မန္တလေးမြို့၏အရှေ့တောင်ဘက်ခြမ်းတွင်ရှိသော အိမ်ခြံမြေများသည် ယခုနှစ်အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုအပိုင်းတွင် အလားအလာကောင်းများဖြင့် ဦးဆောင်နိုင်ဖွယ်ရှိကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
မန္တလေးမြို့၏မြို့ပြဧရိယာသည်မြို့၏အရှေ့တောင်ဘက်အကွက်
အကွင်းအသစ်အဖြစ်ရွေ့လျားနေ ကြောင်း၊ သိပံ္ပလမ်းမှ စတင်၍ တောင်ဘက်ရှိပြည်ကြီးတံခွန်မြို့နယ်ဧရိယာအထိ၊
အရှေ့အနောက်အနေဖြင့် ၇၈ လမ်းမှ ၄၈
လမ်းအပိုင်းအခြားလောက်အထိ အိမ်ခြံမြေဈေးကွက် အားကောင်းလာဖွယ်ရှိကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
“အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာတွေထဲမှာ စာသင်ကျောင်းတွေ၊
ဈေးတွေ၊ ဆေးရုံတွေစတဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံပြီးသားဖြစ်သလို မြို့ပြဆိုင်ရာ အဆောက်အအုံ တွေဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေ၊ ကွန်ဗန်းရှင်းစင်တာတွေ၊ မင်္ဂလာမန္တလေးစီမံကိန်းတွေလည်း ရှိပါတယ်။
မြို့အရှေ့ပိုင်းက တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေရှိတဲ့အတွက် စည်ကားလာဖို့အခွင့်အလမ်းပိုရှိသလို မင်္ဂလာ မန္တလေး၊
စီမံကိန်းကြောင့်လည်း အိမ်ခြံမြေဈေးနှုန်းတွေ ပိုကောင်းလာနိုင်တယ်။
ဒီဧရိယာအတွင်းမှာ အရေးပါတဲ့လမ်းတွေရဲ့ အနေအထားနဲ့
ချိတ်ဆက်မှုက ပိုပြီးအားကောင်းနေတဲ့အတွက် လတ်တလောမှာ အရောင်းအ၀ယ်အေးနေပေမယ့် ဈေးနှုန်းက ပြောင်းလဲမှုမရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
Credit: Shwesathtagan