ဆွစ်ဇာလန်နိုင်ငံ ဇာ မတ်မြို့အနီးတွင် ခြေလျင်ခရီး သွားများအတွက် ကမ္ဘာ့ အရှည်ဆုံး လူသွားကြိုးတံတားတစ်စင်း ကို ဖွင့်လှစ်ခဲ့သည်။
Europabrucke ဟု အမည်ရပြီး ၄၉၄ မီတာရှည်လျားသော အဆိုပါကြိုး တံ တားသည် Grab- engufer ချောက်၏ မြေပြင်မှ အ မြင့် ၈၅ မီတာအကွာ တွင် တည်ရှိသည်။
သြစတြီးယားနိုင်ငံ ရီတီမြို့ ၌ တည်ဆောက်ထားသော ကြိုး တံတား တစ် စင်းသည် ၄၀၅ မီတာ အရှည်ရှိပြီး မြေပြင်မှ အမြင့်ပေ ၁၁၀ မီတာရှိသော် လည်း ဇာမတ် မြို့ ခရီးသွားဘုတ်အဖွဲ့က Euro-pabrucke တံတားကသာ ကမ္ဘာ့ အရှည်ဆုံး ကြိုးတံတားဖြစ် ကြောင်း ပြောသည်။
ကျောက်တုံးများ ပြိုကျခြင်း ကြောင့် ပျက်စီးသွားသော တံ တားဟောင်းနေရာ တွင် အဆိုပါ ကမ္ဘာ့အရှည်ဆုံး ကြိုးတံတားကို ပြန်လည်တည်ဆောက် ခြဲ့ ခင်းဖြစ် သည်။
ထိုကြိုးတံတားသစ်ကို တံ တားလှုပ်ယမ်းခြင်းမရှိသော နည်း ပညာ ထည့် သွင်း၍ အလေးချိန် ရှစ်တန်ခန့်ရှိသော ကေဘယ်ကြိုးများဖြင့် တည်ေ ဆာက်ထား ကြောင်း ဇာမတ် ခရီးသွားဘုတ် အဖွဲ့က ပြောသည်။
ဆွစ်ဇာလန် တောင်ပိုင်း ဇာမတ်မြို့မှ ပရာချန်ဒေသသို့ နှစ် ရက်ကြာ ခြေလျင် ခရီးသွားသူ များသည် ထိုကြိုးတံတားကို ဖြတ် သန်းရမည်ဖြစ်သည်။
Credit: 7DayDaily