မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရန် လက်ရှိ ဘဏ္ဍာနှစ်မှစ၍ လူထုအခြေပြု၊
အဏ္ဏ၀ါ ခရီးသွားလုပ်ငန်းနှင့် ဂေဟအခြေပြုခရီးသွား လုပ်ငန်းများကို အေ ကာင်အထည်ဖော်ရန် မူဝါဒ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သ တင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ယခုလ ၂၄ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"လူထုအခြေပြု ခရီးသွားလုပ်ငန်း (community based tourism - CBT)၊ အဏ္ဏ၀ါ ခရီးသွားလုပ်ငန်း (marine tourism)၊ ဂေဟ အခြေပြု ခရီးသွား လုပ်ငန်း (eco-tourism)တွေနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက် သွားမယ်လို့ မူဝါဒချမှတ်ထားတယ်။ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်မှာ ဂေဟ အြေ ခပြု ခရီးသွားလုပ်ငန်းကို စတင်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ ခရီးသွားလုပ်ငန်း သုံးခုကို အကောင်အထည်ဖော်ရန် ဆောင် ရွက်ေ နဆဲဖြစ်ပြီး ဂေဟအခြေပြုလုပ်ငန်း ၂၁ နေရာ၊ ရက် ၁၀၀ စီမံကိန်းအတွင်း အဓိက အခန်းကဏ္ဍအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လူထုအခြေပြုခရီးသွားလုပ်ငန်း စီမံကိန်း ၁၄ ခုနှင့် အဏ္ဏ၀ါခရီးသွား လုပ် ငန်းအတွက် ကနဦးစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက သတ် မှတ်ထားသည့် ဂေဟအခြေပြုခရီးသွားလုပ်ငန်းနေရာ ၂၁ ခု အပြင် ပဲခူးရိုး မအတွင်း ၁၂၅ မိုင် ရှည်လျားပြီး တောင်တက် တောင်ဆင်းနှင့် သစ်တော ထူထပ်သော ဂေဟအခြေပြုခရီး သွားလုပ်ငန်းနေရာတစ်ခု ဖော်ဆောင် လျက်ရှိကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက
ထုတ်ပြန်ထားသည်။
"ဒီခရီးသွားလုပ်ငန်းတွေက ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ ခရီး သွား လုပ်ငန်း ဖြစ်တယ်။ မြန်မာနိုင်ငံမှာ သစ်တောအရင်းအမြစ်တွေ အများကြီး ရှိတယ်။ ဒီဟာကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်တယ်" ဟု ဦးမြင့်ထွေး က ပြောသည်။
ဝန်ကြီးဌာနက အကောင်အထည် ဖော်ပြီးခဲ့သည့် လူထုအခြေပြု ခရီးသွား လုပ်ငန်းများသည် လူထုအတွက် ထိရောက်မှုရှိ မရှိ လေ့လာ ဆန်းစစ်မှု ပြု လုပ်သင့်ကြောင်း ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှု ရှိ မရှိနှင့် ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိ မရှိ ဆန်းစစ်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
"မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့အတွက် ခရီးသွားလုပ်ငန်း က ဖြတ် လမ်းက သွားနိုင်တဲ့ လက်နက်တစ်ခုပဲ။ အဲဒီလက်နက်ကို သေသေ ချာချြာ ပင်ဆင်ရမယ်။ အဲဒီလို မဟုတ်ဘဲ ပေါ့ပေါ့တန်တန်ပဲ လုပ်နေမယ်ဆိုရင် ခရီး သွားလုပ်ငန်းက ဒီတိုင်းသွားမှာပဲ" ဟု ၎င်းက ပြောသည်။
Credit: Myanmar Time