ကျောက်ဖြူအထူးစီးပွား ရေးဇုန်နှင့်ပတ်သက်၍ ဒေသခံ များနှင့် လူမှုရေး၊ သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ဖြေရှင်းဆောင်ရွက်ရန် ဒေသခံသုံးဦးအား အကြံပေးအဖွဲ့ဝင်သစ်အဖြစ် ထပ်မံခန့်အပ်ခဲ့ကြောင်း ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။
အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က ကျောက်ဖြူအထူးစီး ပွားရေးဇုန်နှင့် ပတ်သက်၍ လူမှု ရေးဆိုင်ရာ အကြံပေးနှစ်ဦးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကြံပေးအဖွဲ့ဝင်တစ်ဦး စုစုပေါင်းသုံးဦးကို အဖွဲ့ဝင်သစ်အဖြစ် သတ်မှတ်ဖွဲ့စည်းကြောင်း ဇူလိုင် ၂၈ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
‘‘အဲဒီသုံးဦးလုံးက ဒေသခံ တွေပါ။ ဒေသခံတွေနဲ့ညှိနှိုင်း ဆောင်ရွက်တဲ့အခါ အဆင်ပြေ အောင် ဒေသခံတွေကိုပဲ ရွေးခန့်ခဲ့တာပါ။ အမျိုးသမီးနှစ်ဦး ကေ တာ့ ကျောင်းဆရာမအငြိမ်းစားကြီးတွေပါ။အမျိုးသားတစ်ဦးကတော့ ပြည်နယ်အဆင့်မှာ တာဝန်ထမ်းဆောင်ဖူးပါတယ်’’ ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ အတွင်းရေးမှူးဦးရီဝင်းက ပြောသည်။
၎င်းတို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး အမျိုးသမီးနှစ်ဦး သည် ကျောင်းဆရာမအငြိမ်းစားဖြစ်ကာ အမျိုးသားတစ် ဦးသည် ပြည်နယ်အဆင့်အစိုးရရုံးတွင် ၀န်ထမ်းအဖြစ် တာဝန်ထမ်းေ ဆာင်ခဲ့ဖူးကြောင်း ၎င်းကပြောသည်။
လက်ရှိအစိုးရက ကျောက် ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီသစ်ကို ၂၀၁၆ အောက် တိုဘာ ၁၂ ရက်တွင် အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ေ က်ာမတီ အဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းပြီး နောက် တစ်နှစ်အတွင်း အဖွဲ့ဝင် သုံးဦး ထပ်မံဖြည့်စွက်ဖွဲ့စည်းခဲ့ သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင် အာရှ နိုင်ငံများကို ဆက်သွယ်ပေးမည့် အချက်အချာ ကျသည့် စီးပွားရေး ရပ်ဝန်းတစ်ခု ဖြစ်သည်။ ကျောက်ဖြူအထူးစီး ပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံ မှု ကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံရှိ မည်ဟု အစိုးရကခန့်မှန်းထား သည်။
တန်ချိန်ရှစ်သောင်းနှင့် ကိုး ထောင်အကြားရှိသည့် သဘောင်္ များဆိုက် ကပ်နိုင်သည့် မီတာ ၃၀၀ ရှည်ဆိပ်ကမ်းတည် ဆောက်ရေး လုပ်ငန်း တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည် ဖော်မည့် အစိုးရအ ဖွဲ့ဝင်နှင့် ပညာရှင်များက ကန်ဒေါ်လာသန်းသုံး ထောင်ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ဆက်လက်အကောင်အ ထည်ဖော်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးေ ဒါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်မစ္စတာ ဟုန်လျန် တို့အဖွဲ့ ဇူလိုင် ၂၆ ရက်တွင်တွေ့ဆုံခဲ့သည်။ စီမံကိန်း အကောင်အထည်ေ ဖ်ာရာ၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးေ ရးကိစ္စရပ်များ အတူတကွပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ် ပြန်သည်။
Credit: 7DayDaily