မိုးရာသီကာလခရီးသွားမြှင့်တင်ရေးတွက် ဟိုတယ်အခန်းခဈေး
များကို စက်တင်ဘာအထိ လျော့ချထားမယ်လို့ ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။
မိုးရာသီခရီးသွားမြှင့်ရေးအတွက် Green Season
Promotion အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး
ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ၊ ငပလီ၊ ငွေဆောင်၊
ချောင်းသာ စသည့် ခရီးစဉ်ဒေသများမှာ ဆောင်ရွက်နေပါတယ်။
Green Season ကို ဇွန်၊ ဇူလိုင်၊ သြဂုတ်၊
စက်တင်ဘာအထိ သတ်မှတ်ထားရာ အဆိုပါဒေသများမှ ဟိုတယ်
အခန်းခဈေးနှုန်းများကို လျော့ချထားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို တနှစ်ပတ်လုံး ခရီးသွားလာနိုင်သော
ခရီးစဉ်ဒေသ (Year-round Tourist Destination) အဖြစ်
ဆောင်ရွက်ရေးအတွက် ကနဦး အစီအစဉ် တစ်ရပ်အနေနဲ့
Green Season Tour ကို စတင်ဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပါတယ်။
Green Season Promotion အတွက် ဟိုတယ်၊
စားသောက်ဆိုင်၊ သွားလာစရိတ်များစတဲ့ ခရီးစရိတ်များ
လျော့ချဆောင်ရွက်သွားဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
Green Season ကာလအတွင်း ဟိုတယ်အခန်းခဈေးနှုန်း
များလျော့ချဝန်ဆောင်မှုပေးမယ့် ဟိုတယ်များစာရင်းကို
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက
ထုတ်ပြန်ထားပါတယ်။
Credit: SFJ Strategy First