၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ရာခိုင်နှုန်း ၈၀ အထိပြင်ဆင်ရန်ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကိုရာခိုင်နှုန်း ၈၀ အထိ ပြင်ဆင်ရန်လိုအပ်နေ ကြောင်း လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူ များက ထောက်ပြကြသည်။
ယင်းဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့ အလံပြဘုရား လမ်းပေါ်ရှိ Park Royal ဟိုတယ် တွင်ပြုလုပ်ခဲ့ရာမှLand Manag-ement Consultant မှ ဦးဇော်မင်း၊EcoDev Myanmar မှDirector ဦးဝင်းမျိုးသူနှင့် တိုင်းရင်းသားလူထု တိုးတက်ရေးမိတ်ဖက်အဖွဲ့မှ အထွေ ထွေအတွင်းရေးမှူး ဦးထွန်းမြင့် အောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြ သည်။
""၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမှာ တောင်သူလယ်သမား ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ စီးပွား ရေးလုပ်ငန်းရှင်ကြီးတွေကပါ ငွေတွေ ရင်းနှီးမြှုပ်နှံပြီး လယ်သမားအမည် ခံလို့ရတာတွေ့တယ်။
ဒါကအကျိုး စီးပွားပဋိပက္ခတွေကိုဖြစ်စေတယ်။ နောက်တစ်ချက်က လွတ်လပ်စွာသီး နှံစိုက်ပျိုးခွင့်ပေးသင့်တယ်။ လယ် သမားက သူ့အတွက်မကိုက်တဲ့သီးနှံကို ကြိတ်မှိတ်ပြီးစိုက်ပျိုးနေရင်လည်း အဆင်ပြေမှာမဟုတ်ပါဘူး""ဟု
တိုင်း ရင်းသားလူထုတိုးတက်ရေးမိတ်ဖက် အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြင့်အောင်က ပြောသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေသည် အမှန်တကယ်လုပ်ကိုင် နေသော လယ်သမားများ၏အကျိုး စီးပွားကို အကာအကွယ်ပေးနိုင်မှု မရှိခြင်းကြောင့် လယ်ယာမြေအငြင်း ပွားမှုများကိုပိုမိုဖြစ်စေကြောင်း
လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
""၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမှာ မြေယာတွေကိုလက်ဝယ် ထားရှိပြီး စိုက်ပျိုးလုပ်ကိုင်အသုံးချ ခွင့်ပြုရေးကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ သွားတွေ့တာတော့ လက်ဝယ်ထား ရှိမှု၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ အသုံး ချခွင့်ပြုခြင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိရမယ်။ ဒီအခွင့်အရေးတွေကို အစိုးရကိုယ်တိုင်မသိဘူး။ လယ်ယာမြေ ဥပဒေမှာ ချို့ယွင်းချက်က ဒီအခွင့်အ ရေးတွေကို အကောင်အထည်မဖော် နိုင်တာပါပဲ။ ဒါကလည်း ဥပဒေ ကြောင်းနဲ့ နိုင်ငံရဲ့စီးပွားရေးအခြေအနေကြောင့်ဖြစ်ပါလိမ့်မယ်""ဟုLand Manag-ement Consultant မှ ဦးဇော်မင်းက ပြောသည်။လိုဟုဆို
Credit: Democracytoday