ရန်ကုန်စတော့အိတ် ချိန်းသို့ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ၀င်ေ ရာက်ရန် MAPCO ကုမ္ပဏီကို ငွေကြေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)က လိုအပ်သည့် အချက်အလက် များ ထပ် မံဖြည့်စွက်ခိုင်းထား ကြောင်း သတင်းရရှိသည်။
‘‘သူတို့တင်ပြလာတဲ့ အပေါ် မှာ ထပ်ပြီး လိုအပ်တဲ့ဟာတွေ ရှိ နေသေးေ တာ့ ပြန်ပြင်ဆင်ပြီး ကျွန်တော်တို့ဆီပြန်တင်ပြမှ ခွင့် ပြုပေးလို့ရမှာလေ။ စတော့အိတ် ချိန်းထဲကို ၀င်ဖို့သူတို့အပေါ်ပဲ မူ တည်တယ်’’ ဟု SECM အဖွဲ့ဝင်ဦးဌေးချွန်က ပြောသည်။
ထို့ကြောင့် အဆိုပါကုမ္ပဏီ အနေဖြင့် ယခုနှစ်အတွင်း ရန် ကုန်စတော့ အိတ် ချိန်းတွင် စာရင်း ၀င်ကုမ္ပဏီဖြစ်ရန် အဆိုပါကုမ္ပဏီ မှ SECM သို့ လာရောက် တင်ပြမှ သာစစ်ဆေးပြီး ခွင့်ပြုနိုင်သည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆို သည်။
MAPCO ကုမ္ပဏီအနေဖြင့် ၀င်ရောက်လာပါက ရှယ်ယာအ သစ်များ ထုတ်ေ ရာင်းမည့် အ နေအထားဖြစ်သောကြောင့် လူ စိတ်ဝင်စားမှုမြင့်တက်လာ ပြီး ဈေး ကွက်တွင် အရောင်းအ၀ယ် ပြန် လည်ကောင်းမွန်လာနိုင်ကြောင်း ဦးဌေးချွန်က သုံးသပ်သည်။
လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာအရောင်းအ ၀ယ်ပြုလုပ်မှု နည်းပါးပြီး ဈေး ကွက်လည်း အနည်းငယ်ပြန်လည် ကျဆင်းနေသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်ခဲ့ ပြီး FMI ကုမ္ပ ဏီက ၂၀၁၆ မတ် လ၌ ပထမဆုံးရှယ်ယာအရောင်း အ၀ယ်စတင်သော စာ ရင်းဝင် ကုမ္ပဏီဖြစ်သည်။ လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီလေးခုရှိပြီးရှယ် ယာအရောင်းအ၀ယ်ကျဆင်းနေ သည်။ ဇူလိုင်နောက်ဆုံးပတ်အ ထိ ကျပ် ၈၉ ဘီလီယံအရောင်း အ၀ယ်ဖြစ်ကာ အစုရှယ်ယာ ၅ ဒသမ ၂ သန်းကျော်ေ ရာင်းချထား ကြောင်း ရန်ကုန်စတော့အိတ်ချိန်း က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြည်တွင်း ကုမ္ပဏီများသာ စာရင်းဝင်ကုမ္ပဏီ ဖြစ်လာနိုင်သောေ ကြာင့် နောက် ပိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များပါဝင်လာနိုင်ရန် မြန်မာနိုင် ငံ ကုမ္ပဏီများဥပဒေအတည်ပြုပြီး ပါက ၀င်ရောက်နိုင်မည့် အခြေအ နေ ရှိနေသည်။
သို့မှသာ လက်ရှိဈေးကွက် အေးနေသည့် ရန်ကုန်စတော့ အိတ်ချိန်းသည် ပိုမိုပြီးအရောင်း အ၀ယ်ကောင်းမွန်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထား သည်။
Credit: 7DayDaily