၂၀၁၇-၁၈ ဘဏ္ဍာ နှစ်အတွင်း စိန်နှင့်မြတို့ကို အထူး ကုန်စည်ခွန်ကင်း လွတ် ခွင့်ပြုရန် နှင့် ရွှေစင်ရွှေတုံးများကို ကုန် သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ပြု ရန် နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော်သို့ ဇူလိုင် ၂၆ ရက်တွင် သဝဏ်လွှာပေးပို့ သည်။
စိန်နှင့်မြတို့သည် ပြည်တွင်း ၌ ထုတ်လုပ်မှုမရှိ၍ အထူးကုန် စည်ခွန် ကင်း လွတ်ခွင့်ပြုပါက ပြည်ပမှစရိတ်သက်သာစွာ တရား ဝင် တင်သွင်းမည်ြ ဖစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဒုဝန်ကြီးဦးမောင်မောင် ဝင်းက ပြည်ထောင်စုလွှတ်တော် သို့ပြောသည်။
ထိုသို့စိန်နှင့်မြတို့ကို အထူး ကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုခြင်း အားဖြင့်ေ ကျာက်သွေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်လာခြင်း၊ အလုပ်အ ကိုင်အခွင့်အလမ်း ရရှိလာခြင်း နိုင်ငံတကာ အဆင့်မီ ကုန်ချော ကုန်စည်ကို ပြည်ပသို့ တင်ပို့ေ ရာင်းချပါက ဈေးနှုန်းပိုမိုရရှိနိုင် ခြင်း စသည့်အကျိုးကျေးဇူးများရ ရှိစေမည်ဟု ဒုဝန်ကြီးက ဆက် လက်ပြောသည်။
၂၀၁၇ ပြည်ထောင်စု၏အ ခွန်အကောက်ဥပဒေတွင် စိန်နှင့် မြတို့ကို ပြည် တွင်း၌ ထုတ်လုပ် ရောင်းချခြင်း၊ ပြည်ပမှ တင်သွင်း ခြင်း၊ ပြည်ပသို့ တင်ပို့ေ ရာင်းချ ခြင်းတို့အတွက် အချောထည်ဖြစ် ပါက ၅ ရာခိုင်နှုန်းဖြင့် လည်းေ ကာင်း၊ အရိုင်းထည်ဖြစ်ပါက ၁၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အထူးကုန် စည်ခွန် ကျသင့်ရမည် ဟု ပြဋ္ဌာန်းထားသည်။
‘‘စိန်နဲ့မြက အထူးကုန်စည် ခွန်ရော၊ ကုန်သွယ်လုပ်ငန်းခွန် ရော အခွန်နှစ်မျိုး ကျခံရမယ့်သ ဘောဖြစ်တယ်။ အဲဒီနှစ်မျိုးထဲက ကုန်သွယ်လုပ်ငန်းခွင်ကို ပယ် ဖျက်ဖို့မဟုတ်ဘဲ အထူးကုန်စည် ခွန်ကို လျှော့ပေါ့ပယ်ဖျက်ေ ပးဖို့ တောင်း ဆိုလာတဲ့သဘောပဲ’’ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က 7Day Daily သတင်းစာအား ရှင်းပြသည်။
ထို့အတူရွှေစင်ရွှေတုံးများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုပါ က ပြည်တွင်း ရွှေဈေး ကွက် ဖွံ့ဖြိုးတိုးတက်လာစေနိုင် ပြီး ငွေကြေး တန်ဖိုး ခိုင်မာမှုကိုအ ထောက်အကူပြုစေနိုင်ကြောင်း ဦးမောင်မောင်ဝင်းက တင်ပြ သည်။
ဆက်လက်၍ ဒုဝန်ကြီးက ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုပါက ပြည်တွင်း၌ ဖွင့်လှစ်ရန် ရည်ရွယ် ထားသည့် နိုင်ငံတကာ အဆင့်မီ ရွှေဈေးကွက်ြ ဖစ်ပေါ်စေရေး များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း ပြောသည်။
‘‘ရွှေစင်ရွှေတုံးများကို ကုန် သွယ်လုပ်ငန်းခွင်ကင်းလွတ်ခွင့် ပြုခြင်းဖြင့် နိုင်ငံ တွင်းမှ ရွှေထုတ် လုပ်သူများအတွက် နိုင်ငံတကာ ဈေးကွက်အတိုင်း ဈေး ကွက် အ တွင်းယှဉ်ပြိုင်ရောင်းချနိုင်မှာဖြစ် ပါတယ်။ ထို့အပြင် နိုင်ငံတကာ တွင် ကျင့်သုံးသကဲ့သို့ ရွှေစင်ရွှေ တုံးများသည် တန်ဖိုးခိုင်မာမှုရှိ သော ငွေေ ကြး သဖွယ် သုံးစွဲနိုင် သည့် ပစ္စည်းတစ်ခုအဖြစ် နိုင်ငံအ တွင်း ရပ်တည်ေ စနိုင်မှာ ဖြစ်ပါ တယ်’’ ဟု ဒုဝန်ကြီးကဆိုသည်။
၂၀၁၇ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် ရွှေစင်ရွှေ တုံးကုန်စည် ကို ပြည်တွင်း၌ထုတ် လုပ်ရောင်းချခြင်း၊ ပြည်ပမှတင် သွင်းခြင်းနှင့် ပြည်တွင်း တွင် ကုန် သွယ်မှု ပြုခြင်းတို့အတွက် ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကျ သင့်စေရမည်ဟု ပြဋ္ဌာန်းထား သည်။
စိန်နှင့်မြတို့သည် ကုန်သွယ်လုပ်ငန်းခွန်သာမက အထူးကုန်စည်ခွန် အတွက် ပါ ပေးဆောင်နေရ၍ စိန်၊ မြ အရောင်းအ၀ယ်ပြုလုပ်နေသူများအတွက် အ ခက် အခဲ ဖြစ်ပေါ်နေကြောင်းနှင့် အထူးကုန်စည်ခွန်ကို ပယ်ဖျက်ပေးလျှင် အရောင်း၊ အ၀ယ်ပြုလုပ်နေသူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
Credit: 7DayDaily