ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ရ လွယ်ကူမှု စာရင်း သုံးနှစ်အတွင်း အဆင့် ၁ဝဝ ထဲဝင်ရန် ကြိုးပမ်းမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေပြော

ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ရ လွယ်ကူမှု စာရင်း သုံးနှစ်အတွင်း အဆင့် ၁ဝဝ ထဲဝင်ရန် ကြိုးပမ်းမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေပြော - Property News in Myanmar from iMyanmarHouse.com
24 Jul 2017 10:15 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ရလွယ်ကူမှု (Ease of Doing Business)စာရင်းအဆင့် ၁ဝဝ အတွင်းဝင်ရန် သုံးနှစ်အတွင်း ကြိုး ပမ်းသွားမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။ ၂ဝ၁၆ ခုနှစ် အတွက် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရလွယ်ကူမှု စာရင်းတွင် မြန်မာနိုင် ငံ သည် အဆင့် ၁၇ဝ တွင် ရပ်တည်နေကြောင်းသိရသည်။

''ကျွန်တော်တို့နိုင်ငံက လက်ရှိမှာ Doing Business အဆင့်မှာ ၁၇ဝ ဆိုတာ က နည်းနည်းများနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်မှန်းချက်ထားပြီး တော့ ကြိုးစားရပါမယ်။ သုံးနှစ် လောက်အတွင်းမှာ တစ် ရာအောက်ကို ရောက်အောင်ကြိုးစားမယ်ဆိုပြီး ကျွန်တော်တို့ ရည်မှန်း ချက် ထားပြီး ကြိုးစားနေပါတယ်။ တကယ်ကြိုးစားမယ်ဆိုရင်ရနိုင်မယ့် အနေအ ထား ရှိပါတယ်။ အကုန်လုံးက တက်ညီလက်ညီ ဘက်စုံထောင့်စုံကနေ ဝိုင်း ဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်'' ဟု ဒုတိယသမ္မတက ပြောသည်။ ဇူလိုင် ၂ဝ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ အဋ္ဌမအကြိမ်မြောက်ေ တွ့ဆုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။

ကမ္ဘာ့ဘဏ်၏စီးပွားရေးလုပ်ရလွယ်ကူမှုစာရင်းကို စီးပွားရေး လုပ်ငန်းတစ်ခု ကို စတင်ခြင်း၊ လုပ်ငန်းစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ အကြွေးမ ဆပ်နိုင်မှုဖြေရှင်းခြင်း၊ မြေယာမှတ်ပုံတင်ခြင်း၊ လျှပ်စစ်ရရှိခြင်း၊ နယ်စပ်ဖြတ်ေ ကျာ်ကုန်သွယ်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ဆောင်ခြင်း၊ ချေးငွေရယူခြင်း၊ ဆောက်လုပ်ရေးခွင့်ပြုချက်ဆိုင်ရာများဆောင်ရွက်ခြင်း စသည့်အချက် ၁ဝ ချက်ပေါ်တွင်အခြေခံပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည် စိုးက ''နိုင်ငံပေါင်း ၁၉ဝ မှာ ၂ဝ၁၆ တုန်းက ကျွန်တော်တို့က အဆင့် ၁၇ဝ မှာရှိပါတယ်။ ဒီဟာကို သုံးနှစ်အတွင်း အဆင့် ၁ဝဝ အတွင်းဝင်ဖို့ဆိုတာ ဒီဟာကို အဓိကတိုင်းတာတဲ့ အချက် ၁ဝ ချက်ကို ကောင်းမွန်အောင်လုပ်မယ် ဆို အဆင့် ၁ဝဝ အတွင်းကတော့ ဝင်လာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအခါ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဆွဲ ဆောင်နိုင်မှာဖြစ်ပါတယ်''ဟု ယင်း နေ့ေ တွ့ဆုံပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service