ပြည်တွင်းရွှေဈေးကျပ် ၉ သိန်းကျော်အထိ အနည်းငယ်မြင့်
တက်လာနေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် အသင်း
တွေ တာဝန်ရှိသူတွေထံကသိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ရဲ့ ရန်ကုန်အခေါက်ရွှေတစ်ကျပ်သားကို
ကျပ် ၉ သိန်း ၂ ထောင်အထိပြန်လည်မြင့်တက်လာ ခဲ့တာ
ကြောင့် တစ်ပတ်အတွင်းကျပ် ၆ ထောင်ဝန်းကျင်ပြန်လည်မြင့်
တက်ခဲ့တာကို တွေ့ရပါတယ်။
တိတ်စိန်ရွှေဆိုင်ရှင်ဦးဇော်အောင်က “ ရွှေဈေးကဒီရက်ပိုင်း နည်းနည်းပြန်တက်တယ်၊ ဈေးတွေသာအတက်အ ကျဖြစ်
နေတာ အရောင်းအဝယ်တွေကတော့ သိတဲ့အတိုင်းပဲ၊ ဈေး
ကွက်ကအရမ်းအေးတယ်၊ အဓိကကမ္ဘာ့ဈေး တက်လာတာ ပဲ”လို့ပြောပါတယ်။
လက်ရှိကမ္ဘာ့ဈေးက လွန်ခဲ့တဲ့တစ်ပတ်ထက် ဒေါ်လာ ၂၀ ကျော်မြင့်တက်လာခဲ့လာခဲ့ပြီး အခုတစ်ပတ်ရဲ့ငွေဈေး အပြောင်းအလဲက ၁၃၅၀ ကျော်လောက်မှာသာ ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက
ခန့်မှန်းကြပါ တယ်။
ပြည်တွင်းရွှေဈေးက ကျပ် ၉ သိန်းဝန်းကျင်မှာ အတက်
အကျနဲ့ ခန့်မှန်းရခက်နေပြီး ဒေါ်လာဈေးနဲ့ကမ္ဘာ့ရွှေဈေး အပြောင်းအလဲကိုသာ စောင့်ကြည်နေရတယ်လို့ ရွှေလုပ်ငန်းရှင်ဦးမြင့်ကပြောဆိုထားပါတယ်။
Credit: SFJ Strategy First