အုတ်တွင်း - ပေါက်ခေါင်းလမ်းမကြီးအနီးရှိပဲခူးရိုးမတွင် အကောင်အ ထည်ဖော်ဆောင်ရွက်နေသည့် သဘာဝအခြေပြုခရီးသွားလုပ်ငန်း(Eco-Tourism)ကိုဇူလိုင် ၂၉ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟို တယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရှိရသည်။
"ဝန်ကြီးဌာနရဲ့မူဝါဒနဲ့ ဆောင်ရွက်နေတဲ့ Eco-Tourism လုပ်ငန်းက ဒီဘ ဏ္ဍာနှစ်မှာအဆင့်မြှင့်တင်ဖို့ စတင်အကောင်အထည်ဖော်ေ ဆာင်ရွက် မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Green Tourism မှာလည်း Eco-Tourism က ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် ဇူလိုင်၂၉ ရက်မှာ အုတ်တွင်း - ပေါက်ခေါင်းလမ်းပဲခူးရိုးမမှာ Eco-Tourism ဖွင့်လှစ်သွားမယ်။"ဟု ဟို တယ်နှင့် ခရီးသွားလာရေးဈေးကွက်မြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးလှမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ Novotel Hotel တွင် ဇူလိုင် ၂၄ ရက်က ကျင်းပသော ခရီး သွားနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်ရှင်းလင်းပွဲတွင် ညွှန်ကြားေ ရးမှူးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ Eco-Tourism ကိုအုတ်တွင်း - ပေါက်ခေါင်းလမ်းအနီးရှိ သဘာဝ သစ်တောများကိုအခြေပြု၍ ဖြိုးစည် သူကုမ္ပဏီကသဘာဝ ကျွန်းသစ်တော များကို ပြသ၍ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီးယင်းေ ဒသရှိ တိုင်းရင်းသားကျေးရွာများ၊ ဆင်ဆေးရုံ၊ သဘာဝဆောင်းခို ငှက်ကြည့်ြ ခင်း လုပ်ငန်း၊ တောတွင်းသို့ စက်ဘီးစီးခြင်း၊ ဆင်စီး၍ လည်ပတ်ခြင်း၊ေ တာင်ပေါ်ဒေသရှိကျေးလက်ဒေသများ၏ ဓလေ့ရိုးရာများကို လေ့လာ နိုင် မည်ဖြစ်ကြောင်း သိရသည်။
"Tourism က အခြားကဏ္ဍနဲ့မတူညီတဲ့ထူးခြားချက်ကတော့ ခရီးသွားလုပ် ငန်းရှင်တွေ၊ အသင်းတွေ၊ ကုမ္ပဏီတွေကလုပ်နေပေမယ့် ပြည်သူတွေ ပူးေ ပါင်းဆောင်ရွက်မှုကအရေးကြီးပါတယ်။ Eco-Tourism လုပ်ငန်းတော်ေ တ်ာများများက သစ်တောဦးစီးဌာနပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲ့ အခါကျတော့ သစ်တောဦးစီးဌာနမှာရှိနေတဲ့ ပါဝင်ပတ်သက်တဲ့ သူတွေ ရဲ့ခေါင်းထဲမှာ Eco-Tourism နဲ့ ပတ်သက်တဲ့အသိပညာတွေ၊ ဝန် ဆောင်မှုေ တွကို အသိပညာပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အသင်း အဖွဲ့ချုပ်အနေနဲ့လည်းတိုး မြှင့်ဆောင်ရွက်ဖို့ သန္နိဌာန်ချထားပါတယ်။" ဟု မြန် မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်ကပြောသည်။
မြန်မာ့ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးကိုအထောက်အကူပြုသည့် ရပ်ရွာလူထုခြေပြု ခရီးသွားလုပ်ငန်း(CBT)၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်း(Eco-Tourism )နှင့် အဏ္ဏဝါ အခြေပြုခရီးသွားလုပ်ငန်း(Marine Tourism)တို့ကို ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်းတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် CBT လုပ်ငန်း(၁၄)ခုနှင့် Eco-Tourism လုပ်ငန်း(၂၁)ခု ရှိနေပြီဖြစ်ကြောင်း သိရသည်။
Credit: Yangon Time