လက်ရှိ ရန်ကုန်မြို့သည် မြတ်ဗုဒ္ဓ၏ ဒေသနာတော်လာ ရင်ဝကို မြားစူးေ နသော ပုဂ္ဂိုလ်နှင့် အလွန်တူ၏။မြားတစ်စင်းမဟုတ် နှစ်စင်းတိတိ စူးဝင်သော ဒဏ်ရာကို လူဦးရေ ၅ ဒသမ ၂ သန်းစလုံး တစ်ပြိုင်တည်း အပြင်းအထန် ခံစားနေရ၏။
အစိုးရသည် သမားတော်နှင့်တူ၏။ လက်ရှိ မြားစူးနေသော ဒဏ်ရာကို အရင် ကုသပေးမည်လော၊ နောက်ထပ်မြားဘေး လုံခြုံမည့်နေရာသစ် တည်ေ ဆာက်ရေး လုပ်ငန်းကို အရင်လုပ်ဆောင်မည်လောဟု စဉ်းစားစရာအချက်
နှစ်ရပ် ပေါ်ထွက်လာ၏။
ပထမ အချက်သည် လက်ရှိပစ္စုပ္ပန်တည့်တည့်၌ မြားဒဏ် ခံစားနေရေ သာ ဝေဒနာရှင်ကို ဦးစားပေးကုသခြင်း ဖြစ်၍ ဒုတိယအချက်သည် အနာဂတ် ကာလ၌ မြားဒဏ်ခံရမည့် ဝေဒနာရှင် လျော့နည်းပပျောက်ရေးကို အဓိက ဦးစားပေးဆောင်ရွက်ခြင်းဖြစ်၏။
ရန်ကုန်၏ ပထမမြားဒဏ်ရာမှာ ကျူးကျော်အိမ်ရာများ အလွန့်အလွန် တိုး ပွားများပြားမှု မြားဒဏ်ရာဖြစ်၏။ ယခင် ၁၉၅၈ ခုနှစ်က စူးဝင်ခဲ့သော မြား ချက်ထက် ငါးဆတိတိ ပိုမိုစူးဝင်ပြီး ၁၉၈၈ ခုနှစ်က စူးဝင်ခဲ့သော မြားချက်
ထက် နှစ်ဆခန့် ပိုမိုစူးဝင်၏။ မြို့အနှံ့နေရာ ပေါင်း ၄၀၀ ကျော်တွင် အိမ်ေ ထာင်စုပေါင်း တစ်သိန်းခွဲနှင့် လူဦးရေ ငါးသိန်းခန့်ရှိသော မြားချက်ဖြစ်၏။
ဒုတိယမြားချက်မှာ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံများ ယိုယွင်း ပျက်စီးမှု မြားချက်ဖြစ်၏။
‘ယာဉ်ကြောကျပ်တည်း၊ ရေကြီးမီးပြတ်၊ သောက်ရေခက်၍ သယ်ပို့ကွန်ရက်၊ YBS နှင့် ဒဏ်ချက်များစွာ၊ ဝေဒနာအဆိပ်၊ ငယ်ထိပ်တက်သော’ မြားချက်ြ ဖစ်၏။
သမားကောင်းတို့မည်သည် ရင်ဝမှ မြားဒဏ်ရာကိုသာ အရင်ဆုံး သက်သာေ ပျာက်ကင်းအောင် စူးစူးစိုက်စိုက် ကုသပေးလေ့ရှိ၏။
မြတ်ဗုဒ္ဓကလည်း လူသား၏ ရင်ဝ၌ ပစ္စုပ္ပန်တည့်တည်စူးဝင်နေသော ဒုက္ခမြားကိုနုတ်၍ ဒဏ်ရာပျောက်ကင်းရေး ဦးစားပေးရမည်ဟု ဒေသနာေ တာ်၌ ဥပမာပေး ဟောကြားတော်မူခဲ့လေသည်။
ထို့ကြောင့် ပစ္စုပ္ပန်တည့်တည့်စူးဝင်နေသော အထက်ပါမြားဒဏ်ရာများကို ကုသပေးခြင်းသည် ရန်ကုန်မြို့အတွက် အဓိက ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပြီး မြားဘေး လုံခြုံမည့်နေရာ တည်ဆောက်ရေးနှင့်တူသော
‘ရန်ကုန် မြို့သစ်တည်ဆောက်ရေး’ သည် အနာဂတ်လူဦးရေ တိုးပွားမှု အ တွက် ဖြစ်သည့်အလျောက် လက်ငင်းဦးစားပေးရမည့် အရေးကြီး လုပ်ငန်း မဟုတ်ကြောင်း ဖော်ပြလိုပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ တောင်ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးမှု အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် အကြောင်း ကို ဖော်ပြလို၏။
- ၁၉၇၀ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ် အထိ ကာလအတွင်း စက်မှုဖွံ့ဖြိုးရေးကို အဓိကထား ဆောင်ရွက်ခဲ့၏။
- ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အိမ်ရာဖွံ့ဖြိုးရေးနှင့် ဆိုးလ်မြို့ ပတ်ဝန်းကျင်၌ ခေတ်မီမြို့သစ်များ တည်ဆောက်ရေးကို ဦးစားပေးေ ဆာင် ရွက်ခဲ့၏။
- ၂၀၀၀ ပြည့်နှစ်မှစ၍ ဟန်ချက်ညီသော အမျိုးသားဖွံ့ဖြိုးရေးကို ဦးစားေ ပးဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရ၏။ရှေးဦးစွာ တိုင်းပြည်၏ GDP ကို တိုး တက်အောင် ပြုလုပ်ပြီးမှသာ ခေတ်မီမြို့သစ်ကြီးများတည်ဆောက်မှုအဆင့်သို့ ကူးပြောင်းခဲ့သည်မှာ အလွန်ထင်ရှားပေသည်။လက်ရှိ မြန်မာနိုင်ငံ၏ GDP သည် အာဆီယံနိုင်ငံများ၌ပင် အနည်းဆုံးအုပ်စု၌ ပါဝင်၏။
- နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော် ရှိပြီး ပြည် တွင်းြေ ကွးမြီမှာလည်း ကျပ်ဘီလီယံ တစ်သောင်းခွဲအထိရှိသော နိုင်ငံ ဖြစ်၏။
- ဘတ်ဂျက်လိုငွေမှာလည်း နှစ်စဉ်ဆက်တိုက် ပိုမိုများပြားနေ၏။ ၂၀၁၅-၁၆ တွင် ကျပ် ၃,၆၅၉ ဘီလီယံရှိပြီး ၂၀၁၆-၁၇ တွင် ဘီလီယံ ၄,၀၀၀ ရှိခဲ့၏။
- မြန်မာ ငွေကျပ်တန်ဖိုးမှာလည်း ကျဆင်းမြဲဖြစ်ပြီး တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်ဝန်းကျင်အထိရှိကြောင်း သိရှိရ၏။ ကျမြဲကျဆဲကျပွဲနှင့် ကြုံ တုန်းဖြစ်၏။
- ကုန်သွယ်မှု လိုငွေက လည်း ၂၀၁၆-၁၇တွင် ဒေါ်လာ လေးဘီလီယံကျော် ရှိပြန်၏။
- ငွေဖောင်းပွမှုက ၂၀၁၁-၁၂ တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိရာမှ နှစ်စဉ် တိုးတက်နေပြီး ၂၀၁၇-၁၈ တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရ၏။
တိုင်းပြည်ဆင်းရဲနေသော အချိန်တွင် ခေတ်မီမြို့သစ်ဝတ်စုံကို တန်ဖိုးကြီးေ ပး၍ ဆင်မြန်းမည်လော၊ ရှိသည့်ဝတ်စုံကို ကောင်းသည်ထက်ကောင်းအောင် မွမ်းမံ ပြုပြင်၍ ဆင်မြန်းမည်လော စဉ်းစားသင့်၏။
ဤကဲ့သို့သော အခြေအနေတွင် ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံကဲ့ သို့ေ ခတ်မီမြို့သစ် တည်ဆောက်ခြင်းထက် အခြေခံအဆောက်အအုံ များ ကောင်း မွန်ရေး နှင့် အထူးစီးပွားရေးဇုန်များ တိုးချဲ့ တည်ဆောက်ခြင်းကို ပိုမိုဦး စား ပေးသင့်သည် မဟုတ်ပါလော။
ထို့အပြင် ရန်ကုန်မြို့သစ်တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုအပိုင်းကို လေ့လာ ကြည့်ရာတွင် ဒေါက်တိုင်သုံးတိုင်ရှိသည့်အနက် ခြေနိုင်လက်နိုင် မိမိပိုင် ဟူ၍ P.P.P ဟူ သော တိုင်တစ်တိုင်ကိုသာ တွေ့ရှိ ရ၏။
* World Bank နှင့် IMF စသော အဖွဲ့အစည်းများက ကိုယ်ပိုင် ရင်းနှီးမြှု ပ်နှံပြီး လုပ်ငန်းခွင်၌ ပါဝင်ဆောင်ရွက်မှုကို ပထမတိုင်အဖြစ် ဖော်ပြထား၏။ ၎င်းအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံပြီး ကိုယ်တိုင် ပါဝင်တည်ဆောက်သော မြို့သစ်ဟူ၍ ကမ္ဘာပေါ်တွင် အထင်အရှား လုံးဝမကြားဖူး၊ မမြင်ဖူးသေးပေ။
၎င်းအဖွဲ့အစည်းများသည် ကမ္ဘာ့နိုင်ငံများ၌ ကိုယ်တိုင်ရင်းနှီးပြီး လုပ်ငန်းအေ ကာင် အထည်ဖော် ဆောင်ရွက်လေ့ရှိသော အဖွဲ့အစည်းများလည်း ဟုတ် ပါ၏လောဟု များစွာသံသယဖြစ်မိ၏။
* ဒုတိယ ‘တိုင်’က ထုံးစံအတိုင်း နိုင်ငံခြားအကြွေးဖြစ်၏။ လက်ရှိအကြွေး ကိုးဘီလီယံကျော်ကို ထပ်တိုးမည့်အစီအမံ၌ မြို့သစ်တည်ဆောက်မှုလုပ်ငန်း ပါဝင်သင့်၊ မသင့်၊ တစ်နည်းအားဖြင့် နေရေးအတွက် ပြည်သူတို့ ပြည်ပ ကြွေး
တင်သင့်၊ မသင့်မှာ စဉ်းစားဖွယ်ရာ များစွာရှိနေပေသည်။
ကမ္ဘာပေါ်၌ အစိုးရက နိုင်ငံခြားမှ ချေးငွေများရယူပြီး ခေတ်မီမြို့သစ်ကြီး တည်ဆောက်သည်ဟူ၍လည်း မကြားဖူးသလောက် ဖြစ်၏။
ကိုရီးယားနိုင်ငံတွင် ငွေချေးစာချုပ် ရောင်းခြင်း၊ ပြည်တွင်းမှ ဘဏ် ချေးငွေ ရယူခြင်းဖြင့် နိုင်ငံတကာ အဆင့်မီ မြို့သစ်များတည်၏။ စက်မှုဖွံ့ဖြိုးသော အခါသမယ၌ လူလတ်တန်းစားကြီးထွားမှု (Middle Class Boom) ဖြစ်ထွန်း လာ၍ ၎င်းတို့၏ ဝယ်လိုအားကို အသုံးပြုနိုင်ခြင်းဖြစ်၏။
မြန်မာနိုင်ငံ၌ လူလတ်တန်းစား ဝယ်လိုအားက လုံးဝ မတောင့်တင်းေ သးသည့် အပြင် ရှိစုမဲ့စု ဝယ်လိုအားက အေးခဲပြီး ကျဆင်းနေပြန်၏။ ရန်ကုန် မြို့၌ ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၅၀ ရာခိုင်နှုန်း အ ထိ လျော့ကျခဲ့ကြောင်းလည်း သိရှိရ၏။
ပြည်တွင်းဈေးကွက်အေးပြီး အရောင်းအဝယ် မရှိသလောက်ဖြစ်၍ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများကိုပါ များစွာ ထိခိုက်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၏ အာဇာနည်နေ့မတိုင်မီ အင်တာဗျူးတစ်ခု တွင် ပြောကြားခဲ့သည်ကိုလည်း ကြားရသိရ ပြန်၏။
ဤအခြေအနေတွင် P.P.P ဟူသော တတိယတိုင်သည်လည်း အင်အားေ တာင့်တင်း ခိုင်မာနိုင်ပါမည်လော ဟု ဆန်းစစ်သင့်လှ၏။
လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်း များအသင်းမှ အထပ်မြင့် အဆောက်အ အုံ ဆောက်လုပ်ဆဲလုပ်ငန်းရှင်များ၏ အနေအထား ကို လေ့လာသုံးသပ်လျှင် အရင်း မြုပ်ပြီး ငွေမပေါ်သူကများ၏။ ‘ရှိထည့်၊ ရှိထည့်’ ဖြစ်နေကြောင်း သိရှိရ၏။
ရန်ကုန်၏ အချက်အချာကျသော နေရာဒေသမှ စီမံကိန်းများအတွက် အလား အလာ ကောင်းကို မျှော်နိုင်သော်လည်း ဝေးလံသောအရပ်မှ မြို့သစ်တစ်ခု၌ အထပ်မြင့် ဆောက်ရန် စွန့်စားရင်းနှီးမည့်သူသည် ရှိတော့ရှိမည်၊ သို့သော် အလွန်ရှားမှာ သေချာ၏။
ရင်းနှီးမြှုပ်နှံရာတွင်လည်း လှိုင်မြစ်ကူး တံတားကြီးများ တည်ဆောက်မှု ကုန် ကျစရိတ်အပြင် လက်ရှိလျာထားသော မြေနေရာ အများစုသည် ပင်လယ်ရေ မျက်နှာ ပြင်အထက် ၁၁ ပေမှ ၁၆ ပေသာ မြင့်၍ စံချိန်မီ မြို့တစ်မြို့ဖြစ် ရန် မြေပြင်အထက် ပေ ၂၀ မှ ၃၀ အထိပင် တစ်ပြင်လုံး မြေဖို့ရန် လိုအပ် မည်ဖြစ်ကြောင်း လေ့လာသိရှိရ၏။ သုံးထပ်တိုက် တစ်လုံး၏ အမြင့်မျှရှိနိုင်၏။
အကယ်၍ ထိုကဲ့သို့ မြေဖို့ရပါလျှင် မြေဖို့စရိတ် များစွာကုန်ကျမည်ဖြစ်ပြီး လယ်ယာမြေ လျော်ကြေးနှင့်ပေါင်းလျှင် ဧကပေါင်း သုံးသောင်းအ တွက် မြေ စည်ပင် စရိတ်မှာ ကြောက်ခမန်းလိလိ ကုန်ကျမည်ဖြစ်၏။ ၎င်းမြို့သစ်၏ ဧရိယာ ဧက သုံးသောင်း ဟူသည်မှာလည်း မန္တလေးမြို့၏ လက်ရှိဧရိယာနှင့် တူညီ၏။ တစ်ဧကလျှင် ပျမ်းမျှ လူဦးရေ သိပ်သည်းမှု ၄၀ မှ ၆၀ အထိ တွက် ချက်လျှင် လူဦးရေ ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၈ သန်းအထိ နေနိုင်သော မြို့ကြီးဖြစ်လာမည် ဖြစ်ပေသည်။ဤနေရာ၌ လက်ရှိ ရန်ကုန်၏ လူဦးရေ သိပ်သည်းမှု အခြေအနေကို ဆန်းစစ်သင့်၏။
- ကုလသမဂ္ဂအဖွဲ့ကြီး၏ UNHA-BITAT စံနှုန်းအရလည်း တစ်ဧက လျှင် ၆၁ ဦးအထိ သင့်လျော်ကြောင်း သိရှိရ၏။
- လက်ရှိ ရန်ကုန်တွင် တစ်ဧကလျှင် ပျမ်းမျှ လူဦးရေ သိပ်သည်းမှု ၃၅ ဦးခန့် သာ ရှိသေး၏။ (Zoning Law ဖြင့် စနစ်တကျထိန်းချုပ်နိုင်မှု မရှိသဖြင့် ကြည့်ြ မင်တိုင်နှင့် စမ်းချောင်းမြို့နယ်များတွင် တစ်ဧကလျှင် ၈၀ မှ ၂၀၀ အထိ ရှိနေကြောင်း သိရှိရ၏။)လက်ရှိ ရန်ကုန်မြို့ အကျယ်အဝန်းသည် စတုရန်းမိုင် ၃၀၆ ဒသမ ၇ မိုင် (ဧက - နှစ်သိန်းခန့်) ရှိ၏။
ဤအကျယ်အဝန်းအရ လက်ရှိ လူဦးရေသိပ်သည်းမှုကို တစ်ဧကလျှင် ၃၅ မှ ၄၀ အထိသာ တိုးမြှင့်လျှင်ပင် နောက်ထပ် လူဦးရေ တစ်သန်းခန့်ကို အေးေ အး ဆေးဆေး လက်ခံနိုင်သေး၏။
ရန်ကုန်လူဦးရေသည် လက်ရှိ တစ်နှစ်လျှင် တစ်သိန်းခန့် တိုးပွားနေပေ ရာ နောင် ၁၀ နှစ်အထိ မြို့သစ်ကြီးတည်ရန် မလိုအပ်ဘဲ စနစ်တကျ လူဦးေ ရ သိပ်သည်းဆ မြှင့်တင်ပေးသောနည်းဖြင့်ပင် ထိန်းထားနိုင်မည် ဖြစ်ေ ကြာင်း ဖော်ပြလို၏။
ထို့အပြင် လူဦးရေတိုးပွားလာသော မြို့ကြီးတစ်မြို့အတွက် အိမ်ရာဖြည့် ဆည်းရေး နည်းလမ်း သုံးရပ်ရှိ၏။
- ပထမနည်းလမ်းမှာ လူဦးရေသိပ်သည်းမှုကို စနစ်တကျ မြှင့်တင်ခြင်း (Guided Densi-fication) ဖြစ်ပြီး
- ဒုတိယနည်းလမ်းမှာ မြို့မြေထပ်မံတိုးချဲ့ခြင်း (Ex-tension of Urban Area)ဖြစ်၏။ ကျူးကျော်များ နေရာချထားမှု အတွက် အသင့်လျော်ဆုံး နည်းလမ်းဟုလည်းဆိုနိုင်၏။
- တတိယ နည်းလမ်းမှာ မြို့သစ် (New Town) ကို လက်ရှိ ဧရိယာနှင့် တစ် ဆက် တည်း သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း တည်ေ ဆာက်ခြင်းဖြစ်၏။
ရန်ကုန်သည် ပထမနည်းလမ်းကို စနစ်တကျ ထိထိရောက်ရောက် မကျင့် သုံးရသေးဘဲ တတိယနည်းလမ်းကို အဆင့်ကျော်ပြီး မနိုင်မနင်း ပဲကြီးဟင်း စားခဲ့သည်မှာ နှစ်ကြိမ်၊ သုံးကြိမ်ရှိခဲ့ပြီဟု ဆိုနိုင်၏။
ယခု တတိယအကြိမ်မှာတော့ ရှောင်ရှားသင့်ပေပြီ။ အထူးသဖြင့် ယခင် တည်ဆောက်ခဲ့သော မြို့သစ်ခုနစ်မြို့သည် လက်ရှိ ရန်ကုန်ဧရိယာ၏ ထက်ဝက်ကျော် ကျယ်ဝန်းပြီး အကြီးအကျယ်ပြန့်ကျဲမှု (Urban Sprawl) ရှိနေသေး၏။
*မင်္ဂလာဒုံမြို့ကြီးတည်ရာ မြောက်ဖျားတွင်လည်း ချောက်ချားသော မြေဧရိယာ များစွာ ရှိနေသေး၏။
* ဒဂုံ(အရှေ့)နှင့် ဒဂုံ(တောင်)တွင် ဧကငါးထောင်ကျော်မှာ လစ်လပ်နေ၏။
သိသူဖော်စား၊ မသိသူကျော်သွား ဖြစ်နေပြီလော ဆန်းစစ်သင့်၏။
ဤနေရာတွင် တစ်သိန်းခွဲ ရှိသော ကျူးကျော်အိမ်ထောင်စုများ နေရာ ချ ထားရေးနှင့် တကွ လက်ရှိ မြို့သစ်များ အပါအဝင် ရန်ကုန်၏ အခြေခံ အဆောက်အအုံများ အဆင့်တိုးမြှင့်ရေး လုပ်ငန်းကိုလည်း ဆောင်ရွက်မည်။
အခြားတစ်ဖက်တွင် မြို့သစ်ကြီးကိုလည်း တစ်ပြိုင်တည်း တည်ဦးမည်ဟူ၍ စူးဝင်နေသော မြားဒဏ်ရာလည်း ကုမည်၊ နောင် မြားဘေးလုံခြုံရေး အတွက် အဆောက်အအုံသစ်လည်း တည်မည်ဆိုပါလျှင် လက်ရှိ တိုင်းပြည်၏ စီးပွားေ ရး အခြေအနေအရ လှေနံနှစ်ဖက်နင်းသကဲ့သို့ ဖြစ်မည်ဟု ယူဆပါသည်။
ဗိုလ်အောင်ဒင်က မမြဝင်းအား ကိုဘချစ်အချစ်နှင့် မိမိအ ချစ် လှေနံနှ စ်ဖက် ဖြစ်နေသော အနေအထား၌ ‘‘နင်းရင်း နင်းရင် ကျွန်တော့်ဘက်သာ နင်းလိုက်ပါ မမြဝင်းရယ်’’ဟု ဆိုခဲ့လေ၏။ ဗိုလ်အောင်ဒင်ကဲ့သို့ပင် တာဝန်ရှိ သူမျာအား လှေနံနှစ်ဖက်ကို မနိုင်မနင်းဘဲ နင်းခဲ့မိပါလျှင် ‘စေတနာ လော ဘကြောင့် ဝေဒနာဖောကြွ' သကဲ့သို့ မြားဒဏ်ရာပြင်းထန်လာမှာ စိုးရိမ်မိ၏။
ထို့ ကြောင့် နင်းရင်းနင်းရင် လက်ရှိ မြားဒဏ်ရာ စူးဝင်နေသည့် ဘက်သို့သာ လျှင် အပြီးအပြတ်နင်းလိုက်ပါတော့ ဟု ဗိုလ်အောင်ဒင်လို တောင်းဆိုလိုေ ပသည်။
အခြား ထူးခြားချက်တစ်ရပ်မှာ ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ကိုရီးယားနိုင်ငံ KOICA နှင့်ပေါင်း ၍ ‘တွံတေးဒလမြို့သစ်’ဟု စီမံကိန်းရေးဆွဲနေကြောင်း သိရှိရပြန်၏။
မြို့သစ်စီမံကိန်းတွေ အပြိုင်အဆိုင် ဖြစ်နေမည်လောဟုလည်း စိုးရိမ်မိ၏။ ‘ရန်ကုန်မြို့သစ်’ ဟူသော အမည်နာမကို လုံးဝသုံးစွဲမှု မပြုခြင်း၊ ဒလမြို့ ဖွံ့ဖြိုးရေးကိုပါ ထည့်သွင်းစဉ်းစားခြင်းဟူသော အချက်တွင် KOICA က သာနေ ၏။ လက်ရှိ ရန်ကုန်အား မြို့ဟောင်းအသွင်ဖြစ်လာအောင် ခွဲခြား မှုတစ်ရပ် ပေါ်ထွန်းလာနိုင်ခြင်း၊ ဖိုးစိန်ရှိနေသည်ကို ဖိုးစိန်သစ်ဆိုပြီး မူလ ဖိုးစိန်ကို ပြန်လည် မှီခိုနေရလျှင် မျောက်ဖိုးစိန် ဖြစ်နိုင် ခြင်းကြောင့် ‘မည် သည့်မြို့သစ်မျှ ရန်ကုန်မြို့သစ်မဖြစ်သင့်’ ဟု ထပ်လောင်းဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
Credit :7day Daily