မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေသစ် ပြင်ဆင်ပြဋ္ဌာန်းပြီးပါက စတော့ အိတ်ချိန်း ဈေးကွက်တွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ချေးငွေသက်သေခံလက်မှတ်လုပ်ငန်း ကြီး ကြပ် ရေးကော်မရှင်(SECM) အဖွဲ့ဝင် ဦးဌေးချွန်က ဇူလိုင် ၁၉ ရက်၌ ပြော ဆိုသည်။
''မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေသစ် ပြဋ္ဌာန်းပြီးရင် စတော့ဈေးကွက် မှာ နိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးသွားဖို့ရှိပါတယ်။နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပါဝင်မှလည်းပဲ စတော့ဈေးကွက် တိုးတက်လာမယ်။ ဒီလိုလုပ် တဲ့ နေရာမှာလည်း ကျွန်တော်တို့ ဂရုစိုက်ရမှာက နိုင်ငံခြားသား ချည်း ပဲ ဈေးကွက်တစ်ခုလုံးခြယ် လှယ်လွှမ်းမိုးသွားမှာကိုပဲ။ ဒီဘောင်အတွင်း မှာ လုပ်ဆောင်သွားဖို့ရှိပါတယ်'' ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေသစ်မှာ လက်ရှိတွင် ဥပဒေမူကြမ်း ထွက် ရှိပြီးဖြစ်၍ ယခုနှစ်အတွင်း ပြဋ္ဌာန်းသွားနိုင်မည်ဟုမျှော် မှန်းထားကြောင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှသိရပြီး လက်ရှိကျင့်သုံးနေ သည့် ၁၉၁၄ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေတွင် မြန်မာနိုင်ငံသား ရာနှု န်းပြည့်ပိုင် ဆိုင်မှုကို မြန်မာကုမ္ပဏီဟု သတ်မှတ်ထားခြင်း ကြောင့် စတော့ အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ များ ပါဝင်ခွင့်မရှိသေးပေ။
သို့သော် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းခန့်ပါဝင်သော် လည်း မြန်မာကုမ္ပဏီ အဖြစ် သတ်မှတ်ဆောင်ရွက်ရန် ဥပဒေသစ်တွင် ထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။
''Capital Market Development ကိစ္စမှာ ဥပဒေက နှစ်ခု ပတ်သက်နေ တယ်။ မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေနဲ့ Securities Exchange Law (ငွေေ ကြးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးဥပဒေ) နှစ်ခု ပတ်သက်ေ နတယ်။ ဘာလဲဆိုတော့ Public ကုမ္ပဏီ တွေကထုတ်လုပ်တဲ့ရှယ်ယာတွေ စတော့အိတ် ချိန်းမှာ ရောင်းကြတယ်။ လက်ရှိမြန်မာနိုင်ငံ ကုမ္ပဏီများ အက် ဥပဒေမှာကျတော့လည်း နိုင်ငံခြားသားပါဝင်ခွင့် ခွင့်မပြုဘူး။ နိုင်ငံခြားသား တစ်စုပါရင် နိုင်ငံခြားကုမ္ပဏီဖြစ်သွားတယ်။ အဲဒီတော့ အများပိုင်ကုမ္ပဏီ မှာ နိုင်ငံခြားသား သည် ပါလို့မရသေးဘူး။ အဲဒါကြောင့် စာရင်းဝင် ကုမ္ပဏီေ တွမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ခွင့်မပြုနိုင်သေးဘူး။ ဥပဒေသစ်ထဲမှာေ တာ့ နိုင်ငံခြားသားပါဝင်ခွင့်ကို အတိုင်းအတာတစ်ခု အထိ ခွင့်ပြုပေးဖို့ရှိ တယ်။ ဒီတော့မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေသစ် ပြင်ဆင်ပြဋ္ဌာန်း ပြီးရင် စတော့အိတ်ချိန်းဈေးကွက်မှာ နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံခွင့်ပြုပေးသွား ဖို့လုပ်မယ်'' ဟု ဦးဌေးချွန်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးေ က်ာမရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့က စတော့အိတ်ချိန်း ဈေးကွက် တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ပါဝင်နိုင်ရေးအတွက် စနစ်တစ်ခု တည်ဆောက် နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၌ လက်ရှိတွင် ပထမပုဂ္ဂလိကဘဏ် လီမိတက် (FMI)၊ (MTSH) သီလဝါအထူးစီးပွားဇုန်အများပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံ သားများဘဏ်(MCB)နှင့် ပထမ ပုဂ္ဂလိကဘဏ်(FPB)တို့သည် စာရင်းဝင် ကုမ္ပဏီများအဖြစ် ရှယ်ယာများအရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။
ယင်းသို့ နိုင်ငံသားများကိုသာ စတော့အိတ် ချိန်း ဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ် ခွင့်ပြုနေမည်ဆိုပါက ရေရှည်တွင် အရောင်းအ ဝယ် ဖွံ့ဖြိုး မှုနှေးကွေးနိုင်ခြင်းကြောင့် အတွေ့ အကြုံ၊ ငွေကြေး၊ နည်းပညာများရှိ သည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများ အတိုင်းအတာတစ်ခု အထိ ပါဝင်ခွင့်ပြု လိုက်ခြင်းဖြင့် ဈေးကွက်ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။
Credit: Myanmar Time