မြန်မာ-ထိုင်း နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း ထိုင်းဘတ်ငွေဈေးစံချိန်တင်မြင့်တက်လာမှုကြောင့် စားသောက်ကုန်နှင့်လူ သုံးကုန်ပစ္စည်းများဈေးမြင့်တက်လာခဲ့ပြီး ရောင်းဝယ်ဖောက်ကားမှုများ အေးနေကြောင်းသိရသည်။
မြဝတီမြို့တွင် မြန်မာကျပ်ငွေနှင့်ထိုင်းဘတ်ငွေနှစ်မျိုးစလုံးတွင် ကျယ်စွာသုံးစွဲလျက်ရှိပြီး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှဝယ်ယူသုံးစွဲနေရသဖြင့် ထိုင်းဘတ်ငွေဈေးမြင့်တက်လာသည်နှင့်အမျှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာလည်း မြင့်တက်လာလေ့ရှိသည်။
''ကျွန်မတို့က မဲဆောက်မှာ ထိုင်းဘတ်ငွေနဲ့ဈေးဝယ်တယ်။ မြ ဝတီပြန်ရောက်တော့ မြန်မာငွေနဲ့ တွက်ပြီးပြန်ရောင်းတယ်။ ထိုင်းဘတ် ငွေဈေးမြင့်တက်တော့ မြန်မာငွေ နဲ့တွက်ပြီးရောင်းရတဲ့အတွက် ဈေး မြင့်သွားတာဖြစ်ပါတယ်။ အခုလော လောဆယ်မှာတော့ မဲဆောက်ဘက် အဝယ်ကိုရပ်ထားတယ်။ ဈေးရောင်း မကောင်းတော့ ရန်ကုန်-မော်လမြိုင် ဖောက်သည်တွေလည်း တက်မလာကြတော့ဘူး။ ဆိုင်ပိတ်ထားပြန်တော့လည်း မဖြစ်သေးတာကြောင့် သည်းခံပြီးရောင်းနေရတာပေါ့''ဟု ကုန်ပစ္စည်းရောင်းချသူတစ်ဦးက ပြောသည်။
ယခုအခါ မြဝတီမြို့တွင် ထိုင်းဘတ်ငွေ ၂၄၆ဝ ဘတ်လျှင် မြန်မာ ငွေကျပ် ၁ဝဝဝဝဝ ဖြစ်နေပြီး ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းဘတ်ငွေ ၂၄၅၂ ဘတ်လျှင် မြန်မာကျပ်ငွေ ၁ဝဝဝဝဝ ပေါက်ဈေးရှိခဲ့ကာ မြန်မာ ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၉၉ဝဝဝ၊ ထိုင်းရွှေတစ်ဘတ်သားလျှင် ကျပ် ၈၆၁ဝဝဝ အသီးသီးပေါက်ဈေးရှိနေ ကြောင်း သိရသည်။
Credit: Democracytoday