မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်း ဧရိယာမှာရှိတဲ့ အိမ်ခြံမြေတွေဟာ အလားအလာကောင်းတွေ ပိုရှိနေပြီး လာမယ့်နှစ်တွေမှာ အိမ်ခြံမြေဈေး ကွက် ဖွံဖြိုးမှုမှာ ပိုပြီးတော့ ဦးဆောင်သွားဖွယ်ရှိမယ်လို့ သိရပါတယ်။
မန္တလေးမြို့ရဲ့ မြို့ပြဧရိယာဟာ မြို့ရဲ့ အရှေ့တောင်ဘက်ကို အကွက်အ ကွင်း အသစ်အဖြစ် ရွေ့လျားနေပါ တယ်။ လက်ရှိမှာ အကောင်အထည်ေ ဖ်ာနေတဲ့ အိမ်ခြံမြေ အဆောက်အအုံတွေ ပိုပြီး အားကောင်းလာတာကို တွေ့ ရှိရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။
အလားအလာကောင်းနေတဲ့ မြို့ရဲ့ အရှေ့တောင်ဘက် ဧရိယာဆိုတာ သိပ္ပံ လမ်းကနေ စတင်ပြီး တောင်ဘက် ပြည်ကြီးတံခွန် ဧရိယာတွင်းအထိ၊ အရှေ့ နဲ့အနောက်မှာ ၇၈ လမ်းကနေ ၄၈လမ်းပိုင်း အပိုင်းအခြားလောက် အထိ ဖြစ်ပါတယ်။ သည်ဧရိယာဝိုင်းအတွင်း အရှေ့ထိပ်နဲ့ အနောက်ထိပ်မှာ အကောင်အထည်ဖော်ပြီးတဲ့ စီမံ ကိန်းတွေ ပေါ်ထွက်လာပြီး ဖြစ်သလို ဆက်လက်ပေါ်ပေါက်လာမယ့် အစီအစဉ်သစ်တွေကလည်း အနာဂတ် အိမ်ခြံမြေ ဈေးကွက်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာပါတယ်။
သည်ဧရိယာအတွင်း အရှေ့နဲ့အနောက်သွယ်တန်းနေတဲ့ သိပ္ပံလမ်း၊ မနော် ဟရီလမ်း၊ သာယာဝတီမင်းကြီးလမ်း၊ မင်းကြီးရန်နောင်လမ်းတွေဟာ အားေ ကာင်းနေသလို တောင်မြောက်လမ်းတွေမှာ ဧရိယာအလယ်လောက်မှာ ရှိတဲ့ လမ်းတွေဟာလည်း ဖွံ့ဖြိုးမှု အားကောင်းလာပါတယ်။ တောင်မြောက် သွား လမ်းတွေမှာ အထူးသဖြင့် ၆၂ လမ်း၊ ၆၅ လမ်း၊ ၆၆ လမ်း၊ ၆၈ လမ်း၊ ၇၄ လမ်း၊ ၇၈ လမ်းတွေဟာ ပိုအားကောင်းလာဖို့ ရှိပြီး အိမ်ခြံမြေ ဈေး ကွက် အသစ်အဖြစ် ဦးတည်နေပါတယ်။
သည်အဝိုင်းအတွင်း အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာတွေထဲမှာ စာသင်ေ ကျာင်းတွေ၊ ဈေးတွေ၊ ဆေးရုံတွေ ပြည့်စုံပြီး ဖြစ်သလို မကြာခင်က ပေါ်ေ ပါက်လာပြီး ဖြစ်တဲ့ မြို့ပြဆိုင်ရာ အဆောက်အအုံတွေထဲမှာ တန်ဖိုးနည်း အိမ်ရာတွေ၊ ကွန်ဗင်းရှင်းစင်တာ၊ မင်္ဂလာမန္တလေးစီမံကိန်း စတာတွေ ရှိနေ ပါတယ်။ မြို့အရှေ့ပိုင်းက တန်ဖိုး နည်း အိမ်ရာ စီမံကိန်းတွေကြောင့် အရှေ့ ပိုင်းဧရိယာဟာ စည်ကားဖို့ အခွင့်အရေးပိုလာသလို မင်္ဂလာမန္တလေး စီ မံကိန်းကြောင့်လည်း မြို့အနောက်ဘက်ခြမ်းဟာ အိမ်ခြံမြေ ဈေးနှုန်းတွေ ပိုကောင်းလာပြန်ပါတယ်လို့ အိမ်ခြံ မြေ အကျိုးဆောင်တွေဆီက သိရပါတယ်။
လတ်တလောမှာ မြို့တောင်ဘက်ခြမ်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မန္တလေးစက်မှုထုတ်ကုန် ကုန်သွယ် ရေးစင်တာ စီမံကိန်းအတွင်းမှာ အိမ်ရာ စီမံကိန်းအသစ်တစ်ခုကို စပြီး အကောင်အထည်ဖော်နေတာကြောင့် မြို့အေ နာက်ဘက်ခြမ်းဟာ အိမ်ခြံမြေ ဈေးကွက်မှာ စိတ်ဝင်စားသူ ပိုလာဖွယ် ရှိပါတယ်။
Credit: The Kumudra