ဘဏ်ချေးငွေ ထုတ်ယူသူ၏ ငွေကြေးဆိုင်ရာ သတင်း အချက်အလက်များ အလွယ်တကူ ရရှိစေနိုင်မည့် Credit Bureau ၂ဝ၁၈ ခုနှစ်တွင် အသက်ဝင်မည်

ဘဏ်ချေးငွေ ထုတ်ယူသူ၏ ငွေကြေးဆိုင်ရာ သတင်း အချက်အလက်များ အလွယ်တကူ ရရှိစေနိုင်မည့် Credit Bureau ၂ဝ၁၈ ခုနှစ်တွင် အသက်ဝင်မည် - Property News in Myanmar from iMyanmarHouse.com
27 Jul 2017 10:39 am တွင် တင်ခဲ့သည်
1128 ကြိမ် ကြည့်ရှု့ပြီး
ဘဏ်များ အနေဖြင့် ချေးငွေထုတ်ချေးရာတွင် ချေးငွေ ထုတ်ယူသူ၏ ငွေကြေး ဆိုင် ရာသတင်းအချက်အလက်များကို အလွယ်တကူရရှိစေနိုင်မည့် Credit Bureau (ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေရေးအဖွဲ့အစည်း)မှာ လာမည့်နှစ်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် Credit ဗျူရိုကို ဖွဲ့စည်းနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘဏ် များအသင်းနှင့် စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုတို့ အကျိုးတူပူးပေါင်း ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တင်ပြ ထားသည်။ သို့ဖြစ်၍ လာမည့်သြဂုတ်လအတွင်း လုပ်ငန်းလိုင်စင် ရရှိနိုင်ဖွယ် ရှိပြီး လိုင်စင်ရရှိ ပြီး ၁၂ လအတွင်း လုပ်ငန်းစတင်ရမည်ဖြစ်သည့် အတွက်ေ ကြာင့် လာမည့်နှစ် သြဂုတ်လတွင် Credit ဗျူရိုမှာ စတင်အသက် ဝင်လာ မည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့အဝင် ဖြစ်သည့် IFC မှ Country Officer ဒေါ် ခင်သီ တာမော်က ''Credit ဗျူရိုနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ IFC က Regulation ဆွဲပေးတယ်။ အဲဒီတော့ ဗဟိုဘဏ်မှာက လိုင်စင်ထုတ်ပေးဖို့ အခွင့်အာဏာရှိတယ်။ အဲဒါကို ပုဂ္ဂလိကကဏ္ဍဘက်ကနေ Credit ဗျူရိုအ တွက် မြန်မာနိုင်ငံ ဘဏ်များအသင်းနဲ့ စင်ကာပူက ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ပြီးတော့ Credit ဗျူရိုကို JV ထောင်ထားပါတယ်။ အဲဒီ JV က အခုဗဟို ဘဏ်မှာ လိုင်စင်တင်ထားပြီးဖြစ်ပါတယ်။

သူတို့က လိုင်စင်ရရှိပြီး ၁၂ လအတွင်း Run ရပါမယ်။ အဲဒီတော့ ခြောက် လ လောက်ကြာရင်တော့ သူတို့အနေနဲ့ ဘဏ်တွေကြားထဲမှာ စတင်စမ်း သပ်ပြီးတော့ Test Run သဘော မျိုးစတင်နိုင်လိမ့်မယ်''ဟု ဇူလိုင် ၂၄ ရက် ကပြုလုပ်သည့် မြန်မာဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုဆိုင် ရာဆွေးနွေးပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

Credit ဗျူရိုသည် ငွေချေးမည့်သူများ၏ ချေးငွေဆိုင်ရာသတင်း အချက် အ လက်များအပါအဝင် အခြားသော ငွေကြေးဆိုင်ရာသတင်း အချက်အလက် များကို ငွေထုတ်ချေးမည့်ဘဏ်များသို့ အချိန်တိုအတွင်း အမြန်ဆုံးသိရှိေ စနိုင် ရန်အတွက် သတင်းအချက်အလက်များ ဖြန့်ဝေ ပေးသွားမည်ဖြစ်ပြီး ယင်း ကဲ့သို့ဘဏ် များမှ ငွေချေးသူ၏ချေးငွေသတင်း အချက်အလက်များကို အချိန် တိုအတွင်းသိရှိနိုင်ခြင်းဖြင့် ချေးငွေရရှိ ရန်အတွက် လုပ်ဆောင်ရသည့် အ ဆင့်များ လျော့ကျသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းလွင်က ''အခု IFC က လုပ်ပေးလိုက်တဲ့ Central Reporting System ဥပမာ Customer က KBZ မှာ သူ့ရဲ့မှတ် ပုံတင်နံပါတ်နဲ့ချေးပြီဆိုရင် အဲဒီသူက အရင်တုန်းက ဘယ် ဘဏ်တွေမှာ ဘယ်လောက်အထိချေးဖူးသလဲဆိုတာကို ကျွန်တော်တို့က သူ့ရဲ့မှတ်ပုံတင်နံပါတ်ကိုထည့်ပြီးခေါက်လိုက်တာနဲ့ သူ့ရဲ့ Information အကုန်လုံးကိုသိသွားပြီဆိုတဲ့အခါကျတော့ ကျွန်တော်တို့ချေးငွေပေးဖို့ ဆုံးဖြတ်တဲ့အခါ ပိုပြီးတော့ မှန်ကန်သွားတယ်။ ဒါကြောင့် ဒီလိုမျိုးစနစ်က ရှိကိုရှိရမယ့်စနစ်ပဲဖြစ်ပါတယ်''ဟု ဇူလိုင် ၂၄ ရက်က ပြောသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service