နိုင်ငံအတွင်း၌ ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက ရွှေပန်းထိမ်၊ ငွေပန်းထိမ်လုပ်ငန်းများလုပ်ကိုင်ရန် အတွက် အလုပ်သမားများ ပိုမိုလိုအပ်လာမည်ဖြစ်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင်ပိုမိုများပြားလာနိုင် သည်ဟု ရွှေလုပ်ငန်းရှင်များ အသင်းမှ ပြောသည်။
နိုင်ငံအတွင်း ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက နိုင်ငံတကာစံချိန်မီ ရွှေအရည်အသွေးများကို ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း၊ ရွှေဗဟိုဈေးကွက်ဖော်ဆောင်ရန် အတွက် အဓိကလိုအပ်ချက်ဖြစ်သော ဈေးကွက်ပြုလုပ်မည့်နေရာကို ၂၀၁၄ ခုနှစ်ကတည်းက စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက ပြည်တွင်းအလုပ်အကိုင်ပေါများလာမည့်အပြင် ဒေါ်လာဈေးနှင့် ရွှေဈေးတည် ငြိမလာမည်ဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ ပိုမိုပေါများလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းများအထွေထွေအတွင်းရေးမှူးက ပြောသည်။
“ရွှေဗဟိုဈေးကွက်ဖြစ်လာရင် အလုပ်အကိုင်အခွင့် အလမ်းတွေ ရှိလာမှာပါ။
ရွှေပန်းထိမ်၊ ငွေပန်းထိမ်စတဲ့ သင်တန်းတွေလည်းရှိလာမှာ ဖြစ်ပါတယ်။ ခေတ်မီနည်း ပညာအသုံးပြုပြီးရွှေထည်လက်ဝတ်ရတနာတွေကို ထုတ်လုပ်လာနိုင်မှာပါ။ ရွှေဗဟို ဈေးကွက်မှာ ပြည်တွင်း ရွှေထုတ်လုပ်မှုနဲ့ ပြည်ပရွှေတင်ပို့မှုကို စာရင်းနဲ့ အတိအကျပြုလုပ်မှာဖြစ်လို့ တရားမ၀င်ရွှေတင်ပို့မှုတွေ ရှိမှာ မဟုတ်တော့ပါဘူး” ဟု ၎င်းက ပြောသည်။
Credit: Shwesathtagan