ကမ္ဘာကျော်ဂန္ထဝင်ပေါ့ပ်အဆိုတော်ကြီး လီယိုနယ်ရစ်ချီ၏ နေအိမ် ကန်ဒေါ်လာ သန်း ၇၀ နီးပါးဖြင့် အရောင်းဈေးကွက်ရောက်ရှိ

ကမ္ဘာကျော်ဂန္ထဝင်ပေါ့ပ်အဆိုတော်ကြီး လီယိုနယ်ရစ်ချီ၏ နေအိမ် ကန်ဒေါ်လာ သန်း ၇၀ နီးပါးဖြင့် အရောင်းဈေးကွက်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Jul 2017 11:38 am တွင် တင်ခဲ့သည်
1125 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ဂန္ထဝင်ပေါ့ပ်အဆိုတော်ကြီး လီယိုနယ်ရစ်ချီသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်နှင့် နီဗားဒါးပြည်နယ်အကြား၊ တာဟိုးရေကန်ကြီးအနီးတွင် တည်ရှိသော သူ၏နေအိမ်ကို ကန်ဒေါ်လာ ၆၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခြံဝန်းအကျယ်မှာ ၁၂၉ ဧကအထိ ကျယ်ဝန်းပြီး ဧည့်ဂေဟာအဆောက်အအုံများ၊ စပါးကျီများ ပါဝင်ကာ ဝီလျံရှိတ်စပီးယား၏ ဇာတ်ကောင်များဖြစ်သော ဂျူးလိယက်၊ ရိုမီယို၊ လီယာဘုရင်ကြီး အစရှိသော အမည်များ ပေးထားသည်ဟု ဆိုသည်။

ယခုအရောင်းတင်သော ဈေးနှုန်းအရ ယင်းဒေသတစ်ခွင်တွင် တန်ဖိုးအကြီးမားဆုံးနေအိမ်အဖြစ် စံချိန်တင်သွားခဲ့သည်။
အဆိုပါနေအိမ်ခြံဝန်းကြီးကို လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

ထိုနေအိမ်ကို နှစ်ပေါင်းများစွာပိုင်ဆိုင်ထားသည့် ပိုင်ရှင်များဖြစ်သော လာရီနှင့် ကင်မီလီ ရူဗိုတို့က ယခုခြံဝန်းကြီး၏ အစိတ်အပိုင်း ၆ ခုအနက် ၂ ခုကို ချန်လှပ်ကာ အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

“ခြံဝန်းကြီးရဲ့ တချို့အစိတ်အပိုင်းတွေကို ချန်လှပ်ပြီး ကွဲပြားခြားနားတဲ့ ရွေးချယ်မှုရနိုင်အောင် ကျွန်တော်တို့ ဖန်တီးပေးခဲ့ကြပါတယ်” ဟု အရောင်းဈေးကွက်တင်သည့် Oliver Luxury Real Estate မှ အကျိုးဆောင် ကလော်ဒီယာ သွမ်ပ်ဆင်က ပြောကြားသည်။

ပိုင်ရှင်အနေဖြင့် ကျန်သည့် မြေအစိတ်အပိုင်းများကိုလည်း ရောင်းချရန် တံခါးဖွင့်ထားကြောင်း သွမ်ပ်ဆင်က ဆိုသည်။

နေအိမ်အတွင်း indoor ရေကန်တစ်ခု၊ အိပ်ခန်း ၁၅ ခန်းနှင့် ရေချိုးခန်း ၁၆ ခန်းပါဝင်ပြီး ခြံဝန်းအတွင်းတွင် မြင်းဇောင်းများ၊ ဟင်းသီးဟင်းရွက်ဥယျာဉ်များ၊ မွေးမြူရေးခြံဝန်းများ ပါဝင်သည်။

ခြံဝန်းအတွင်းပါဝင်သော အဆောက်အအုံများအနက်တစ်ခုဖြစ်သည့် စပါးကျီမှာ စတုရန်းပေ ၅၁၁၁ ပေကျယ်ဝန်းပြီး ၁၈၇၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်သည်ပင် လာရောက်လည်ပတ်ခဲ့ဖူးသည်ဟု ဆိုသည်။

လီယိုနယ်ရစ်ချီသည် အမေရိကန်အဆိုတော်တစ်ဦးဖြစ်ပြီး ၁၉၄၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် မွေးဖွားသည်။
"We Are the World" သီချင်းကို မိုက်ကယ်ဂျက်ဆင်နှင့် ပူးတွဲရေးသားခဲ့ပြီး အဆိုပါဆင်ဂယ်အယ်လ်ဘမ်မှာ ကမ္ဘာတစ်ဝန်းတွင် ချပ်ရေသန်း ၂၀ ကျော် ရောင်းချခဲ့ရသည်။

ရစ်ချီ၏ တေးအယ်လ်ဘမ်များမှာ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းချပ်ရေ သန်း ၁၀၀ ကျော်ရောင်းချခဲ့ရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံး တေးသံရှင်စာရင်းတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်လျက်ရှိသည်။

လီယိုနယ်ရစ်ချီ၏ တေးသီချင်းများစွာကို မြန်မာနိုင်ငံတွင်လည်း ပြန်လည်သီဆိုခဲ့ကြပြီး ထင်ရှားသည့် သီချင်းတစ်ပုဒ်မှာ “ရေစီးကြောင်း သံယောဇဉ်” ဖြစ်ကာ သူ၏ stuck on you ကို ပြန်လည်သီဆိုထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ဂန္ထဝင်ပေါ့ပ်အဆိုတော်ကြီး လီယိုနယ်ရစ်ချီ၏ နေအိမ် ကန်ဒေါ်လာ သန်း ၇၀ နီးပါးဖြင့် အရောင်းဈေးကွက်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂန္ထဝင်ပေါ့ပ်အဆိုတော်ကြီး လီယိုနယ်ရစ်ချီ၏ နေအိမ် ကန်ဒေါ်လာ သန်း ၇၀ နီးပါးဖြင့် အရောင်းဈေးကွက်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Infinity@111Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service