ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အ သင်းအတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။
၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များ ဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၇၂,၅ဝဝ ကျပ် ပေါက်ဈေးရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁,၂ဝ၃ ဒေါ်လာဖြစ်သည်။
ယမန်နေ့ညနေ ရွှေဈေးကွက်ပိတ်ချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁,၂၁၃ ဒေါ်လာရှိခဲ့ခြင်းကြောင့် ၁ဝ ဒေါ်လာနီးပါး ကျဆင်းခဲ့ပြီး ပြည်တွင်းေ ရွှဈေး ကျပ် ၄,ဝဝဝ ကျဆင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့်တစ်ပတ်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ၈၇၂,၁ဝဝ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၂၁၂ ဒေါ်လာရှိခြင်းကြောင့် ယခုတစ်ပတ်သည် ပြီးခဲ့သောအပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအတက်အကျ များစွာပြောင်းလဲခြင်းမရှိပဲ အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်ကို တွေ့ရသည်။
အဆိုပါဈေးကွက်အတွင်း ပြီးခဲ့သောတစ်ပတ်က ရွှေအရောင်းအဝယ် ပုံမှန်ြ ဖစ်နေခဲ့သော်လည်း လက်ရှိတွင် တရုတ်နှစ်သစ်ကူးကာလဖြစ်သောကြောင့် အရောင်းအဝယ်ပါးနေကြောင်းသိရသည်။
Credit: Myanmar Time