ရန်ကုန်စတော့ အိတ်ချိန်းတွင် ဇူလိုင် လနောက်ဆုံးပတ်အထိ ကျပ်ငွေ၈၉ ဘီလီယံ အရောင်းအ၀ယ်ဖြစ်ကာ အစုရှယ်ယာ ပေါင်း ၅ဒသမ၂သန်းကျော် ရောင်းချထားရကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှသတင်းရရှိသည်။
ရန်ကုန်စတော့ အိတ်ချိန်းစတင်ဖွင့်လှစ်ခဲ့ချိန်မှစတင်ပြီး တစ်နှစ်ကျော်အတွင်း ကုမ္ပဏီ ၄ခုမှ အဆိုပါပမာဏများကို ရောင်းချ နိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် စတော့အိတ်ချိန်းတွင် ကုမ္ပဏီ အသစ်များ စာရင်း ၀င် အဖြစ် ၀င်ရောက်လာမှ သာပိုမိုပြီး အရောင်း အ၀ယ်ဖြစ်လာနိုင်သောကြောင့် ဈေးကွက်တစ်ခု လုံးဖွံ့ဖြိုးရန် အချိန်ယူ ရဦးမည်ဖြစ်ကြောင့် ရန်ကုန်စတော့ အိတ်ချိန်း၏ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးကပြောသည်။
လက်ရှိတွင် ရန်ကုန် စတော့အိတ်ချိန်းသို့ ၅ခုမြောက်ကုမ္ပဏီ အဖြစ် MAPCO မှလည်း
ဝင်ရောက်ရန်ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
လက်ရှိတွင် FMI ကုမ္ပဏီက ရှယ်ယာ ၂၃ သန်း၊ မြန်မာနိုင်ငံသားဘဏ် (MCB) က ရှယ်ယာ ၁၀ သန်း၊ ပထမပုဂ္ဂလိကဘဏ်က ရှယ်ယာ နှစ်သန်းနှင့် သီလဝါအထူးစီးပွား ရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH)က ရှယ်ယာလေးသန်းခန့် ရောင်း ချထားသည်။
လက်ရှိ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာတန်ဖိုး ကျဆင်း၍ အရောင်းအဝယ်အေး နေကာ ပြီးခဲ့သည့် ဧပြီ၌ ကျပ် ၁ ဒသမ ၂ ဘီလီယံသာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန် သော စာရင်းများအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့် လှစ်၍ ၂၀၁၆ မတ်လ၌ FMI ကုမ္ပ ဏီက စာရင်းဝင်ကုမ္ပဏီအဖြစ် အရောင်းအဝယ်စတင်ခဲ့သည်။ လက်ရှိတွင် အများပိုင်ကုမ္ပဏီ လေးခုနှင့် Securities ကုမ္ပဏီ ခြောက်ခုဖြင့် လည်ပတ်နေသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com