တရုတ်၏ "ကောင်းကင်ရထား" စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်နေ

တရုတ်၏ "ကောင်းကင်ရထား" စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်နေ - Property News in Myanmar from iMyanmarHouse.com
24 Jul 2017 11:04 am တွင် တင်ခဲ့သည်
1436 ကြိမ် ကြည့်ရှု့ပြီး
နောက်ဆုံးပေါ် အမြဲတမ်းသံလိုက်မော်တာနည်းပညာကို အသုံးပြုထားသည့်
တရုတ်၏ အမြန်ဆုံးသော ဝေဟင်ရထားလမ်းစနစ်အား နိုင်ငံအရှေ့ပိုင်း
ရှန်သုန်ပြည်နယ် ချင့်သောင်မြို့တွင် စမ်းသပ်ပြေးဆွဲမှုများကို ဇူလိုင် ၂၀ မှစတင်ကာပြုလုပ်နေသည်။ စမ်းသပ်ပြေးဆွဲမှု ပြီးဆုံးမည့်ရက်ကိုမူ မသိရသေးပေ။

"ကောင်းကင်ရထား" ဟု အမည်ပြောင်ခေါ်ဆိုကြသည့် မြှင့်တင်ထားသော
၎င်းတစ်လမ်းသွားရထားသည် ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သည့်
'ဆောက်လုပ်ပြီးစစမ်းသပ်မှုအဆင့်' ကတည်းက စံချိန်တင်ခဲ့ပြီးဖြစ်သည်။

ဝေဟင်တွင်ချိတ်ဆွဲထားသော ယင်းရထားသည် ပုံမှန်မြေအောက်ရထားများထက်သုံးဆနီးပါး သာလွန်စွာ စွမ်းဆောင်နိုင်သည်ဟု အင်ဂျင်နီယာများက ဆိုသည်။

၎င်း၏ အလေးချိန်ပေါ့ပါးမှု၊ အတော်အတန်မြန်ဆန်သောနှုန်း၊ ယာဉ်ကြောပိတ်ဆို့မှုကို အလယ်အလတ်အဆင့်လျှော့ချနိုင်
မှုနှင့် စရိတ်သက်သာသောပို့ဆောင်ရေးစနစ်
တို့ကြောင့် အဓိကမြို့ကြီးများ၊ တောင်တန်းဒေသများနှင့် ရှုခင်းကောင်းသောဒေသများတွင် ဈေးကွက်လိုအပ်မှုကြီးမားနိုင်သည်။

CPRC Qingdao Sifang Co. Ltd က ဆောက်လုပ်သည့် ယင်းဝေဟင်ချိတ်ဆွဲရထားသည် တွဲသုံးတွဲမှ ငါးတွဲအတွင်း ခရီးသည် ၅၁၀ ဦးအထိ သယ်ဆောင်နိုင်မည်ဖြစ်ကာ
အမြန်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၇၀ နှုန်းဖြင့် ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

မတ်စောက်ကြမ်းတမ်းသော တောင်းတန်းဒေသများတွင် ယင်းကောင်းကင်ရထားသည် ခရီးသည်များအား ဘေးကင်းပြီး သက်သောင့်သက်သာစီးနင်းစေနိုင်မည်
ဖြစ်ကြောင်း ၎င်းစီမံကိန်း၏ နည်းပညာဒါရိုက်တာ လျိုယုဝိန်က ပြောကြားခဲ့သည်။

ယင်းမြှင့်တင်ထားသောရထားလမ်းကွန်ယက်များသည် ဆောက်လုပ်ရန်နှင့်
ပြုပြင်ထိန်းသိမ်းရန်စရိတ်စကနှင့် ဆောက်လုပ်ချိန်လည်း ပုံမှန်မြေအောက်ရထားလမ်းကွန်ယက်များထက် ပိုမိုသက်သာကြောင်း သိရသည်။

ယခုအခါတရုတ်သည် ဂျာမနီနှင့် ဂျပန်ပြီးလျှင် ဤနည်းပညာကို ဖော်ဆောင်နိုင်သည့်
ကမ္ဘာ့တတိယမြောက်နိုင်ငံ ဖြစ်သည်။ ဂျာမနီတွင် ယင်းရထားလမ်းစနစ်ကို ၁၉၀၁ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တိုင် ပြေးဆွဲနေဆဲ ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
တရုတ်၏ "ကောင်းကင်ရထား" စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်နေ - Property News in Myanmar from iMyanmarHouse.com
တရုတ်၏ "ကောင်းကင်ရထား" စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်နေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service