မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်သူတွေအတွက် မြေနေရာက အဓိက အကျဆုံးအခက်အခဲဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နိုင်ငံက မြေဈေးကွက်ဟာ အာဆီယံမှာ ဈေးအကြီးဆုံးဖြစ်ပြီး နယူးေ ယာက် မြေဈေးထက်ပိုများနေတယ်လို့ သိရပါတယ်။ ဒါက စီးပွားရေးလုပ် ငန်းတွေအတွက် အခက်အခဲဖြစ်ပါတယ်။ ဘဏ္ဍာ ရေး ၊မြေနေရာ ၊ လုပ်သား အရင်း အမြစ်၊ လျှပ်စစ်မီး၊ စီးပွားရေးမူဝါဒ စတဲ့ အချက်အတွေကို ကြည့်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံတဲ့ အခါ မြေနေရာရရှိရေးက စိန်ခေါ် မှု တစ်ခုဖြစ်နေပါတယ်။ ကမ္ဘာဇဘဏ်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ လည်း မြန်မာနိုင်ငံမှာ မြေနေရာ ရရှိ ရေးဟာကြီးမားတဲ့ အခက်အခဲတစ် ခု ဖြစ်တယ်လို့ ထောက်ပြထားပါ တယ်။
အဲသည် အတားအဆီးတွေကို ဖြို ဖျက်ဖို့အတွက် သက်ဆိုင်ရာက အားထုတ် ပြီး သင်တင့်တဲ့ ဈေးနဲ့ ရအောင် စီမံနေပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးနေတဲ့ မြေ ယာပြဿနာတွေ ရှိနေပြီး လယ်ယာမြေနဲ့ မြို့ပြ စီမံကိန်း၊ စက်မှုဇုန်တွေနဲ့ ကျူးကျော်ပြဿနာတွေကလည်း ရှိနေပါတယ်။ အဲသည် မြေနေရာတွေေ ကြာင့် စီးပွားရေးရင်းနှီး မြှုပ်နှံမှုအပေါ် ရိုက်ခတ်မှုတွေရှိနေတယ်လို့ သိရပါ တယ်။
မြေနေရာငှားရမ်းခွင့်ရှိ
စီမံကိန်းတစ်ခု စတင်တာနဲ့ ယင်းနေရာက မြေတွေက အလိုလိုဈေးတက် လာမှာ မလွဲမသွေ ဖြစ်ပါတယ်။ ဒါကြောင့် ကွက်ကျော် မြင်သူတွေက မြေနေ ရာတွေကို လက်ဦးဝယ်ယူကြပါတယ်။
“အိမ်ရာ စီမံကိန်းနဲ့ စတင်မယ် ဆိုတာနဲ့ အဲဒီနေရာတွေမှာ မြေဈေးက အလိုလိုကို တက်လာပါတယ်၊ မူလက တန်ဖိုး သိန်း ၅၀ဝ လောက်ဆို သိန်း ၁၀ဝ၀ အထိတောင် ရှိသွားတယ်”လို့ အိမ်ခြံမြေ အကျိုးဆောင် ကိုသူရကြေ ပာပါတယ်။
ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြေနေရာ ငှားရမ်းခွင့် ရှိပါတယ်။ ပုဂ္ဂလိက မြေ၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနဲ့ နိုင်ငံတော် ပိုင်မြေ ဒါမှမ ဟုတ် အဆောက် အအုံတွေကို ငှားရမ်းအသုံးပြုနိုင်ပါတယ်။ြ မန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ခွင့်ပြုမိန့် ရတဲ့နေ့ကနေ နှစ် ပေါင်း ၅၀ အထိ ငှားရမ်းအသုံးပြုနိုင်ပါ တယ်။ သက်တမ်းတိုးခွင့် နှစ်ကြိမ် (တစ် ကြိမ်ကို ၁၀ နှစ် ) ထပ်မံတိုးမြှင့်နိုင်ခွင့်ရှိပါတယ်။
၂၀၁၆ ခုနှစ် နှစ်ဆန်း အစိုးရသစ်တက်လာချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု နည်းလာတာကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းကျခဲ့ပါတယ်။ ၂၀၁၇ မှာ အရောင်းအဝယ် ပြန်ကောင်းလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုဝင်ရောက်လာ ပါ တယ်။
မြေနေရာ ဖန်တီးပေးဖို့လို
အစိုးရက မြို့ပြနဲ့ စက်မှုစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေ တာ ကြောင့် မြေယာအသုံးပြုမှုပိုပြီး မြင့်လာမှာ ဖြစ်ပါတယ်။ အဲသည်အ တွက် ပေါ်ထွက်လာမယ့် မြေနေရာတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲဖြစ်တဲ့ မြေနေရာရရှိရေးအတားအဆီးကို ပြေလည်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုင်းနဲ့ပြည်နယ်က လုပ်ငန်းလုံးဝ အကောင်အထည်မဖော်တဲ့ စီမံကိန်ြးေ မနေရာတွေကို ပြန်သိမ်းယူမယ်လို့ အစိုးရက ပြောဆိုထားတာတွေကြောင့် အဲဒါတွေကို တစိုက်မတ်မတ် လုပ်ဆောင်မယ်ဆိုရင် ကုန်ထုတ်လုပ်ငန်း ရှင်ေ တွအတွက် မြေနေ ရာဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်˘လို့ အိမ်ခြံမြေအ ကျိုးဆောင်ဝါရင့်ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
ယနေ့အထိ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြေနေရာရှားပါးတဲ့အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ စက်မှုဇုန်တွေရှိ ဂို ဒေါင်ငှားစားသူတွေနဲ့ ဇုန်မြေပိုင်ရှင် ကြီးတွေ လက်ထဲမှာရှိတဲ့ အကွက်အကွင်းတွေကို ဦးထားနေရတယ်လို့ သိရ ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြေယာအခက် အခဲဖြေရှင်းပေးနိုင်အောင် တစိုက်မတ် မတ်လုပ်ဆောင်မယ်ဆိုရင် ပိုကောင်းလာနိုင်ကြောင်းသိရပါ တယ်။
Credit: The Kumudra