မာမူလာကျွန်းသည် သမိုင်းကို စိတ်ဝင်စားသူများကြား ထင်ရှားလှသည်။ ထိုနေရာကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်းယခုထက်ထိတိုင် အကောင်းအတိုင်း ဖြစ်နေပြီး အကျဉ်းသားများနေခဲ့ရသည့် အကျဉ်းခန်းငယ်များကိုလည်း မြင်တွေ့ရ နိုင်သည်။
ဘိုကာပင်လယ်အော်ထဲ ရန်သူ့ သင်္ဘောများ ဝင်မလာနိုင်စေရန်အလို့ငှာ ဩစတြီးယား-ဟန်ဂေရီ ကပြား ဗိုလ်ချုပ် ကြီး လာဇာမာမူလာကမာမူလာကျွန်းတွင် ယင်းခံတပ်ကြီးကို ၁၈၅၃ ခုနှစ်က တည် ဆောက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း တွင် အီတလီခေါင်းဆောင်မူဆိုလီနီက ခံ တပ်ကို အကျဉ်းစခန်းအဖြစ် ပြောင်းပစ် လိုက်သည်။ ထိုထဲတွင် ချုပ်နှောင်ခံရသည့် အကျဉ်းသားပေါင်း ၂၀၀၀ အနက် ၈၀ မှာ ကွပ်မျက်ခံလိုက်ရပြီး ၅၀ မှာ အစာရေစာငတ်ပြတ်ကာသေဆုံးသွားကြသည်။
အကျဉ်းစခန်းကို ဇိမ်ခံဟိုတယ်ကြီး အဖြစ်ပြောင်းပစ်ရန်မှာ မသင့်တော် ကြောင်း အကျဉ်းသားများ၏ဆွေမျိုး များက ကန့်ကွက်သော်ငြား မွန်တီနီဂရိုပါ လီမန်က ယင်းစီမံကိန်းကိုအတည်ပြု လိုက်သည်။ နိုင်ငံစီးပွားရေး တက်လာစေ ရန်ရည်ရွယ်ကာပါလီမန်က စီမံကိန်းကို လက်ခံလိုက်ခြင်းဖြစ်သည်။
Credit: Pyi Myanmar