ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရေးကဏ္ဍလုပ်သားများကို အားလပ်ရက်သတ်မှတ်ခံစားခွင့် ပေးခြင်းမရှိဟုဆို

ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရေးကဏ္ဍလုပ်သားများကို အားလပ်ရက်သတ်မှတ်ခံစားခွင့် ပေးခြင်းမရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Jul 2017 11:36 am တွင် တင်ခဲ့သည်
1152 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၌ လုပ်ကိုင်လျက်ရှိသော လုပ်သားများမှာ လစာဖြင့်အားလပ်ရက် (paid holiday) ခံစားခွင့် မရကြကြောင်း မကြာသေးမီက စစ်တမ်းတစ်ရပ်တွင် တွေ့ရှိသည်ဟု ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘောဒီးယား အဆောက်အအုံနှင့်သစ်လုပ်ငန်းလုပ်သားများကုန်သွယ်မှုသမဂ္ဂ (BWTUC) မှပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းတွင် ဖနွမ်းပင်မြို့တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် ၄၈ ခုမှ ဆောက်လုပ်ရေးလုပ်သားပေါင်း ၁၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်းအရ လုပ်သားအများစုမှာ လစာဖြင့်အားလပ်ရက်သတ်မှတ်ခံစားခွင့် မရရှိကြကြောင်း တွေ့ရှိခဲ့ကြသည်။
လုပ်သား ၇၉ ရာခိုင်နှုန်းကမူ လစာမဲ့ခွင့် (unpaid leave) ရရှိကြသည်ဟု ဆိုသည်။

တွေ့ရှိချက်များအရ ဝန်ထမ်းထက်ဝက်ကျော်မှာ ဆောက်လုပ်ရေးလုပ်ငန်းသို့ မဝင်ရောက်မီ မူလက လယ်သမားများဖြစ်ခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။
လုပ်သား ၉၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသားလူမှုဖူလုံရေးရန်ပုံငွေ (NSSF) ကို မကြားဖူးကြကြောင်း ဖြေဆိုကြပြီး ၁၂ ရာခိုင်နှုန်းက မကြာခဏထိခိုက်ဒဏ်ရာရနေကြသော လုံခြုံမှုမရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရကြောင်း ဖြေကြားခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ စစ်တမ်းကို ဇန်နဝါရီလက စတင်ခဲ့ပြီး အပြီးသတ်နိုင်တဲ့အထိ ၆ လလောက် အချိန်ယူခဲ့ရပါတယ်” ဟု BWTUC ၏ ဥက္ကဌဖြစ်သူ ဆော့ခ်ကင်က ပြောကြားခဲ့ပြီး ယခုစစ်တမ်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာပြုလုပ်သွားမည့်စစ်တမ်း၏ ရှေးဦးခြေလှမ်းဖြစ်ကြောင်း ၊ ယခုစစ်တမ်းတွင် ဆောက်လုပ်ရေးလုပ်သားပေါင်း ၁၀၁၀ ဦးကို တိုက်ရိုက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယခုတွေ့ဆုံခဲ့သူများအနက် ၇၅၀ ဦးမှာ လူနေအဆောက်အအုံဆောက်လုပ်သည့်လုပ်ငန်းခွင်များမှဖြစ်ပြီး ၁၇၄ ဦးမှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံလုပ်ငန်းခွင်မှဖြစ်ကာ ၅၅ ဦးမှာမူ အခြေခံအဆောက်အအုံဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ ဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ဆိုးရွားနေဆဲပါပဲ၊ လုပ်ငန်းခွင် အခြေအနေ၊ လုပ်ခ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုံခြုံမှုဆိုင်ရာတွေမှာ အားနည်းနေဆဲပါ” ဟု မစ္စတာကင်က ပြောကြားသည်။

၂၀၁၆ ခုနှစ်အချက်အလက်များအရ ကမ္ဘောဒီးယားနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်သားပေါင်း ၁၉၀၀၀၀ မှ ၂၀၀၀၀၀ ကြားရှိနေသည်။
ဆောက်လုပ်ရေးလုပ်သားအများစုမှာ တစ်ရက်လျှင် ၈ နာရီ၊ တစ်ပတ်လျှင် ၆ ရက်အလုပ်လုပ်နေကြရပြီး ပျှမ်းမျှ နေ့စဉ်လုပ်ခမှာ ကန်ဒေါ်လာ ၇ ဒသမ ၅၀ (မြန်မာငွေ ၁၀၂၁၇ ကျပ်ခန့်) သာ ရရှိကြသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service