နိုင်ငံပိုင် မြေနဲ့အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက်တွေ ရောင်းချဖို့ ကြေညာ

နိုင်ငံပိုင် မြေနဲ့အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက်တွေ ရောင်းချဖို့ ကြေညာ - Property News in Myanmar from iMyanmarHouse.com
28 Jul 2017 10:15 am တွင် တင်ခဲ့သည်
1549 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံပိုင် မြေနဲ့အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက်တွေကို
ရောင်းချဖို့ ဇူလိုင် ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေ တစ်ဆင့်
ကြေညာထားပါတယ်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိ မြေနဲ့ အဆောက်အဦ၊
တိုက်ခန်းနဲ့ မြေကွက် ၂၁ ရောင်းချသွားမှာ ဖြစ်ပါတယ်။
အဆိုပါနိုင်ငံပိုင်မြေနဲ့ အဆောက်အဦတွေကို ပုဂ္ဂလိကပိုင်ပြု
လုပ်ရေးကော်မရှင်က အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာ
ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေနဲ့ အဆောက်အဦ ၂ ခု၊ မန္တလေး
တိုင်းတိုင်းဒေသကြီးရှိ မြေနဲ့ အဆောက်အဦ ၃ ခု၊
ရန်ကုန်တိုင်းဒေသကြီးရှိ မြေနဲ့ အဆောက်အဦ ၆ခု၊တိုက်ခန်း
၈ ခန်း၊ မြေကွက် ၂ ကွက်တို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

တင်ဒါပုံစံတွေကို ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၃၁ ရက်အထိ
နေပြည်တော်ရှိ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ရုံးမှာ
ရောင်းချသွားမှာ ဖြစ်ပြီး တင်ဒါကို သတ်မှတ်ထားသော
မြေနဲ့အဆောက်အဦးအလိုက် စက်တင်ဘာလအတွင်း
တင်ပြရမှာ ဖြစ်ပါတယ်။

လက်ရှိအစိုးရစတင်တာဝန်ယူပြီးနောက် ၂၀၁၆ ၊ မေ ၄ ရက်မှာ
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး
စီးပွားရေးပြောင်းလဲတိုးတက်ရေးအတွက် ဈေးကွက်
စီးပွားရေးစနစ်နဲ့ အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချကာ
ပုဂ္ဂလိကပိုင် အချိုး အစားသို့ ပြောင်းလဲတိုးတက်
လုပ်ဆောင်နိုင်ရန်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်
များအား စနစ်တကျ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါကော်မရှင်ကို
ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၇ ၊ မတ်လအတွင်းကလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က
နိုင်ငံပိုင်မြေ၊ အဆောက်အအုံ ၁၇ ခုကို ရောင်းချဖို့အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပါသေးတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service