ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီြး မှုပ်နှံမှု ကန်ဒေါ် လာသန်း ၄၀၀ ကျော်ဝင်ရောက်ခဲ့ သော်လည်း လက်ရှိ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လကုန်အထိ ခရီးသွား လုပ်ငန်း၌ မည်သည့်လုပ်ငန်းမျှ ဝင်ရောက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ထုတ်ပြန်သောစာရင်းများ အရသိရသည်။
‘‘အရင်ကဟိုတယ်တွေဝင် ထားတာရှိတယ်။ ဟိုတယ်တွေအ တွက် လက်ထဲ မှာ စစ်ဆေးနေတာ တွေရှိတယ်။ အချက်အလက်တွေ စစ်ဆေးနေတာရှိ တယ်’’ ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကပြောသည်။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက် ခြင်းသည် ခရီး သွားလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်ေ နဆဲဖြစ်ကြောင်း ဦးအေးလွင်ကပြောသည်။
ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းတွင် ယခုဘဏ္ဍာနှစ်ဧပြီမှ ဇွန် လအတွင်း နိုင်ငံ သား ရင်းနှီးမြှုပ်နှံမှု၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလေးခုက စုစုပေါင်း ကန် ဒေါ်လာ ၃ ဒသမ ၅ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။
မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ၂၀၁၇ ဇွန်လအ ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုစုစုပေါင်းကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော် ရှိသည်။
ယခုဘဏ္ဍာနှစ်သုံးလ အ တွင်း ဟိုတယ်နှင့် ခရီးသွား လုပ် ငန်းကဏ္ဍနည်းတူ၊ လျှပ်စစ်၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း များတွင်လည်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိခဲ့ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်သုံး လကျော်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ကန်ဒေါ် လာ သုံးဘီလီယံကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ခြောက်ဘီလီယံ ဝင်ရောက်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ကခန့်မှန်းထားသည်။
Credit: 7DayDaily