ခရီးသွားတွေကြိုက်နှစ်သက်တဲ့ ထိုင်းနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက အိမ်ခြံမြေတွေ အပေါ်ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုမြင့်တက်လာတာကြောင့် ထိုင်းအိမ်ခြံမြေ လုပ်ငန်းတွေ ဟာ နိုင် ငံရပ်ခြားမှာ ပြပွဲတွေ မကြာခဏ ကျင်းပပြီးတော့ သူတို့ရဲ့ရောင်းအား ကို မြှင့်တင်လာကြပါတယ်။
ထိုင်းနိုင်ငံက ထိပ်တန်းအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးခုထဲက တစ် ခုဖြစ်တဲ့ စန်သီရိ အများပိုင်ကုမ္ပဏီဟာ သည်ခေတ်ရေစီးကြောင်းကို အြ မတ်ထုတ်ပြီး လတိုင်းနီးပါးဟောင်ကောင်မှာ အိမ်ရာအသစ်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီးဈေးကွက်ရှာဖွေနေပါတယ်။
သည်ကုမ္ပဏီက ဇွန်လတုန်းက ဈေးကွက်ရှာဖွေခဲ့တဲ့ ချင်းမိုင်မြို့က အိမ်ရာ စီမံကိန်းရဲ့အခန်း ၁၀၀ ဟာ နှစ်ရက်အတွင်း အလျင်အမြန်ေ ရာင်းထွက် သွားတယ်လို့ ဆိုပါတယ်။
စရတ်သာသာဗီဆင်လုပ်ငန်း ဥက္ကဌစန်သီရိက သူတို့ရဲ့ ပထမနှစ် ၀က်ေ ရာင်းချမှုမှာ ဟောင်ကောင်က ၁၀ ရာခိုင်နှုန်းသာရှိပြီး တရုတ်ပြည်မကြီး ကသာ သူတို့ရဲ့ ဈေးကွက်ကို အလျင်အမြန်ကြီးထွားစေသူေ တွ ဖြစ်တယ် လို့ ပြောပါတယ်။
တရုတ်အိမ်ခြံမြေ၀က်ဘ်ဆိုက်ဖြစ်တဲ့ Juwai.com မှာလည်း ထိုင်းဟာ ၂၀၁၇ ခုနှစ်ပထမနှစ်ဝက်အတွင်း တရုတ်ဝယ်လက်တွေရဲ့ အိမ်ခြံမြေအကြောင်း စုံစမ်းမှု တတိယ အများဆုံးနေရာမှာ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ထက်ြေ ခာက်နေရာတက်လာတာပါ။
စန်သီရိရဲ့ အဆိုအရ ဟောင်ကောင်ဝယ်လက်တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရင်းနှီးမြှုပ်နှံသူတွေဖြစ်ပြီး သည်ဝယ်လက်တွေ ကြားမှာ ဟောင်ကောင်ေ ဒ်ါလာ တစ်သန်းကနေ ၃.၅ သန်းကြားအလယ်အလတ်ဈေးနှုန်းရှိတဲ့ ကွန်ဒိုေ တွကို အကြိုက်တွေ့ကြတယ်လို့သိရပါတယ်။
သည်ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်ဘန်ကောက်မြို့အိမ်ခြံမြေငှားရမ်းမှုတွေဟာ ခုနစ်ရာခိုင်နှုန်းအထိဖြစ်လာပြီး အပန်းဖြေနေရာအဖြစ် အသုံးပြုဖို့ရှာေ ဖွနြေ ကတဲ့ တရုတ်ပြည်မကြီးက လူတွေကြားဖူးခက်နဲ့ ပတ္တရားက အပန်းဖြေ စ ခန်းတွေဟာလည်း ပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့အဆိုပါ ကုမ္ပဏီကြေ ပာပါတယ်။
Nirvana Dail ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်စွန်းဆက်စွမ်ဝတ္တနာကလည်း တစ်စတုရန်းပေကို ဟောင်ကောင်ဒေါ်လာ ၆၅၀၀ ဒါမှမဟုတ် တိုက်ခန်းတစ်ခန်းဈေးနှုန်းဟာ ဟောင်ကောင်ဒေါ်လာ ငါးသန်းတန်ကစတဲ့ အတွက် ဗီယက်နမ်နဲ့ မလေးရှားကအမ်ခြံမြေတွေထက်စာရင် ပိုပြီးဈေးချိုတယ်လို့ပြောပါတယ်။
အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ နိုင်ငံခြားသားတွေကို ရောင်းချဖို့ ထိုင်းအစိုးရက ခွင့်ပြုပေးထားတဲ့ ပမာဏဖြစ်တဲ့ ၄၉ ရာခိုင်နှုန်းကို အပြည့်အ၀အသုံးပြုသွားဖို့ ရည်မှန်းထားပါတယ်။ ဘန်ကောက်မှာရှိတဲ့ ကွန်ဒိုစီမံကိန်းအသစ်ရဲ့ပျမ်းမျှဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ နှစ်စဉ်ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ၂၀၁၇ မှာလည်း ဆက်ပြီးမြင့်တက်လိမ့်မယ်လို့ ကွိုင်လီယာရဲ့နောက်ဆုံးထွက်ရှိတဲ့ အစီရင်ခံစာအရသိရပါတယ်။
Credit: The Modern