မွန်ပြည်နယ်တွင် အိမ်ခြံမြေဈေးကွက် တဖြည်းဖြည်းအေးစက်လာ

မွန်ပြည်နယ်တွင် အိမ်ခြံမြေဈေးကွက် တဖြည်းဖြည်းအေးစက်လာ - Property News in Myanmar from iMyanmarHouse.com
24 Jul 2017 11:54 am တွင် တင်ခဲ့သည်
1983 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ် တွင် အိမ်ခြံမြေဈေးကွက်အခြေအနေ မှာ ၂ဝ၁၆ ခုနှစ်မှစ၍ တဖြည်းဖြည်း အေးစက်လာရာမှ ၂ဝ၁၇ ခုနှစ်အတွင်း သိသိသာသာကျဆင်းလာပြီး မိုးရာသီ တွင် ၂ဝ ရာခိုင်နှုန်းအထိ ကျဆင်း လာခဲ့ကြောင်း မွန်ပြည်နယ်အိမ်ခြံမြေ အသင်းထံမှ သတင်းရရှိသည်။

''အရင်အခြေအနေတုန်းက အိမ်၊ မြေရောင်းမယ်ဆိုရင် ဆိုင်းဘုတ်တင်နေစရာမလိုဘူး။ ဝယ်မယ့်သူ တွေရောက်လာတယ်။ အခုဆိုရင် ဆိုင်းဘုတ်တင်ပြီးရောင်းနေတာ တောင် ဝယ်မယ့်သူတွေမလာဘူး။ လက်ရှိအခြေအနေအရ ကုန်သည် တွေကလည်း အရောင်းအဝယ်မဖြစ်ဘူး။ ဈေးကွက်ကျဆင်းလာတယ်။ အစိုးရရဲ့တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချတဲ့အချိန်ဆိုရင် ပိုဆိုးသွား နိုင်တယ်'' ဟု မွန်ပြည်နယ် အိမ်ခြံ မြေဝန်ဆောင်မှုအသင်းမှ ဘဏ္ဍာရေး မှူး ဦးထွန်းထွန်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဥယျာဉ် ခြံမြေများ၊ လယ်မြေများကိုအကွက် ရိုက်ရောင်းချမှုများအပြင် အစိုးရမှ တန်ဖိုးနည်းအိမ်ရာများတည် ဆောက်လာခြင်းတို့ကြောင့် အိမ်ခြံ မြေများကို ဆိုင်းဘုတ်တင်ရောင်းချ သော်လည်း ဝယ်သူမရှိ အရောင်းအ ဝယ်မဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီ လူးကျွန်း)မပြီးခင်က ကားလမ်းဘေး မြေတစ် ဧကကို ငွေကျပ်သိန်းပေါင်း ၃ဝဝ ဈေးဖြင့် အလုအယက်ဝယ်ယူ ကြသော်လည်း ယခုအခါ ထိုမြေ ကွက် ပေါက်ဈေးအရ ငွေကျပ်သိန်း ၂ဝဝ ဖြင့်ရောင်းချသော်လည်း ဝယ် သူမရှိတော့ကြောင်း ချောင်းဆုံမြို့ နယ်တွင် အိမ်မြေအရောင်းအဝယ် ပြုလုပ်သူ ဦးအောင်ဘက ပြောသည်။

မွန်ပြည်နယ်အစိုးရမှ ပြည် နယ်ရန်ပုံငွေဖြင့် ယခုဘဏ္ဍာရေးနှစ် အတွင်း မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင် တန်ဖိုးနည်းအိမ် ရာအပြင် ၁၆ ခန်းပါ လေးထပ်တိုက် ၁၆ လုံး အခန်းပေါင်း ၂၅၆ ခန်းကို တည်ဆောက်ပြီး ငွေကျပ်သိန်းနှစ် ရာအောက်ဖြင့် ပြည်သူများကိုရောင်း ချပေးသွားမည်ဖြစ်ကြောင်း ပြည် နယ်အစိုးရရုံးမှ သိရသည်။

Credit: DemocracyToday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service