ရန်ကုန်တွင် အထပ်မြင့်၊အထပ်နိမ့်ဆောက်လုပ်ရေးလုပ် ငန်းအများစုကို ခွင့်ပြုလိုက်ပြီဖြစ် သော်လည်း ပြန်လည်စတင်ရန်အလုပ်သမား
ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိ သည်။
‘‘ကုမ္ပဏီကြီးတွေမှာတော့ ပြဿနာ မရှိဘူး။ ကုမ္ပဏီငယ်လေးတွေက အလုပ်သမားပြန်ရှာ နေရတယ်’’ဟု MKT ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ဦးမျိုးမြင့်က ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်း များရပ်နားထားစဉ်က အများစုကို လုပ်ငန်းခွင်မှ ပြန်လွှတ်လိုက်သ ဖြင့် ယခုအခါ ပြန်လည်စုဆောင်း ရန် အခက်အခဲအချို့ဖြစ်ပေါ်နေ ကြောင်း ၎င်းက ရှင်းပြသည်။
အစိုးရသစ် တက်လာပြီး နောက် ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့်ဆောက် လုပ်ရေးလုပ်ငန်းများအားလုံးကို 2016 နိုဝင်ဘာလထဲကစတင်တည်ဆောက်ခွင်ပြုခဲ့သော်လည်း ၂၀၁၇ နှစ်ဆန်းပိုင်းအထိ လည်ပတ်ရန် ခက်ခဲလျှက်ရှိသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင်လည်း အဆောက်အအူံသစ်ထပ်မံတည်ဆောက်ရန် လျှောက်ထားသည့် အရေအတွက်မှာ လျော့ နည်း လာကြောင်းသိရသည်။
ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းအများစု ပြန်လည် လုပ်ကိုင်ရန် တာစူနေသော်လည်း ဆောက်လုပ်ရေးလောက ခေတ်ကောင်းချိန်ကကဲ့သို့ အရေအတွက်အမြောက် အမြား တည်ဆောက်နိုင်ဦးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သုံးသပ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com