည်ရှိသည့် ခြံဝန်းကြီးအတွင်း အဆောက်အအုံ အများအပြား ပါဝင်ကာ ပင်မနေအိမ်တွင် အိပ်ခန်း ၅ ခန်းပါဝင်သည်။
ပင်မနေအိမ်ကို ၁၉၉၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး old world ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ရိုက်ကူးခဲ့ဖူးသည်။
မဲလ်ဂစ်ဘ်ဆင်သည် မီးလင်းဖိုများ၏ အပေါ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာတွင် အလယ်ခေတ်ဟန်ဖြင့် ကြီးမားသော သစ်သားလက်ဝါးကပ်တိုင်များ၊ ပုတီးများ၊ ယေရှုနှင့် မေရီတို့၏ ရုပ်ပုံများဖြင့် မွမ်းမံခဲ့သည်။
မဲလ်ဂစ်ဘ်ဆင်သည် အဆိုပါနေအိမ်ကို X-Files သရုပ်ဆောင် ဒေးဗစ် ဒူချော့ဗ်နီပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုထံမှတစ်ဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Braveheart ဇာတ်ကားဖြင့် အော်စကာဆု ၂ ဆုရရှိထားပြိး ယခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် သမိုင်းနောက်ခံရုပ်ရှင် ဇာတ်ကားကြီးဖြစ်သော Hacksaw Ridge အတွက် အော်စကာဆု တစ်ပေးခြင်းခံထားရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)