အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေ အဖွဲ့အစည်း (IFC) တွင် မြန်မာနိုင်ငံမှ ထည့်ဝင်ထား သည့် ငွေကြေး ကန်ဒေါ်လာ ၆၆၆,၀၀၀ ရှိကြောင်း အဆိုပါအ ဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အရာရှိကပြောသည်။
IFC သည် ကမ္ဘာ့ဘဏ်အဖွဲ့ ဝင် ငွေကြေးအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၁၈၉ နိုင်ငံမှ အစိုးရ များက ငွေကြေးစိုက်ထည့်ထားကာ ပုဂ္ဂလိက ကဏ္ဍများ သို့ ချေး ငွေထုတ်ပေးနေသည့် အဖွဲ့အ စည်းတစ်ခုဖြစ်သည်။
IFC သည်မြန်မာနိုင်ငံတွင် ၂၀၁၃ ၌ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး အ ထက်ပါ ငွေကြေးပမာဏသည် ထိုအချိန်က စတင်၍ ထည့်ဝင်ထားသောေ ငွကြေးဖြစ်ကြောင်း ယင်းအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အရာရှိ ဒေါ်ခင် သီ တာမော်ကပြောသည်။
‘‘အဖွဲ့ဝင်ကြေးအတွက် ထည့်ထားတာလို့ပြောရမယ်’’ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကကဏ္ဍ ချေးငွေထုတ်ချေးရန် ကမ္ဘာ့ဘဏ်က IFC ကို ၁၉၅၆ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်ကပင် မြန်မာနိုင်ငံက စတင်တည်ထောင် သည့် နိုင်ငံ အဖြစ် ပါဝင်ခြင်းဖြစ်သည်။ သို့ သော်ဆိုရှယ်လစ်ခေတ်တွင် ကမ္ဘာ့ ဘဏ်နှင့်မြန်မာအစိုးရ အဆက် အသွယ်ဖြတ်ခဲ့ပြီး ၁၉၈၈ တွင် ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို ချေးငွေဖြတ်တောက်ခဲ့သည်။
မြန်မာ့နိုင်ငံရေး အကူးအ ပြောင်း၌ ကမ္ဘာ့ဘဏ်က ၂၀၁၂ တွင် မြန်မာနိုင်ငံ သို့ ချေးငွေပြန် လည်ပေးအပ်ခဲ့ပြီး IFC က ၂၀၁၃ ၌ မြန်မာနိုင်ငံတွင် ချေးေ ငွများ ပြန်လည်စတင်ပေးအပ်ခဲ့သည်။
IFC သည် မြန်မာနိုင်ငံတွင် ၂၀၁၃ မှ ၂၀၁၇ အထိချေးငွေ ကန်ဒေါ်လာ တစ်ဘီလီယံထုတ်ချေးရန် ရည်မှန်းထားကြောင်း ဒေါ်ခင်သီတာမော် က ပြော သည်။ လက်ရှိ အချိန်ထိ IFC သည် လုပ်ငန်း စီမံကိန်း ၁၅ ခုကို ကန် ဒေါ်လာ သန်း ၅၀၀ ချေးထားပြီး အခြားမိတ်ဖက်အဖွဲ့အစည်းများကို ကန်ဒေါ်လာသန်း ၅၀၀ ကျော်စုစုပေါင်းကန်ဒေါ်လာ တစ်ဘီလီယံကျော် ချေးငွေ ထုတ်ပေး ထားကြောင်း ဒေါ်ခင်သီတာမော်က ဆက်လက်ပြောသည်။
ချေးငွေထုတ်ချေးသည့် အ ဖွဲ့အစည်းများတွင် စီးတီးမတ် ကုမ္ပဏီနှင့် အသေး စား အလတ် စားလုပ်ငန်းများကို ထုတ်ချေးရန် ရိုးမဘဏ်သို့ချေးငွေလည်း ပါဝင် ကြောင်း ၎င်းကပြောသည်။
ထို့အပြင် IFC သည် မြန်မာ့ သြဘာကုမ္ပဏီ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် Acleda ကုမ္ပဏီ အပါအဝင် အသေးစား ငွေရေးကြေးရေး ကုမ္ပဏီခြောက် ခုသို့ ချေးငွေများထုတ်ချေးထား သည်။
IFC ချေးငွေယူခြင်းသည် ငွေကြေးအပြင် နည်းပညာများပါ ကူညီ၍ ချေးငွေ အဆင်ပြေကြောင်း ရိုးမဘဏ်အရာရှိချုပ် ဦးဘမောင်ရှိန်ကပြောသည်။
Credit: 7DayDaily