"အသက်တစ်ရာ မနေရသော်လည်း၊ အမှုတစ်ရာ တွေ့ရတယ်" ဆိုတဲ့ စကား ပုံက ရှေ့နေများကို ရည်ညွှန်းတယ်ဆိုရင် ပိုလို့တောင် မှန်မယ် ထင်တယ်။ေ ရှ့နေများမှာ အလုပ်သင် ရှေ့နေ ဘဝကစလို့၊ အသက်ထက်ဆုံး အမှုတွေ လိုက်ရင်းနဲ့ပဲ ဘဝနိဂုံးချုပ်သွားကြရတယ်။ တစ်ချို့ရှေ့နေကြီးများဆိုရင် အသက်(၇၀) ကျော် (၈၀) တိုင်အောင် အမှုသည်တွေက လိုက်ပေးပါဆိုလို့ လိုက်ပါ ဆောင်ရွက်ပေးနေခဲ့ရတယ်။
နာမည်ကြီးရှေ့နေဘဝမှာ အနားယူချိန် မရလိုက်ပါ
ဒါပေမယ့် စိတ်ကသာ အမြဲ နုပျိုနေတာ ခန္ဓာကိုယ်က စိတ်သွားတိုင်း ကိုယ် မပါတော့ဘူးလေ။ အဲ့ဒါကြောင့် ထင်ပါရဲ့။ ရှေ့နေကြီးအချို့မှာ တရားခွင်မျာ အမှုစစ်ပြီး နားနေရင်း အသက်ပါသွားတာလည်း ရှိခဲ့ဖူးတယ်။ အချို့ရှေ့ေ နကြီးများ ဆိုရင်လည်း နှစ်ရက် သုံးရက်လောက် ရုံးတတ်တာ မတွေ့ရလို့ နေ မကောင်းလို့များလားလို့ သတိတရ ရှိနေစဉ် သတင်းစာဖတ်ကြည့်လိုက်ေ တာ့မှ ထိုရှေ့နေကြီးရဲ့ နာရေးပါလာတာကို တွေ့ရပြီး၊ အံ့ဩမဆုံး ဖြစ်ကြရ တယ်။
သူများအပူ၊ ကိုယ့်အပူ ပြောင်းယူသူ
လူကြီးသူမတွေ ပြောသလို "နေ့မြင် ညပျောက်" ဆိုတာ အခြားသူတွေ အ တွက် မှန်ချင်မှန်မယ်။ ဒါပေမယ့် ရှေ့နေလောက အတွက်တော့ သွေးထွက်ေ အာင် မှန်လှပါတယ်။ ဘာကြောင့်လည်းဆိုတော့ "သူများအပူ၊ ကိုယ့်အပူ" လုပ်ရတဲ့သူတွေလေ။ တရားခွင်ရောက်ပြီဆိုတာနဲ့ သက်သေတွေရဲ့ ဝေ့ လည်ကြောင်ပတ် ထွက်ဆိုချက်နဲ့ ပတ်သတ်ပြီး တစ်ဖက်နဲ့တစ်ဖက် ဥပဒေနဲ့ မညီတဲ့အကြောင်း အပြန်အလှန် လျှောက်လဲချက်ပေးကြ။ အာဘောင်အာရင်း သန်သန်နဲ့ စစ်ကြပေးကြရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူးလေ။
နှလုံးရောဂါ အဖြစ်အများဆုံးလူတွေကို ညွှန်ပြပါလို့ ဆရာဝန်တွေကို မေး ရင် ရှေ့နေတွေကို ထိပ်ဆုံးမှာထားပြီး လက်ညှိုးထိုးပြလိမ့်မယ် ထင်တယ်။ အဲ့ဒီရှေ့နေတွေထဲမှာ "မောင်ကောင်းဖေ" တစ်ယောက်လည်း အပါအဝင်ေ ပါ့။ မကြာသေးခင်က အိမ်ခြံမြေ ဝယ်ရောင်းမိတ်ဆွေတစ်ဦးရဲ့ လမ်းညွှန်မှုနဲ့ ကျွန်ုပ်ထံသို့ တိုက်ခန်း အပြီးအပိုင် အရောင်းအဝယ် စာချုပ်လိုတဲ့ အမျိုးသမီး တစ်ဦး ရောက်လာတယ်။
စရန်ငွေ ပေးကတည်းက ရှေ့နေလိုတာပဲ
ထိုအမျိုးသမီးမှာ ဌာနဆိုင်ရာတစ်ခုမှ အငြိမ်းစားအရာရှိတစ်ဦး ဖြစ်နေတယ်။ ဝန်ထမ်းဘဝတစ်လျှောက်လုံး အစိုးရပေးတဲ့ တိုက်ခန်းမှာပဲ နေလာခဲ့သူ ဆိုတော့ ယနေ့ခေတ် ကန်ထရိုက်တိုက်ခန်း အရောင်းအဝယ် သဘောတ ရားတွေနဲ့ သိပ်ပြီး မရင်းနှီးဘူးဖြစ်နေတယ်။ ဒါနဲ့ မိမိရဲ့ ဘဝတစ်လျှောက်လုံး စုဆောင်းထား ငွေနဲ့ ပင်စင်ယူစဉ်က ရလာတဲ့ငွေတွေကို စုပေါင်းပြီး တောင် ဥက္ကလာဘက်မှာ သိန်းနှစ်ရာကျော်တန် တတိယထပ် တိုက်ခန်းတစ်ခုအပြီး ဝယ်ယူဖို့ ဆုံးဖြတ်ပြီး စရန်ငွေ သိန်းငါးဆယ် လောက် ပေးခဲ့တယ်လေ။
တိုက်ခန်း ရောင်းခွန်၊ ဝယ်ခွန် မဆောင်ကြသေးတဲ့ကာလ
စရန်ငွေချပြီးတဲ့ နောက်မှာ မိမိအမည်ပေါက်ဖြစ်အောင် ဝယ်ခွန်ဘယ်ေ လာက်ဆောင်မယ် ရောင်းသူကရော ဘယ်လောက်ဆောင်ရမလဲဆိုတာ သိချင်တာနဲ့ တိုင်းအခွန်ဦးစီးဌာနက ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ထံ သွားမေးကြည့်တယ်။ တကယ် အခွန်ဆောင်မယ်ဆိုရင် တောင် ဥက္ကလာ ပမြို့နယ်အတွင်းမှာတောင် လမ်းကျဉ်း/လမ်းကျယ် သတ်မှတ်ပြီး အခွန်ေ ဆာင်ရတယ်။ ဥပမာ။ ။ တတိယထပ်ဆိုရင် လမ်းကျဉ်းမှာ ၁ စတုရန်းပေ ၃၁၀၀၀၊ လမ်းကျယ်ဆိုရင် ၃၅၀၀၀ လမ်းမကျယ်ဆိုရင် ၃၈၀၀၀ ကျပ် ဆောင် ရတယ်ဆိုတာ သိတာနဲ့ အခွန်ဆောင်ဖို့ လက်တွန့်သွားတယ်လေ။
ဒါဆိုရင် ရောင်းသူကရော ဘယ်လောက်ဆောင်ရမှာလဲ မေးကြည့်တော့ တိုက်ခန်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း ဆောင်ရမတဲ့။ အို...ဒါဆို ရောင်းသူရော၊ ဝယ်သူရော မချောင်ပါလားဆိုတာ သိသွားတယ်လေ။ ဒါပေမယ့်လည်း လက်ရှိ အနေအထားအထိတော့ အတင်းအကြပ် အခွန်ကောက်ခံတာ မရှိသေးဘူး။ ဒါကြောင့် မဆောင်ချင်လည်း နေလို့ ရသေးတယ်လို့ သိရတော့ "အလို...တော်ပါသေးရဲ့" လို့ သက်ပြင်းချနိုင်တော့တာပေါ့။
အဲ..ခက်တာတစ်ခုက ဒီနေ့အထိ ပုဂ္ဂလိက တိုက်ခန်း အရောင်းအဝယ် လုပ်နေကြတဲ့သူ အတော်များများဟာ နိုင်ငံတော အခွန်မဆောင်ကြသေးဘဲ တိုက်ခန်းအရောင်းအဝယ်လုပ်ရင် မြေရှင် အသိအမှတ်ပြုခအဖြစ် အရောင်း တန်ဖိုးရဲ့ ၁ရာခိုင်နှုန်း ပေးပြီး လက်လွှဲလက်ပြောင်း လုပ်နေကြတာ ကို တွေ့ရတယ်။
အခွန်ကိစ္စ ငြင်းခုံကြလို့ ဒေါသအမျက် ထွက်ကြတယ်
ဒီတော့လည်း သူတို့လိုပဲ "အများမိုးခါးရေ သောက်ရင်၊ ကိုယ်လည်း သောက် ရမှာပေါ့" ။ အင်း...ဒါပေမယ့် တိုက်ခန်းရောင်းသူ ဦးလူဇော်နဲ့ အခွန်မေ ဆာင်ဘဲ၊ အခွန်ရှောင်ကြဖို့ ဇာတ်တိုက်ထားချင်ပေမယ့်၊ ဟိုတနေ့က နှစ်ဦး သား တွေ့ဆုံရင်း နှစ်ဦးနှစ်ဖက် အခွန်ဆောင်ရမယ့်ကိစ္စကို အခုလို ဂဃဏန မလေ့လာမီ အခွန်ဆောင်စရာမလိုဘူး/ လိုတယ် ငြင်းခုံကြလို့ ဒေါသေ တွ ပေါက်ကွဲကာ ရောင်းသူနှင့် ဝယ်သူတို့ အချင်းများပြီး တစ်ယောက် မျက်နှာ တစ်ယာက် မကြည့်ချင်လောက်အောင် ဖြစ်ကုန်ကြသတဲ့။
နှလုံးသား ငှား၍ ခံစားစေချင်သူ
ဒါကြောင့် တိုက်ခန်းအပြီးအပိုင် စာချုပ်တဲ့နေ့ကျရင် ဝယ်သူရှေ့ေ နအြ ဖစ် ဆောင်ရွက်ပေးဖို့ ကျွန်ုပ်ကို အလုပ်လာအပ်ပါတယ်။ ရောင်းသူ ဘက်က လည်း အားကျမခံ ရှေ့နေငှားလာမယ်ဆိုပဲ။အမယ်လေး..ဒီလိုဆိုရင်တော့ စာချုပ်ပေါ်က အချက်အလက် တွေကြည့်ပြီး၊ ဟို..အချက် ဖြုတ်ပေးပါ။ ဒီအချက် ထည့်ပေးပါ စသည်ဖြင့် ရောင်းသူနဲ့ဝယ်သူကြားမှာ ဥပဒေစ ကားေ တွနဲ့ ငြင်းကြရဦးမယ် ထင်ပါရဲ့လို့ ကျွန်ုပ်လည်း စိတ်ပူနေမိတယ်။ ဒီလို ရောင်းသူနဲ့ဝယ်သူအစာမကြေ ဖြစ်ကြလေ။ နှစ်ဖက်ရှေ့နေတွေမှာ နှလုံးရောဂါ ရဖို့ မြန်တယ်။
ပထမဆုံး ဝယ်သူဖြစ်လို့ First Owner လို့ ခေါ်ကြတယ်
ဒါနဲ့ အရောင်းအဝယ် စာချုပ်တဲ့နေ့ ရောက်တဲ့အခါ တိုက်ခန်းအရောင်း အဝယ် စာချုပ်ကို အပိုအလိုမရှိ ပြည့်ပြည့်စုံစုံ ရေးပြီး ယူသွားရတာပေါ့။ စာချုပ်မယ့် တိုက်ခန်း ရောက်တာနဲ့ ရောင်းသူဘက်ကလည်း အဆင်သင့် ကြိုဆိုနေပါတယ်။ ရောင်းသူက ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေကို ပြပါ တယ်။ ရောင်းတဲ့ တိုက်ခန်းက ကန်ထရိုက်တာထံက တိုက်ရိုက်ဝယ်ထား သူဖြစ်တော့ First Owner (ပထမဆုံး ပိုင်ရှင်) ပေါ့။
အကယ်၍ နောက်ကြောင်းပြန်လိုက်ခဲ့ရင် တာဝန်ကျေ အခွန်ပေးဆောင်ပါ
ဒီတော့လည်း စာချုပ်အဆက်အစပ် မများဘူး။ ဝယ်သူအတွက် ရှင်းပါ တယ်။ ရောင်းယူပြတဲ့အထဲမှာ မြေရှင်နဲ့ ကန်ထရိုက်တာတို့ ချုပ်ဆိုထားတဲ့ အခန်းပေး၊ အခန်းယူ စာချုပ်နဲ့ BCC လူနေထိုင်ခွင့် လက်မှတ် မိတ္တူတွေ လည်း ပြည့်စုံတာမို့ တိုက်ခန်းအရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးကြဖို့ စာချုပ်ကို ဖတ်ကြည့်ခိုင်းပါတယ်။ စာချုပ်ထဲမှာ "အကယ်၍ အခွန်ဦးစီးဌာန က ရောင်းခွန်၊ ဝယ်ခွန် တောင်းခံလာခဲ့ရင် ပေးကြရမယ်"ဆိုတဲ့ အချက်ကိုေ တာ့ ရောင်းသူက သဘောမကျပါဘူး "အခု မဟုတ်ပါဘူး၊ နောင်တစ်ချိန်မှာ အခွန်လိုက်လာခဲ့ရင်"လို့ ရှင်းပြရသေးတယ်။
ဒီကျတော့မှ သဘောတူသွားပြီး အရောင်းအဝယ် စာချုပ်မှာ နှစ်ဘက် သဘောတူလက်မှတ် ရေးထိုးဖြစ်ကြတယ်။ ဒီအချက်တွေဟာ ဥပဒေနှင့်ညီလို့ အခွန်တောင်းခဲ့ရင် ပေးရမှာဖြစ်တဲ့အကြောင်း သူ့ရှေ့နေက သူ့ရဲ့ ရောင်း သူကို ထပ်ရှင်းပြပေးတော့မှ ပိုပြီး အဆင်ပြေသွားတာပေါ့။ အင်း..တော် ပါသေးရဲ့ ရောင်းသူဝယ်သူတို့ရဲ့ နှစ်ဘက်ရှေ့နေတွေကလည်း အသိအကျွမ်းတွေဖြစ်နေတော့ အားလုံးအဆင်ပြေသွားကြပါတယ်။
ထုံးစံအတိုင်း မြေရှင်က အသိအမှတ်ပြု လက်မှတ်ထိုးပေးလို့ ၁ရာခိုင်နှုန်းနဲ့ သတ်မှတ်ပြီး (၃)သိန်းကို ရောင်းသူက မြေရှင် ကို ပေးလိုက်တယ်။ ရောင်း သူဝယ်သူတွေလည်း ဥပဒေနားလည်သူတွေပါတော့ ကြိုတင်မှန်းဆ ထားသလို မဖြစ်တော့ဘဲ အားလုံးအဆင်ပြေသွားကြပါတယ်။တစ်ဖက်က ဘဏ်မှာလိုက်ပြီး ငွေပေးချေတယ်။ တစ်ဖက်ကလည်း တိုက်ခန်းနဲ့ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေ လာရောက်ပေးသွားပါတော့တယ်။ တော်ပါသေးရဲ့ ဒီတစ်ပွဲလည်း ရှေ့နေ huant မထိလို့ ကံကောင်းပါတယ်။
ခေတ္တရာ မြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com