အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ အဆောက်အအုံတစ်ခုတွင် မှန်ဘီလူးပုံစံမျက်နှာစာအဆောက်အအုံတစ်ခု ကိုမြင်တွေ့ရသည်ဟု သိရသည်။
မူလက ကြော်ငြာကုမ္ပဏီ Chait/Day အတွက် ၁၉၉၁ ခုနှစ်နှင့် ၂၀၀၁ ခု နှစ်ကြားတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ကုမ္ပဏီပေါင်းများစွာ ငှားရမ်းအသုံးပြုနိုင်သည့် အဆောက်အအုံကြီးဖြစ်လာခဲ့သည်။
ဗိသုကာပညာရှင် Frank Gehry ၏လက်ရာဖြစ်ပြီး Gehry က ၇၅၃၄၇ စတုရန်းပေအကျယ် အဝန်းရှိသောအဆောက်အအုံကြီးကို ဒီဇိုင်းဆန်းအောင် ဆောက်လုပ်ချင်စိတ်ပြင်းထန်ခဲ့သည်။ မျက်နှာစာအဆောက်အအုံကို မှန်ဘီလူးနှင့်တူအောင် သံမဏိချောင်း များဖြင့်ကိုယ်ထည်ပြုလုပ်ပြီး ကွန်ကရစ်လောင်းကာ အပေါ်မှ Elastomeric ဆေးလိုက်သုတ်ယူခဲ့ရသည်။
မှန်ဘီလူးပုံ စံမျက်နှာစာအဆောက်အအုံ၏ တိုင်လုံးကြီးနှစ်ခုထဲတွင် အခန်းများဖန်တီးခဲ့ပြီး နှစ်ခန်းလုံးတွင် မျက်နှာကြက်မှတွဲကျနေသည့် မီးချောင်းရှည်ကြီးများဖြင့် အလှဆင်ထားသည်။
လက်ရှိတွင် မှန်ဘီလူးပုံစံ အဆောက်အအုံကြီးကို Google ကုမ္ပဏီက ငှားရမ်းထားပြီး ဗိသုကာပညာရှင် Gehry ၏ထူးခြားသောအဆောက်အအုံ ဒီဇိုင်းအဖြစ် ကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။
Credit: Pyi Myanmar