စီးပွားရေးလုပ်ငန်းရှင်များ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ ရင်းနှီးမြှုပ်နှံ မှုကော်မတီ၏ အတည်ပြုမှုရ လျှင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံ စားနိုင်တော့မည်ဟု မကွေးတိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်း ရေး မှူး ဒေါက်တာထိန်လင်းအေး က ပြောသည်။
‘‘အမေရိကန်ဒေါ်လာ ငါး သန်း (ဒါမှမဟုတ်)မြန်မာငွေ ကျပ်သန်းခြောက်ေ ထာင်အောက် မှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ် ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ အတွက်ပါ။ အဲဒီလုပ်ငန်းရှင်တွေ အနေနဲ့ အမှန်တကယ် ရင်းနှီးလုပ် ကိုင်ေ နကြောင်းကို တိုင်းအဆင့် ကျွန်တော်တို့ ကော်မတီက အ တည်ပြုမိန့်ရရင် ဝင်ငွေခွန် ကင်း လွတ်ခွင့်ကို လျှောက်ထားခံစား ခွင့်ရမှာပါ’’ဟု ၎င်းကပြော ကြား သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရင်းနှီးမြှုပ်နှံမှုကော် မတီကို ဇူလိုင် ၇ ရက်တွင် ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်အတွက် ဖွဲ့စည်းခဲ့သည် ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ဖွဲ့စည်းခြင်း သည် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြစ် ပြီး ဒေသအလိုက် ဇုန်သုံးဇုန် သတ်မှတ်ထားကြောင်း ဖွံ့ဖြိုးမှု နည်းပါးသောဒေသများ၊ ဖွံ့ဖြိုးမှု အသင့်အတင့် ရှိသောဒေသများ နှင့်ဖွံ့ ဖြိုး မှု ကောင်းသောဒေသ များဟူ၍ဖြစ်ကြောင်း ဒေါက်တာထိန်လင်းအေးက ရှင်းပြသည်။
‘‘ဇုန်(၁)နဲ့(၂)ဒသမှာပါတဲ့ လုပ်ငန်းရှင်တွေကို အဓိက ရည်ရွယ်ပါတယ်။ ဇုန် (၁)မှာပါ ဝင်နေတဲ့ လုပ်ငန်းရှင်ဆိုလို့ရှိရင် ကျွန်တော်တို့ ကော်မတီရဲ့ အ တည်ပြုမှု၊ အတည်ပြုမိန့်ရရင် ခုနစ်နှစ်ဝင်ငွေခွန် ကင်းလွတ်ခွင့် လျှောက် ထားနိုင်မှာဖြစ်ပါတယ်။ ဇုန်(၂)မှာပါတဲ့ လုပ်ငန်းရှင်တွေ ကျတော့ ငါးနှစ်ဝင်ေ ငွခွန် ကင်း လွတ်ခွင့်ရမှာပါ’’ဟု ၎င်းကရှင်းပြ သည်။
မကွေးတိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုကော်မတီရုံးကို ဇူလိုင် ၇ ရက်တွင် မေ ကွးမြို့ရုံးပေါင်းစုံ ဝင်းအတွင်း ဖွင့်လှစ်ခဲ့ပြီး တစ်နေ့ လျှင် စီးပွားရေးလုပ်ငန်း ရှင်နှစ် ဦး၊ သုံးဦး လာရောက်စုံစမ်းမှုရှိနေကြောင်း၊ ပခုက္ကူ၊ မကွေးနှင့် ရေ နံ ချောင်းမြို့နယ်တို့တွင် လုပ်ငန်း ရှင်များအား ဖိတ်ကြား၍ တွေ့ ဆုံ ရှင်း လင်းမှုများ လုပ်ဆောင်နေကြောင်း ကော်မတီ ဝန်ထမ်းတစ်ဦးက ပြောသည်။
‘‘ဒီကော်မတီဖွဲ့လိုက်တယ် ဆိုတာကို လုပ်ငန်းရှင်တော်တော် များများက မသိသေးပါဘူး။ ဒီ ကော်မတီကနေ ဘာတွေလုပ် ဆောင်ပေးမယ်၊ လုပ်ငန်း ရှင်တွေ အတွက် ဘယ်လိုအကျိုးကျေးဇူး တွေရလာမယ်ဆိုတာကို ကျွန် တော် ကိုယ်တိုင်လည်း မသိသေး ပါဘူး’’ဟု ကန်တော်လေးဆောက် လုပ်ရေး ကုမ္ပဏီမှ ဦးမိုးခိုင်စိုးက ပြောသည်။
မကွေးတိုင်းတွင် ဇုန်(၁) ဖွံ့ ဖြိုးမှုနည်းပါးသော ဒေသများ အဖြစ် ချောက်၊ မြို့သစ်၊ နတ် မောက်၊ စေတုတ္တရာ၊ ကံမ၊ မင်း တုန်း၊ ဆင်ပေါင်ဝဲ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်းနှင့် ဆောမြို့နယ်တို့ကို သတ်မှတ် ထားသည်။
ဇုန်(၂)ဖွံ့ဖြိုးမှု အသင့် အတင့်ရှိသော ဒေသများအဖြစ် မကွေး၊ ရေနံေ ချာင်း ၊ တောင် တွင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ သရက်၊ မင်းလှ၊ အောင်လံ၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့ကို သတ်မှတ်ထားကြောင်း မကွေး တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ စာရင်းများအရ သိရသည်။
Credit: 7DayDaily