တရုတ်နိုင်ငံသည် မြန်နှုန်းမြင့် ရထားတစ်စင်း လမ်းချော်တိမ်းမှောက် ခဲ့ပြီးေ နာက် လူအသေအပျောက်များရှိခဲ့ပြီး ၆ နှစ်အကြာတွင် ၄င်းတို့၏ ကျည်ဆံ ရထားများကို အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅ဝ အထိ အရှိန်နှု န်း မြှင့်တင်ရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့တွင် နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် ရှိသော ရထားများကို တစ်နာရီလျှင် ကီလိုမီတာ ၃၅ဝ အထိ သွားနိုင်ရန် ဒီဇိုင်းထုတ်ထားသော် လည်း နိုင်ငံအရှေ့ပိုင်းရှိ ကျဲကျန်ပြည်နယ်တွင် ရထားတိမ်းမှောက်မှု တစ်ခုေ ကြာင့် လူပေါင်း ၃ဝ ကျော်သေဆုံးခဲ့ပြီးနောက် ပေကျင်းအစိုးရက ၂၀၁၁ ခုနှစ်တွင် ကီလိုမီတာ ၂၅ဝ မှ ၃ဝဝ ကြား အထိ အမြန်နှုန်းကို ဖြတ်ေ တာက်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အစိုးရသည် လာမည့်စက်တင်ဘာလတွင် ပေကျင်းနှင့် ရှန်ဟိုင်းမြို့ တို့အ ကြားတွင် ခရီးသွားကြာချိန် ၆ နာရီမှ ၄.၅ နာရီသို့ ဖြတ်တောက်ရန် အရှိန်နှု န်းကိုမြှင့်တင်ရန် စီစဉ်ထားကြောင်း The Beijing News က ပြောကြား သည်။ ပြီးခဲ့သည့် ဇွန်လတွင် မိတ်ဆက်ခဲ့ပြီး အမြန်နှုန်း ကီလိုမီတာ ၄ဝဝ အထိ သွားနိုင်သော တရုတ်နိုင်ငံ၏ Fuxing ကျည်ဆံရထားများကို ယင်းခရီး စဉ်အတွက် အသုံးပြုမည်ဟုဆိုသည်။
တရုတ်နိုင်ငံသည် သိပ်သည်းသည့် ပြည်တွင်းလေကြောင်းလိုင်းများနှင့် ပြိုင်တူ ကမ္ဘာ့အရှည်ဆုံးမြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တည်ရှိရာနိုင် ငံ လည်း ဖြစ်သည်။ တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် ဒေသ ၃၁ ခုတို့တွင် ၂၉ ခုမှာ တိဘက်နှင့် ချိတ်ဆက်ထားသော မြန်နှုန်းမြင့်ရထားလမ်းများဖြစ်ပြီး အနောက်မြောက်ဘက်ရှိ နန်ရှီအာမြို့နှင့် ဆက်သွယ်ထားခြင်းမရှိသေးပေ။
Credit: Democracy Today