ကမ္ဘာကျော်ဂန္ထဝင်ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ခမ်း၏ သားကြီးဖြစ်သူ ဘရွတ်ကလင်းဘက်ခမ်းသည် နယူးယောက်တွင် တိုက်ခန်းတစ်ခန်းရှာနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်ဟု နယူးယောက်မြို့အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံတွင် ဘရွတ်ကလင်း (၁၈ နှစ်) ၊ ရိုမီယို (၁၄ နှစ်)၊ ခရုဇ် (၁၂) နှစ်ဟူသော သား ၃ ဦးနှင့် ဟာပါ (၅ နှစ်) အမည်ရှိ သမီးငယ်တစ်ဦး ရှိသည်။
ဘရွတ်ကလင်းသည် ယူကျုကြယ်ပွင့် မက်ဒီဆင် ဘီရာနှင့် ချစ်ကြိုက်လျက်ရှိသည်ဟု ဆိုသည်။
ဘရွတ်ကလင်းသည် “What I See” အမည်ရှိ ဓာတ်ပုံစာအုပ်တစ်အုပ်ကို မကြာသေးမီကပင် ထုတ်ဝေထားသည်။
“နယူးယောက်မှာ သူကိုယ်တိုင်နေဖို့ နေရာရှာနေပါတယ်။ သူ့ရဲ့ဓာတ်ပုံအလုပ်တွေလုပ်ဖို့အတွက် လာမယ့်လမှာ နယူးယောက်ကို ပြောင်းလာဖို့ စီစဉ်နေပါတယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက နယူးယောက်သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့ သည်ဟု ဆိုသည်။
မက်ဒီဆင်နှင့် အချစ်ရေးခရီး ရှေ့ဆက်ရန်အတွက်ဆိုပါက မက်ဒီဆင်သည် လော့စ်အိန်ဂျလိတွင် နေထိုင်သူဖြစ်ရာ
ဘရွတ်ကလင်းမှာ အမေရိကန်အရှေ့ဖျား၊ အနောက်ဖျား လော့စ်အိန်ဂျလိနှင့် နယူးယောက်အကြား ကူးသန်းနေရမည် ဖြစ်သည်။
မက်ဒီဆင်ဘီရာနှင့် ဘရွတ်ကလင်းတို့ အွန်လိုင်းတွင် ၂၀၁၂ ခုနှစ်အတွင်း တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။
ဘရွတ်ကလင်း၏ ညီငယ် ခရုဇ်သည် ပြီးခဲ့သောနှစ်အတွင်း ဆင်ဂယ်တေးအယ်လ်ဘမ်တစ်ခုထုတ်လုပ်ထားပြီး ယခုအခါတွင် လော့စ်အိန်ဂျလိ၌ နေထိုင်လျက်ရှိကာ အယ်လ်ဘမ်သစ်တစ်ခု ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။
နယူးယောက်သို့ ပြောင်းရွှေ့လာသော အချို့နာမည်ကျော်များသည် ဘရွတ်ကလင်းအရပ်တွင် အခြေချလေ့ရှိပြီး အများစုမှာမူ မန်ဟက်တန်တွင် အခြေစိုက်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)