မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ၂ဝ၁၈ ခုနှစ် တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန် ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဒုတိယညွှန် ကြားရေးမှူး ဦးအာကာကျော်က ပြောဆိုသည်။
''ဘယ်လို တင်သွင်းခဲ့ရင် ယူနက်စကိုက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဝင်မလဲဆိုတာ စတင်ပြင်ဆင်တဲ့ လုပ်ငန်းကိုစလုပ်မှာ။ ရှေ့နှစ်မှာ ပြင် ဆင် မှုတွေ စလုပ်မှာပါ'' ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
၂ဝ၁၈ ခုနှစ်တွင် မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ေ ထာင်စုဝန်ကြီးနှင့် ယူနက် စကိုမှ ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၂၁ ရက် တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှ စ် စာရင်းတင်သွင်းရေးအတွက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီးပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်စပ်ဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေသည့် အခြေ အနေ၊ ဒေသခံများ၏ လိုလားချက်များ၊ ယူနက် စကို၏ သတ်မှတ်ချက်များနှင့် ဟန်ချက်ညီစွာ ဆောင်ရွက်နေသည့် အခြေအနေများကို ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်း ယဉ်ကျေးမှုအမွေ အနှစ်များကို ထိန်းသိမ်းရင်း ခရီးသွား လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရန် ဆောင်ရွက်နေမှုကို ယူနက် စကိုမှ ပူးပေါင်းေ ဆာင်ရွက်စေလိုကြောင်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။
Credit: Myanmar Time